Archive

Archive for November, 2007

Easily Download n Convert Youtube videos..!!

November 28th, 2007

လွန်ခဲ့တဲ့ ရက်ပိုင်းအနည်းငယ်က YouTube ကို Ban ထားရင် ဘယ်လို Bypass ပြီးကြည့်လို့ရလဲ ဆိုတာကို ရေးခဲ့ပါတယ်။ ဒီတစ်ခါကတော့ ကိုယ်ကြိုက်တဲ့ YouTube က Video တွေကို ဘယ်လို Download လုပ်မလဲဆိုတဲ့ နည်းပါ။ YouTube က Video တွေကို Download လို့ရတဲ့ နည်းတွေ အများကြီးရှိပါတယ်။ အဲဒါတွေထဲ ဒီတစ်ခုက ပိုပြီး လွယ်လို့ပါ။

Media Converter ဆိုတဲ့ Web Service ပါ။ YouTube က Movie တွေကို Download လုပ်လို့ရတဲ့အပြင် .flv format ကနေ .avi ကိုပါ တစ်ခါတည်း on the fly convert လို့ရပါတယ်။ ဒီတော့ FLV Player or VLC Player တွေ ရှိစရာမလိုတော့ဘူးပေါ့။ Convert လုပ်တာကလဲ အရမ်းမြန်ပြီး Download link ကိုလဲ download manager တွေနဲ့ ဆွဲလို့ရပါတယ်။ အဲဒါတွေအားလုံးကို FREE ပေးပါတယ်။ လှူချင်တယ်ဆိုရင်တော့ ဒီ Service အတွက် Bandwidth Exceed ဖြစ်တာကို ကုန်ကျငွေ ကို PayPal ကနေ လှူလို့ရပါတယ်။ ကိုယ့်စက်ထဲမှာ ရှိပြီးသား Movie တွေကိုလဲ Upload တင်ပြီး Online Convert လုပ်လို့ရပါသေးတယ်။

၁။ “Convert a file directly from youtube.com” ကိုရွေးလိုက်ပါ။
၂။ Youtube link ထည့်လိုက်ပါ။ ဒါကို ဖတ်ပြီး IP နဲ့ဝင်ထားတယ်ဆိုရင်တော့ IP နေရာမှာ www.youtube.com လို့ ပြန်ထည့်ပေးလိုက်ပါ။
၃။ “Select a video file type” မှာ ကိုယ်ပြောင်းချင်တဲ့ Video format ကိုပြောင်းလိုက်ပါ။
၎။ “Set Additonal Options:” မှာတော့ ဘာမှ မပြောင်းပဲ next သွားလို့ရပါတယ်။
၅။ Convert လုပ်နေတာကို ထိုင်စောင့်ပြီး “Download it now” ပေါ်လာရင် Download ဆွဲလိုက်ရုံပါပဲ။

Visit Media Converter

Author: Rapster88 Categories: Useful Websites Tags:

MPT ကလဲ Blog တွေကို Ban လိုက်ပြီ..!!

November 27th, 2007

MPT က တစ်ချို့သော Blog တွေကိုပဲ Ban ထားပြီး ကျန်တာတွေကို ပြန်ဖွင့်လိုက်ပါပြီ။ (Update: 10th Dec 07)

ဘယ်နေ့က အတိအကျ Ban လိုက်တယ်ဆိုတာ သေချာမသိရပေမယ့် ဒီရက်ပိုင်းအတွင်းမှာပဲ ဖြစ်သွားတာပါ။ MPT ရဲ့ ပုံမှန် Ban ရင် တက်လာတဲ့ “STOP” ဆိုတဲ့ Page မဟုတ်ပဲ “The URL you requested has been blocked.” ဆိုပြီး တက်လာမှာပါ။ ဒါနဲ့အတူ “blogspot.com” ကိုလဲ ban လိုက်ပြီး blogger.com ကတော့ ၀င်လို့ရနေပါသေးတယ်။ Domain ပြောင်းထားတဲ့ Blog တွေကတော့ ဒီပြဿနာကနေ လွတ်ကင်းနေပါတယ်။

Update: ဒီမနက်ကပဲ(၂၇.၁၁.၀၇) Ban လိုက်တယ်လို့ ထပ်သိရပါတယ်။

Author: Rapster88 Categories: News Tags:

How to uninstall Universal Customizer from U3 Drives and Restore Launch Pad back to Original?

