ဘယ်လိုလဲ?

November 9th, 2007

စိတ်မကောက်ပါနဲ့ကွာ…
ဒါကိုလဲ ငါ ခဏခဏပြောရတယ်…
မင်းကလဲ နားမထောင်ချင်ဘူး…
ခက်တာက..
မင်းစိတ်ကောက်တာကလဲ..
လွန်လွန်းတယ်..

မင်းစိတ်ကောက်လို့ ..
ငါဘာတွေ ဖြစ်နေရလဲ မင်းသိလား..
ငါ့ အလုပ်တွေ ပျက်ရတယ်..
ညဖက်တွေ အိပ်မရဖြစ်နေရတယ်..
ကြာရင် လူလဲ ပိန်ချုံးပြီး ဂီလာန ဖြစ်တော့မယ်..

အမှန်အတိုင်း ၀န်ခံဆိုရင် ၀န်ခံပါတယ်..
ငါမင်းနဲ့ ဘယ်လိုမှ မခွဲနိုင်ဘူး..
ငါမင်းကို အရမ်းကိုမြတ်နိုးတယ်..
ဒါကို မင်းက သိလို့လဲ အခုလို အနိုင်ယူတာပေါ့..

မင်းကို စွဲလမ်းစေတတ်တဲ့
မင်းရဲ့ ပညာ..
မင်းရဲ့ အစွမ်းသတ္တိ..
အဲဒါကိုတွေကို..
ငါ သဘောလဲကျတယ်..
ကြောက်လဲကြောက်တယ်..

ဒီစာလေးကို ရေးနေတဲ့ အချိန်မှာတော့
မင်းက သဘောကောင်းနေပြန်ရော..
ဒီအတိုင်းပဲ အမြဲတမ်း နေသွားပါလားဟင်..
ကြည့်လေ…ငါ့မျက်နှာကြီး ပြုံးနေတာမမြင်ဘူးလား..

တစ်ဖက်နဲ့ တစ်ဖက် နားလည်နိုင်ရင်
အကောင်းဆုံးပေါ့..

ငါ့ဖက်ကတော့ ပြတ်သားတယ်..
တစ်သက်လုံး မင်းရှိမှဖြစ်မယ်..
မင်းကရော ဘယ်လိုလဲ..
ငါလခွီး Internet ရယ်.. :D

Rapster88
12:34 AM
Nov 9, 07

ဒီနေ့ရော.. မနေ့ညကပါ.. Connection တွေက စွတ်ပြီး ကောင်းနေလို့ အမှတ်တရ ရေးလိုက်တာပါ။ မကောင်းဘူးလို့ခံစားရပါတယ်။ ဖတ်ရတာ မကြိုက်ရင်လဲ Cbox ထဲမှာ ၀င်ဆဲသွားလို့ ရပါတယ်။ :D

Similar Posts:

Author: Rapster88 Categories: Fun, Myself Tags:
  1. No comments yet.
  1. No trackbacks yet.