Archive

Archive for September, 2007

OS တစ်ခုထဲမှာ OS နောက်တစ်ခု Run လို့ရတဲ့ Microsoft Virtual PC

September 28th, 2007

Microsoft Virtual PC က VMWare လိုပဲ Virtualization နည်းပြညာ ကို အသုံးပြုထားပြီး Windows Operation System တစ်ခုပေါ်မှာ Virutally နည်းအရ နောက်ထပ် OS တစ်ခု ကို Run လို့ရအောင် ပြုလုပ်ပေးနိုင်တဲ့ Tools တစ်ခုပါ။ Virtual PC က ဘာ အားသာချက်ရှိလဲ ဆိုတော့ OS နှစ်ခုကို တစ်ခုနဲ့ တစ်ခု အရှုပ်အထွေးမရှိ (not affect) မဖြစ်ပဲ တပြိုင်ထဲမှာ သုံးလို့ရတာပါပဲ။ ဥပမာ အနေနဲ့ပြောရရင် – အခု ကျွန်တော်က Windows Vista ပေါ်မှာ IIS 7 နဲ့ ASP.NET Web Application တွေရေး ပါတယ်။ Ruby On Rails ဆိုတာကိုစမ်းချင်တယ်ဆိုရင် Apache Web Server ကိုတင် ရမယ် နောက်ပြီး MySQL လဲတင်ရမယ် ဒါဆို IIS ဒါမှမဟုတ် Apache မှာ port ကို သွားပြီး ပြောင်းပေးရပါမယ်။ အဲဒီလို မပြောင်းချင်လို့ Virtual PC ကို Microsoft ကနေ Free Download လုပ်ပြီး Windows XP ကို install လုပ်ထားလိုက်တဲ့ အခါ အဆင်ပြေသွားပါတယ်။

နောက်နေ့မှာ Virtual PC နဲ့ Windows XP ဘယ်လို တင်ရလဲ ဆိုတာကို ရေးပြီးတင်ပါမယ်။

Download Microsoft Virtual PC

Author: Rapster88 Categories: OS, Technology Tags:

ကိုးနှစ်ပြည့်တဲ့ Google

September 28th, 2007

အင်တာနက်သုံးသူတိုင်း ပထမဦးဆုံးဖွင့်တဲ့ Page, Browser တိုင်း နီးပါးရဲ့ Default Homepage တစ်ခုခုရှာလိုသူတိုင်းရဲ့ အစွမ်း ထက် Search Engine ၊ အလွန်လျှင်မြန်တဲ့ Gmail ရဲ့ ဖခင် ၊ ရှင်း လင်းရိုး သားပြီး ကြော်ညာလုံးဝ မပါတဲ့ Google Talk ကိုတီထွင်တဲ့ Googleဟာ သက်တမ်း ၉ နှစ်ကိုပြည့်ခဲ့ ပါပြီ။ ၁၉၉၈ ခုနှစ် စက်တင်ဘာ လ မှ စတင်ခဲ့တာ ဖြစ်ပြီး တည်ထောင်ခဲ့သူ၂ ဦးက တော့ တကယ့် အင်တာ နက် ဆရာကြီးများဖြစ်တဲ့ Larry Page နဲ့ Sergey Brin တို့ပဲဖြစ်ပါ တယ်။ Google Domain ကို စက်တင်ဘာ ၁၅ ရက် ၁၉၉၇ ခုနှစ်မှာ စပြီးဝယ်ယူခဲ့ပါတယ်။ Google လို့ အမည်မတွင် ခင် အရင်နာမည်က “BackRub”ပါ။ ဒီလိုနဲ့ တဖြည်း ဖြည်း နှစ်တွေကြာ တိုးတက်လာပြီး အခုဆိုရင်တော့ အင်တာနက်သုံး သူတိုင်း သိတဲ့ Google အဖြစ်ကိုရောက်ရှိနေပါပြီ။ နောက်လဲ အမြဲကို တိုးတက်အောင်မြင်နေမယ့် Happy Birthday Google!!!