November 23rd, 2007

Below is the simple steps if your U3 Drive was messed up by Universal Customizer. My U3 Drive is “Toshiba” and Universal Customizer mounted/changed the brand to “San Disk” and Uninstall from San Disk’s U3 Launch Pad won’t work. So I took a few risky testings :P but I was able to restore my U3 Launch Pad to Toshiba successfullly. Okie let’s cut the crap and straight to the point.

1) You’ll need a PC with Windows XP (Universal Customizer won’t work on Vista)
2) Download this .ISO file (This ISO is only for Toshiba and I extracted from Toshiba U3 Updater)
3)Extract the “Dummy.iso” and “U3CUSTOM.iso” files to Universal Customizer folder (C:\Universal_Customizer\BIN)
4) Run the “Universal_Customizer”
5) It’ll restore your U3 Launch Pad to original Toshiba U3 Launch Pad. That’s All!

Note> For other brands (such as, Kingston, SanDisk, TwinMos)
- Download the latest U3 Updater from their official sites
- Extract the Updater with WinRAR or WinZip
- Check if there is a folder named “bin” that contains two ISO files (“Dummy.iso” and “LaunchPad.iso”)
- Rename “LauchPad.iso” to “U3CUSTOM.iso”
- Replace “Dummy.iso” and “U3CUSTOM.iso” to Universal Customizer folder (C:\Universal_Customizer\BIN)
- Run the “Universal_Customizer” and that should restore your u3.

Author: Rapster88 Categories: Tips Tricks and Tweaks Tags:

Bagan Firewall ကို အလွယ်တကူ Bypass လုပ်ပြီး YouTube ကို ကြည့်မယ်

November 22nd, 2007

Ultra Surf, Your Freedom တို့ မသုံးပဲ Bypass လုပ်တဲ့နည်းပါ။

၁။ Start > Run > Type “cmd” and press enter
၂။ type “nslookup www.youtube.com” then press enter

၃။ ထွက်လာတဲ့ IP (ဥပမာ၊ ) ကို Browser ထဲက Address Bar ထဲမှာ ထည့်ပြီး Enter ခေါက်လိုက်ရင် YouTube ကို ရောက်သွားပါပြီ။ easy rite? :)

မှတ်ချက်။ MPT Firewall သုံးတဲ့ သူတွေလဲ အဲဒီလို လုပ်လို့ရပါတယ်။ YouTube တစ်ခုတည်း မဟုတ်ပါဘူး။ Unique IP ရှိတဲ့ Website တွေတော်တော်များများကို Ban ထားရင် ဒီလိုနည်းနဲ့ Bypass လုပ်လို့ရပါတယ်။ nslookup ကနေ ထွက်လာတဲ့ IP ကိုခေါ်လို့မှ ကိုယ်သွားချင်တဲ့ Site ကိုမရောက်ဘူးဆိုရင် အဲဒီ Site က Unique IP မရှိပဲ Shared IP နဲ့ဖြစ်နေလို့ပါ။ ချွင်းချက်အနေနဲ့ Google ရဲ့ Service (Blogger,Gmail, etc) အချို့ကို ဒီနည်းနဲ့ ၀င်လို့မရပါဘူး။ YouTube ကတော့ Google ရဲ့ Service တစ်ခုဖြစ်ပေမယ့် ဒီလိုဝင်လို့ရပါတယ်။ အဲ..နောက်ပြီး nslookup ခေါ်ချင်ရင် Bagan ရဲ့ Name Server တွေဖြစ်တဲ့ 203.81.71.69 (Primary) နဲ့ 203.81.71.73 (Secondary) ကို TCP/IP ရဲ့ DNS မှာထည့်ထားပေးရမှာ ဖြစ်ပါတယ်။ MPT အတွက်ကတော့ 203.81.64.19 (Primary) နဲ့ 203.81.64.20 (Secondary) ပါ။

Author: Rapster88 Categories: Tips Tricks and Tweaks Tags:

What is DoS Attack?

