သရဲ

October 31st, 2007

အမှန်အတိုင်း ၀န်ခံရရင်တော့ Halloween ကို သိပ်ပြီးမခံစားတတ်ဘူး။ ကျွန်တော်တို့ မြန်မာ့ဓလေ့ မဟုတ်လို့ပါ။ ဒါပေမယ့်လည်း နောက်ပိုင်းကတော့ ယဉ်ကျေးမှုတွေ ကူးစက်ကြတာလာတော့ ဟောလိုးဝင်းကလည်း ပျော်ပွဲရွှင်ပွဲတစ်ခုဖြစ်လာပဲ။ ကျွန်တော်အခုပြောချင်တာက အဲဒီအကြောင်းမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကြုံဖူးတဲ့ အတွေ့အကြုံလေးပါ။ ကျွန်တော်နဲ့ နီးစပ်တဲ့ သူငယ်ချင်းတွေကိုတော့ ပြောပြခဲ့ဖူးပါတယ်။

ဖြစ်ပုံကဒီလို… ကျွန်တော် ဆယ်တန်းဖြေပြီးကာစ အချိန်ပေါ့.. Internet ကလည်း Unlimited ပေးနေတုန်းပဲဆိုတော့ ညဖက်ပိုင်းတွေမှာ အသည်းအသန်ကို သုံးတာပေါ့။ ညတိုင်းလိုလို ည ၁၂ ခွဲ ၁ နာရီ လောက်မှ အိပ်တာ (အခုတော့ ဒီထက်နောက်ကျတယ်.. :P )။ တစ်ရက်.. အင်တာနက်သုံးနေရင်း အိပ်ချင်လို့အိပ်မယ်လုပ်တော့ ည ၁၂ ခွဲကျော်နေပြီ။ ကွန်ပြူတာကိုပိတ် အိမ်အနောက်ဖက်က ရေချိုးခန်းမှာ မျက်နှာသစ် သွားတိုက်လုပ်တာပေါ့ ပြီးတော့ အိမ်ရှေ့ပိုင်းကိုပြန်လာတယ်.. ကျွန်တော်တို့ အိမ်က အိမ်ရှေ့နဲ့ အိမ်အနောက်ဖက်ကို ညဖက်ဆိုရင် တံခါးပိတ်ထားလေ့ရှိတော့ ကျွန်တော်ကိုယ်တိုင် သေချာကို အဲဒီတံခါးကို ပိတ်ထားခဲ့တယ်။ မီးအားမြှင့်စက်ကိုကျတော့ အိမ်ရှေ့အပြင်ဖက် ၀ရံတာမှာထားတော့ အပြင်ထွက်ပြီး မီးအားချတယ် ပြီးတော့ ဧည့်ခန်းထဲလဲ ပြန်ဝင်လာရော…. ခုနကလေးတင် ကျွန်တော်ပိတ်ခဲ့တဲ့ တံခါးက ပွင့်နေတယ်.. ဒါပေမယ့် မီးတွေကလဲ အားလုံးပိတ်ထားတော့ သိပ်မမြင်ရဘူး.. မျက်မှန်ကလည်း ချွတ်ထားတော့…ဒါနဲ့ သေချာအောင်လို့ အရှေ့နည်းနည်း တိုးပြီးကြည့်လိုက်တော့ တံခါးပွင့်နေတာ လုံးဝသေချာတဲ့အပြင် တံခါးနားမှာ ဖြူဖြူကြီးတစ်ခု လှုပ်နေတာ.. I was totally shocked! လုံးဝပဲ..ဆံပင်တွေပါထောင်တက်လာတယ်… ငါတော့ သရဲအခြောက်ခံရပြီဆိုပြီးတော့.. နှလုံးခုန်လည်း ချက်ချင်းကို မြန်တက်လာတယ်.. ဒါပေမယ့် ဘာလို့ လူက ဆက်ပြီး အရှေ့ကို တိုးနေလည်း မသိဘူး။ နောက်ထပ် ၃ လှမ်းလောက်လဲ လှမ်းမိရော ကျွန်တော်စကားပြောသံ တစ်ခုကို ပီပီသသ ကြားလိုက်ရတယ်……

“သား.. မအိပ်သေးဘူးလား” တဲ့… အောင်မလေး.. ကျွန်တော့် အမေဖြစ်နေတာကိုး.. :D အမေက ညဖက်ဝတ်တဲ့ ဂါဝန်အရှည်အဖြူရောင်ကြီး ၀တ်ပြီး ထလာတာ…. ဟားဟား..အဲဒီတော့မှပဲ ကျွန်တော်လဲ လန့်တာ ပျောက်သွားတော့တယ်…

Similar Posts:

Author: Rapster88 Categories: Myself, Special Events Tags:
  1. No comments yet.
  1. No trackbacks yet.