- Google ရဲ့ 1998 က မြင်ကွင်း
- More about Google on Wiki
- More about Google on Google

Author: Rapster88 Categories: Google, News Tags:

Microsoft Learning Second Shot

September 26th, 2007

Microsoft Exams ဖြေမယ့် သူတွေအတွက် သတင်းကောင်းပါ။ Microsoft ရဲ့ မပေးတာ ကြာပြီဖြစ်တဲ့ Second Shot ပြန်လာပါပြီ။ လွန်ခဲ့တဲ့ နှစ် Microsoft ရဲ့ Exam တွေ အသစ်ထွက် ခဲ့ ပြီးကတည်းက ပျောက်ကွယ်နေတဲ့ Second Shot ပါ။ Second Shot ဆိုတာ Microsoft ရဲ့ဘယ်စာမေးပွဲမှာ မဆို ဖြေလို့ ပထမ အကြိမ်မှာ ကျရှူံးခဲ့ရင် နောက်ထပ် စာမေးပွဲကြေး ပေးသွင်း စရာမလိုပဲ နဲ့ နောက်တစ်ကြိမ် အလကား ထပ်ဖြေခွင့် ရမယ့် အခွင့်အရေးပါ။ စာမေးပွဲ ဖြေမယ့် သူအတွက် တကယ်ကို ကောင်းတဲ့ အခွင့်အရေးပါ။

အခုအချိန်မှာ မဖြေသေးဘူးဆိုရင်တောင် Register လုပ်ထား သင့်ပါတယ်။ ဘာလို့လဲဆိုတော့Voucher က January 1 ရက် 2008 ခုနှစ် အထိ သက်တမ်းရှိပါတယ်။ ကိုယ်ဖြေမယ့် အခါExam Center မှာ Register လုပ်ရင်တော့ Voucher က Code ကို ထည့်ရေးပေးလိုက်ပါ။လက်ရှိ အနေနဲ့ ရန်ကုန်မှာ Prometric Exam Center ၂ ခုရှိပါတယ်။ ပထမ တစ်ခုက Global Net ဖြစ်ပြီး နောက်တစ်ခုက Myanmar Inspiration တို့ဖြစ်ပါတယ်။ နှစ်ခုစလုံး Myanmar InfoTech ထဲမှာ ရှိပါတယ်။

- Microsoft
- Prometric

Author: Rapster88 Categories: News Tags:

Blog မှ ခဏ အနားယူမယ်

September 25th, 2007

ပြည်တွင်းမှာ ရှုပ်ထွေးနေတဲ့ အခြေအနေများကြောင့် Bagan Cyber Teleport ကနေ Blogger ကို Ban လုပ်လိုက်ပါ တယ်။ MPT connection မှာတော့ ၀င်လို့ ရနေပါတယ်။ ဒီအတွက် ဒီရက်ပိုင်း ကျွန်တော် Blogging ခဏ ရပ်ပါမယ်။

Update: အဆင်ပြေရင် ပြေသလို ရေးသွားပါမယ်။ အရင်ကလောက်တော့ Post တက်တာ မမြန် နိုင်တော့ဘူး။ တစ်နေ့ တစ်ခုလောက်တော့ တင်နိုင်မယ် ထင်ပါတယ်။

Author: Rapster88 Categories: Announcement, Blog Tags:

Hello world!

September 25th, 2007

Welcome to WordPress.com. This is your first post. Edit or delete it and start blogging!

Author: Rapster88 Categories: Uncategorized Tags:

Gmail 2.0 ??

September 24th, 2007

Google System ဆိုတဲ့ Google Products တွေ အကြောင်းကို အမြဲစောင့်ကြည့် နေတဲ့ Blog ရဲ့ ရေးသားချက်အရ Gmail က Version အသစ် 2.0 ကို ထုတ်တော့မှာလား ဆိုတာပါ။ 2.0 မှာ ဘာတွေ အသစ် ပါနိုင်လဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပေမယ့် ဖြစ်နိုင်တာက New Interface (Design အသစ်) နဲ့ Offline feature ဖြစ်ဖို့များ ပါတယ်။ Offline feature ဆိုတာ Google ရဲ့ Technology အသစ် ဖြစ်ပြီး Google ရဲ့ Offline Technology နဲ့ တည်ဆောက်ထားတဲ့ web applications (website) တွေကို internet connection မရှိပဲနဲ့ offline မှာ အလုပ်လုပ် နိုင်အောင် ပြုလုပ်ထားတဲ့ Technology ပါ။ အခုအချိန်မှာတော့ အဲဒီ Offline Technology ကို အသုံးချထားတာက Google Reader ပါ။ RSS Feeds တွေကို offline ထဲမှာ ကြည့်လို့ရပါတယ်။