November 22nd, 2007

DoS Attack ဆိုတာ website တစ်ခုရှိတဲ့ webserver တစ်ခုရဲ့ ခံနိုင်တဲ့ request ထက်ကျော်တဲ့ request တွေ အများကြီးကို တစ်ပြိုင်တည်း request လုပ်လိုက်တဲ့ အခါမှာ webserver က လေးသွားပြီးတော့ နောက်ဆုံးမှာ ရပ်သွားအောင်လုပ်တာပါ။ request ဆိုတာ ကျွန်တော်တို့ browser ကနေ website တစ်ခုရဲ့ address ကို ရိုက်ထည့်လိုက်တဲ့ အခါ ကျွန်တော်တို့ဆီက request က အဲဒီ website ဆီကို တက်သွားပါတယ် ဒီတော့မှ website က လိုအပ်တဲ့ processing တွေလုပ်ပြီး respond ပြန်လိုက်ရင် ကျွန်တော်တို့ဆီမှာ webpage ကိုမြင်ရတာပါ။

ဥပမာအားဖြင့် – ABC ဆိုတဲ့ webserver ပေါ်က xyz.com ဆိုတဲ့ site က request က 500 ထိတပြိုင်ထဲ လက်ခံနိုင်တယ် ဆိုရင် attack လုပ်တဲ့သူက “bot” လို့ခေါ်ကြတဲ့ software ကိုသုံးပြီးတော့ request 600 လောက်ကို စက္ကန့်တိုင်း စက္ကန့်တိုင်းဆက်တိုက်ပို့ ပေးလိုက်တဲ့အခါ webserver က requst တွေကို တန်းစီပြီး တော့ တစ်ခုချင်းဆီ အလှည့်ကျ process လုပ်ပေးပါတယ် ဒါပေမယ့် request တွေက တဖြည်းဖြည်း အရမ်းများလာတဲ့ အခါကျတော့ request တွေစုပြုံလာပြီး webserver ရဲ့ Memory usage တွေတက် CPU Usage တွေ တက်လာပြီး Webserver လည်း နှေးရင်းနှေးရင်း နောက်ဆုံး ရပ်သွားပါတော့တယ်။

Dos ဘာလို့ လုပ်ရလဲဆိုတာကို ပိုပြီးနားလည်ရ လွယ်အောင် ကျွန်တော်ရဲ့ ဆရာ ကိုဝင်းထိန်ဝင်း ပြောပြဖူးတဲ့ ဥပမာလေးကို ပြန်ပြောပြပါမယ်။

ဆရာက ရှင်းပြပါတယ်။ DoS Attack ဆိုတာ ဈေးမှာ အိမ်သာ လုပ်ငန်း ပြိုင်ဖက်တွေလိုပဲတဲ့။ ဥပမာ.. ဈေးတစ်ခုမှာ အိမ်သာ Service ပေးတဲ့ မောင်ဖြူနဲ့ မောင်မဲဆိုတဲ့ Service Provider ၂ ယောက်ရှိတယ်ထားပါတော့။ ၂ ယောက်လုံးမှာက အိမ်သာ ၅ လုံးစီရှိကြတယ်။ ၂ ယောက်လုံးကလဲ Service အတူတူပေးကြတယ်။ တစ်ယောက်နဲ့ တစ်ယောက် မသာကြဘူးဆိုပါတော့။ ဒီတော့ လူတွေကလည်း ကြုံတဲ့ ဖက်ကို ပဲဝင်အားပေးလိုက်ကြတာပေါ့။ ဒီတော့ မောင်မဲက စဉ်းစားတယ်။ မောင်ဖြူ့ဖက်ကို လူမ၀င်ပဲ သူ့ဖက်ကိုပဲ လူတွေ အားလုံး လာကြရအောင် ဘယ်လိုလုပ်ရမလဲပေါ့။ လူမိုက်ငှားပြီး ဟိုဖက်ကို သွားရိုက်ခိုင်းလို့လဲမရ ဥပဒေနဲ့ လဲညီရမယ် မောင်ဖြူလဲ စီးပွားပျက်ရမယ်ဆိုပြီး အကြံကြီးကြံရော။ အကြံလဲရရော ချက်ချင်းကို အကောင်အထည်ဖေါ်လိုက်တော့တယ်။

ဘယ်လို အကောင်အထည်ဖေါ်လဲဆိုတော့ ဈေးအနီးနားမှာ ရှိတဲ့ ၁၀၉/ ၁၁၀ အလုပ်လက်မဲ့ ၅ ယောက်ကို တစ်နေ့ကို ၅၀ ပေးပြီး မောင်ဖြူရဲ့ အိမ်သာတွေကို မနက်ကတည်းကနေ ညနေအထိ သွားပြီး တက်ခိုင်းထားတာပါ။ ဒီတော့ လာသမျှလူတွေကလဲ မောင်ဖြူဆီမှာ မစောင့်နိုင်တော့ မောင်မဲရဲ့ Service ကို လာပြီးသုံးရတော့ မောင်မည်းက အမြတ်ကြမ်းကြမ်းရနေတာပေါ့။ ဒီလိုနဲ့ မောင်ဖြူကလဲ မောင်မဲရဲ့ အကြံအစဉ်တွေကို ရိပ်မိသွားတော့ အဲဒီ တစ်နေကုန် လာထိုင်နေတဲ့ ၅ ကောင်ကို အထဲက ဆွဲထုတ်ပြီး နောက်သူ့ Service ကို ဘယ်တော့မှ မသုံးရဆိုပြီး မောင်းထုတ်လိုက်တာပေါ့။ ဒါကို မောင်မဲကလည်း အငြိမ်မခံပဲ နောက်ထပ် လူတွေ ငှားပြီးတော့ ဟိုဖက်ကို တက်ခိုင်းပြန်တယ်။ မောင်ဖြူကလဲ သိသွားတာနဲ့ ဆွဲထုတ်တာပဲ။

DoS Attack ဟာ အဲဒီလို လုပ်သွားတာပါ။ တစ်ဖက်လူရဲ့ Service ကို လူမ၀င်အောင်.. ကိုယ့်ဖက်ကို လူဝင်များအောင် လုပ်တဲ့သဘောပါ။ မောင်ဖြူက လူတွေကို ဆွဲထုတ်သလို Attack လုပ်ခံရတဲ့ Website ရဲ့ Webmaster တွေကလည်း Attack လာတဲ့ IP တွေကို Ban ပစ်ပါတယ်။ ဒီလိုပဲ Attack လုပ်တဲ့သူကလည်း တတ်နိုင်သလောက် Attack IP တွေကို အမျိုးမျိုးပြောင်းပြီး တိုက်သွားတာပါ။

More on Wikipedia

Author: Rapster88 Categories: Knowledge Tags:

တကယ်မိုက်တဲ့ ဂေါ်ဒိုင် ဒေါ့ ကွန်း (Gawdi.com)

November 22nd, 2007

“ဟာ..သယ်ရင်း.. မင်းရဲ့ site က တယ်လန်းနေပါလား.. Design ပိုင်းလဲ လန်ထွက်နေတာပဲ..” လို့ လူငယ်တွေ ပြောတာကို နားမလည်ဘူးဆိုရင် ဂေါ်ဒိုင် ကိုသွားဖို့ လိုအပ်ပါတယ်။ ဂေါ်ဒိုင်ဆိုတာ မြန်မာ လူငယ်တွေ Web 2.0 ပုံစံ လုပ်ထားတဲ့ Site တစ်ခုပါ။ အခုခေတ် လူငယ် အချင်းချင်း သုံးနေတဲ့ ဗန်းစကားလို့ ခေါ်တဲ့ စကားလုံး စာစုတွေကို စုစည်းဖော်ပြထားပြီး ကိုယ်ကိုတိုင်လည်း စကားလုံး အသစ်တွေကို ထည့်သွင်းလို့ရပြီး ရှိပြီးသား ဗန်းစကားတွေကို Vote လုပ်ခွင့်နဲ့ အဓိပ္ပာယ် ထပ်မံ ဖွင့်ဆိုခွင့် (ဒါမှမဟုတ် ပြုပြင်ခွင့်) တွေပေး ထားတဲ့ website ပါ။