Offline Technology ကိုရှင်းတာနဲ့ လမ်းကြောင်း လွဲသွားတယ်။ Gmail 2.0 မှာ Offline ကို ဘယ်လို အသုံးချနိုင်လဲ ဆိုတော့ ကျွန်တော်တို့ရဲ့ Inbox ထဲက နောက်ပြီး Chat history ထဲက စာတွေ Contact book ထဲက contact’s mail address တွေကို အင်တာနက် ကွန်နက်ရှင် ရှိစရာ မလိုပဲ offline မှာ ကြည့်နိုင်မှာပါ။ Email တွေကိုလဲ ရိုက်ထားနိုင်ပြီး Online ပြန်ရောက်ရင် ပို့လိုက်ရုံပါပဲ။

နောက်ထပ် feature အသစ်တွေ လဲထပ်ပါ နိုင်မှာပါ။ Google ရဲ့အကြောင်းကိုလဲ သိကြတယ်မှလား
;)

Author: Rapster88 Categories: Google Tags:

Speed up file browsing in Vista

September 24th, 2007

Vista စပြီး သုံးခါစကတော့ Windows တွေ ကို minimize n maximize လုပ်ရင် ကြည့်လို့ကောင်းပါတယ်။ နောက်ပိုင်း သုံးတာကြာလာတဲ့ အခါ အဲဒီ aero effect က file browsing ကို အချိန်နှေးစေတယ်ဆိုတာကို သိလာ တယ်။ ဘယ်လို ပိတ်မလဲ?? Read below

၁။ Windows Key + R နှိပ်ပြီး Run တက်လာရင် SystemPropertiesPerformance လို့
ရိုက်ထည့် ပြီး Enter ခေါက်လိုက်ပါ။
၂။ Performance Options ဆိုတာ တက်လာရင် Visual Effects Tab ထဲမှာ “Animiate windows
when minizing and maximizing” ဆိုတာကို un-check လုပ်လိုက်ပြီး OK နှိပ်လိုက်ရုံ ပါပဲ။


source: Tweak Vista

Author: Rapster88 Categories: OS, Tips Tricks and Tweaks Tags:

Create direct shortcut to Network Connections in Vista

September 24th, 2007

Windows Vista ရဲ့စိတ်ညစ်စရာ များထဲက တစ်ခုကတော့ Network Connections ကို Manage လုပ်ဖို့အတွက် Windows XP မှာလို တိုက်ရိုက် သွားလို့မရပဲ Network and Sharing Center ဆိုတာကြီးကို ဖြတ်ပြီးတော့မှ ၀င်လို့ရတယ်။ IP Address တွေ Gateway တွေ ခဏခဏ ပြောင်းတတ်တဲ့လူတွေ အတွက်(Advance Users) ဆိုရင် စိတ်ညစ် စရာပါ။ ကျွန်တော်လဲ စိတ်ညစ်လို့ရှာကြည့်တော့ ဒီလိုလုပ်လို့ရတယ် ဆိုတာကိုတွေ့တယ်။ အောက်မှာ ဖတ်ပါ ;)

၁။ Desktop ပေါ်မှာ Right Click > New > Shortcut လုပ်ပါ။
၂။ explorer.exe ::{7007ACC7-3202-11D1-AAD2-00805FC1270E} ကိုကူးပြီး ထည့်။
၃။ Next နှိပ် Network Connections လို့နာမည်ပေးလိုက်။ ဒါဆိုရင် Desktop ပေါ်မှာ ShortCut
ပေါ်လာပါပြီ။ အဲဒါကိုမှ Quick Lunch ထဲကို ဆွဲထည့်ထားလိုက်ရင် တော်တော်ကိုအဆင်ပြေပြီ။

source: Tweak Vista

Author: Rapster88 Categories: OS, Tips Tricks and Tweaks Tags:

Funny Pics

September 24th, 2007

အင်တာနက်ပေါ်ကနေ တွေ့ထားတဲ့ ဟာသ ပုံအချို့ပါ။

ဒါကတော့ ကျွန်တော့်ပုံ :P

source: keznews

Author: Rapster88 Categories: Fun Tags:

Image hosting with bigger file size

September 24th, 2007

Image host တော်တော်များများက file size limitation ကို 2 Mb လောက်ပဲ ပေးတတ်ကြတယ်။ Post Image ကတော့ file size ကို 4Mb အထိပေးထားတယ်။ .gif, .jpg, .png, .bmp file format တွေကို ပေးတင်ပါတယ်။ TOU (Terms of use) ကတော့ ဒီလိုပါ

What cannot be uploaded to PostImage.org servers:
- Copyrighted images if you don’t own copyright for it
- Violence, racial intolerance, or advocate against any individual, group, or organization
- Any other images that might be considered illegal in USA or EU countries