မြန်မာလို “၀င်းအင်းဝ” ဖောန့်ကို သုံးထားပြီး Search လုပ်လို့ရသလို မြန်မာလို မရိုက်တတ်ရင်လဲ Burglish လို Search ခွင့်နဲ့ Burglish လို ထည့်ထားတဲ့ ဗန်းစကားတွေကို မြန်မာလို ပြန်ပြောင်းဖို့ အကြံ ပေးလို့လဲရပါတယ်။ လက်ရှိ ဗန်းစကားတွေ အတော်များများကို စုံလင်အောင် ထည့်ထားပေးပါတယ်။ ဒါပေမယ့် သတိပေးချင်တာက တစ်ချို့သော ဗန်းစကားတွေက ယောင်္ကျားလေး အချင်း ချင်း သုံးတဲ့ စကားလုံးတွေ ဖြစ်တဲ့အတွက် အများအမြင်မှာ အတော်ကို ရိုင်းသလို ဖြစ်သွားနိုင်ပါတယ်။ မျက်စိရှက်တတ်တဲ့သူတွေ သတိထားပြီး ၀င်သင့်ပါတယ်။

ဂေါ်ဒိုင်ရဲ့ ရည်ရွယ်ချက်က တစ်ချိန်ချိန်မှာ ပျောက်ဆုံးသွားမယ့် ဗန်းစကားတွေကို မပျောက်အောင်လို့ တစ်နေရာမှာ စုစည်းထားပေးတဲ့သဘောပါ။

Author: Rapster88 Categories: Useful Websites Tags:

This.Analyze("Rapster88") သို့မဟုတ် ငါ ဘာကောင်လဲ?? + ဘူးဒူး

November 22nd, 2007

ဟိုးအရင်ကတည်းက တက်ခ်(Tag) ထားတဲ့ ကိုတေဇာ ရဲ့ Tag ကို ရေးမယ်ရေးမယ်နဲ့ နေ့ရွှေ့ ညရွှေ့ လုပ်လိုက်တာ အခုတော့ ကို Zero Trash ကလဲ Tag ပြန်တော့ ၂ ခုပေါင်းပြီး တစ်ခါ တည်း Reply ပြန်လိုက်ပါတယ်။

ကို Zero Trash ရဲ့ Tag က တော့ ငါ..ဘာကောင်လဲ? ဆိုတဲ့ Tag ပါ။ ကိုတေဇာကတော့ ကိုယ့်ပုံကို ပြန်ဆွဲခိုင်းတာပါ။

ဒီနေရာမှာ တောင်းပန်ချင်တာက ကျွန်တော်က ကျွန်တော်ရဲ့ Personal အကြောင်းတွေကို Blog (Also online) မှာ အသေး စိတ်ဖေါ်ပြလိုစိတ် မရှိတဲ့အတွက် အခြား ဘလော့ဂါတွေ ရေးသလိုတော့ ဖတ်လို့စုံမယ် မထင်ပါဘူး။ ကဲစပြီ…

ပုံပန်းသဏ္ဍန်

- အရပ်ရှည်တယ်
- ပိန်တယ် ( Appeton Weight Gain ကြော်ညာထဲက ပုံနဲ့တူတယ်)
- မျက်မှန်အမြဲတပ်တယ် ( ၉ တန်းတုန်းက Game အရမ်းကစားလို့ မျက်စိ မှုန်သွားတာ)

စိတ်နေစိတ်ထား

- များသောအားဖြင့် သဘောကောင်းတယ်
- တော်ရုံ စိတ်မဆိုးတတ်ဘူး ဒါပေမယ့် စိတ်ဆိုးရင် ဒေါသကြီးတယ်
- မသိတဲ့လူတွေနဲ့ တွေ့ရင် စကားနည်းတယ်
- မျက်နှာထား ခပ်တည်တည် နေတတ်တယ် (အိမ်မှာဆိုရင်တော့ မဟုတ်ဘူး)

အထွေထွေ

- ဦးဏှောက် နည်းနည်း ပျက်နေတယ်။ (ငယ်ငယ်တုန်းက ကျောင်းမှာ ခေါင်းကို ခဏခဏ ခပ်ပျင်းပျင်း အတီးခံလို့ လို့ ထင်တာပဲ)
- Monitor ပေါ်မှာ Icon မလိုတဲ့ Icon တွေ တစ်ခုမှ မထားဘူး။
- အချိန်တိုင်း လိုလို အိပ်ငိုက်နေတတ်တယ်။
- စိတ်ခံစားချက်ပေါ်မှာ မူတည်ပြီး သီချင်း အမျိုးစုံ နားထောင်တယ်။
- Internet ထဲမှာ လိုက်မွှေနေရတာကို သိပ် ၀ါသနာ ထုံတယ်။

တွေးကြည့်ပြီး ထွက်လာတာတွေကို ပြန်စိစစ်လိုက်ပြီး ရေးထားတာပါ။ အောက်မှာ ဆွဲထားတဲ့ ပုံကတော့ ကျွန်တော်နဲ့ ဆံပင်က လွဲလို့ တော်တော်များများ တူပါတယ်။ ဒီပုံကို အပင်ပန်းခံ ပြီး ၂ ခါတောင် ဆွဲပေးတဲ့ Piyo Piyo ကိုလည်း ကျေးဇူး အကြီးကြီး တင်ပါတယ် :) ။ ဖိနပ်နားမှာ ရေးထားတဲ့ စာက “This is my scholl” ပါ။ ကျွန်တော်ရဲ့ ဖိနပ်ပြဿနာကို ဖတ်ချင်ရင် ဒီမှာ နဲ့ ဒီမှာ ဖတ်လို့ရပါတယ်။

ကဲ.. Tag အကြွေးတွေတော့ ရှင်းသွားပါပြီ။ စိတ်ထဲမှာ အခုမှပဲ ပေါ့သွားပါတော့တယ်။ (မဟုတ်ရင် ကို ZeroTrash က နေ့တိုင်း အိမ်စာ လာလာစစ်နေတာ။)

Author: Rapster88 Categories: Myself, Tag Games Tags:

Problem with New Header Image

November 20th, 2007

ခုနကလေးတင်ပဲ Header Image တစ်ခုကို Photoshop နဲ့လုပ်ပြီး တင်ထားတာ ပြဿနာ နည်းနည်းရှိနေပါတယ် (အောက်ကပုံကိုကြည့်ပါ။) အပေါ်က Navigation Bar နဲ့ ပုံကြားထဲမှာ နေရာလွတ်တစ်ခု ဖြစ်နေတာကို ဖျောက်လို့ မတတ်လို့ပါ။ တတ်ကျွမ်းတဲ့သူများ ရှိရင် တစ်ချက်လောက် ကူညီပေးကြပါ :(

Author: Rapster88 Categories: Blog Tags:

How to avoid Rapidshare download limit easily??!

November 20th, 2007

Yes, I mean “easily” and this method is only for Bagan Cybertech Users.

တစ်ခါတစ်လေ အရေးကြီးတဲ့အခါမှ Rapidshare က Free download limit ပြည့်နေလို့ 1mb တောင် မပြည့်တဲ့ file ကို download လို့ မရပဲ အချိန်အကြာကြီး ထပ်စောင့်ခိုင်းတာမျိုး ဖြစ်ဖူးကြမှာပါ။ ဘာလို့ အဲဒီလို ဖြစ်လဲဆိုတော့ Rapidshare က Free download လုပ်ရင် IP နဲ့ Log လုပ်တတ်ပါတယ်။ IP တစ်ခုက တစ်ကြိမ်မှာ file တစ်ဖိုင်ကိုပဲ download လုပ်ခွင့်ပေးတာပါ။ ကိုယ်က download မလုပ်ရသေးပဲ Rapidshare က စောင့်ခိုင်းနေတဲ့သဘောက Bagan Cyber Tech က Proxy Server ကိုသုံးပြီး Outbound IP တွေကို Share သဘောမျိုးနဲ့ လုပ်ထားလို့ပါ။ ဒီတော့ တစ်ခြားတစ်ယောက်နဲ့ ကိုယ်က ပြည်တွင်း IP မတူပေမယ့် ပြည်ပ IP တူနေတော့ သူက download လုပ်ရင် ကိုယ်က လုပ်မရဖြစ်တာပါ။

ဒါပေမယ့် အဲဒီ Bagan Cyber Tech ရဲ့ Proxy တွေကိုပဲ အသုံးချပြီး IP ပြောင်းပြီး Download Limit ကို အလွယ်တကူ ဖြတ်လို့ရပါတယ်။ လုပ်နည်းကို အောက်မှာ ဖတ်ကြည့်လိုက်ပါ :)

၁။ ဒီမှာ Bagan ရဲ့ Proxy တွေကို ဘယ်လိုရှာကြည့်ရလဲ ဆိုတာကို အရင်ဖတ်လိုက်ပါ။

၂။ လုပ်နည်းက ဒီလို – ဥပမာအားဖြင့် ကျွန်တော်က Proxy 203.81.71.234 နဲ့ Download လုပ်ဖို့ကြိုးစား တယ်ထားပါတော့ မရဘူးဆိုရင် Proxy ကို နောက်တစ်ခုကို ပြောင်းလိုက်ပါ (eg. 203.81.71.237)။ ဒီအခါ အပြင် IP က ပြောင်းသွားပြီး Download လုပ်လို့ ရသွားပါလိမ့်မယ်။ မရသေးရင် နောက်တစ်ခုကို ထပ်ပြောင်းပါ။ ပြောင်းပြီးရင် Page ကို Refresh လုပ်လိုက်ပါ။

၃။ Proxy ကို Firefox နဲ့ IE မှာ ပြောင်းတဲ့ Step တွေပါ။ Proxy ပြောင်းတာကို ဒီထက် လွယ်လွယ်ကူကူပြောင်းချင်ရင် Firefox အတွက် ဒီကိုဝင်ပြီး IE အတွက် ဒီကို ၀င်ဖတ်ကြည့်ပါ။

Firefox
Go to Tools > Options > Advanced > Network > Settings

IE
Go to Tools > Internet Options > Connections > Lan Settings (or Select Dialup Connection > Settings)

ဒါဆိုရင် Download ပြဿနာ အဆင်ပြေသွားမှာပါ။ Bagan က Proxy ၉ ခု (ဒီထက်မက ရှိပါသေးတယ် ;) ) ကို လှည့်ပတ်ပြီး ကြိုးစားကြည့်ပါ။ ဒါမှ မရသေးဘူးဆိုရင် Freedom or Ultra Surf တို့ သုံးပြီး IP ထပ်ပြောင်း လို့ရပါသေးတယ်(Ultra Surf အကြောင်း ဒီမှာဖတ်ပါ)။ ဒီလောက် လုပ်တာတောင်မှ Download မရရင်တော့ ကံသိပ်ဆိုးတဲ့နေ့ လို့သာ မှတ်ပြီး နောက်မှ ထပ်လုပ်ပါတော့ :D ။ MPT က user တွေကတော့ UltraSurf or Freedom ကိုပဲ သုံးပြီး proxy ပြောင်းလို့ရပါမယ်။ MPT မှာအရင်က သုံးလို့ရတဲ့ Proxy ၂ ခု ရှိပေမယ့် အခုတော့ တစ်ခုပဲ ရပါတော့တယ်။

Author: Rapster88 Categories: Proxy, Tips Tricks and Tweaks Tags:

PkBlogs.com back into action!

November 15th, 2007

Pkblogs.com ဆိုတာ Blogs တွေကို ဘန်းထားတဲ့ တိုင်းပြည်တွေမှာ Blog တွေကို ကြည့်လိုရအောင် လုပ်ထားတဲ့ Tunnel Service ပါ။ Kproxy လိုမျိုးပါ။ ဒါပေမယ့် Blogspot သီးသန့်ပါပဲ။ ဟိုတစ်လောက ဒီမှာ Blogspot ကို ဘန်းလိုက်တုံးက ဒီ Service ကို ၀င်ပြီး စမ်းကြည့်ခဲ့တုန်းက အလုပ်မလုပ်ပဲ ရပ်နေပါတယ်။ အခုတော့ ကောင်းသွားပါပြီ။ သုံးရတာ မြန်ပြီး လွယ်ပါတယ်။ PKBlogs.com ထဲကို ၀င်ပြီး box ထဲမှာ blog id ကို ရိုက်ထည့်ပေးလိုက်ရုံပါပဲ။ ဒါမှမဟုတ်လဲ “http://www.pkblogs.com/yourblogidhere” လို့ browser addressbar ကနေ တိုက်ရိုက် လှမ်းခေါ် ပြီး သုံးလို့ရပါတယ်။

Author: Rapster88 Categories: Proxy, Useful Websites Tags: