Windows XP ကို ၆ မိနစ်အတွင်း Hack လုပ်ချင်း

November 15th, 2007

ဟုတ်ပါတယ်.. ၆ မိနစ်ထဲပါ။ UK အစိုးရ ထောက်လှမ်းရေးအဖွဲ့ရဲ့ Serious Organized Crime Agency မှာ အလုပ်လုပ်နေတဲ့ Security Experts ၂ ယောက်က Microsoft က လူတွေရှေ့မှာ လုပ်သွားတာပါ။ Windows XP Service Pack 1 ကို Security Patch တွေနဲ့ Security Application (Antivirus, Firewall etc) တွေတစ်ခုမှ မတင်ပဲ Unsecured Wireless Connection တစ်ခုပေါ်ကနေ Hack လုပ်ပြီး complete control လုပ်ခဲ့တာပါ။ Hack လုပ်မယ့် စက်ရဲ့ IP Address ကို Scan လုပ်လို့ ရသွားတဲ့အခါ Internet ပေါ်ကနေ download လုပ်လို့ရတယ် open source hack tool ကို သုံးပြီး စက်ရဲ့ အားနည်းချက်ကို scan ထပ်ရှာပါတယ်။ နောက်ထပ် Tools တစ်ခုကို အသုံးပြုပြီး စက်ရဲ့ Security Hole တွေကို attack လုပ်နိုင်မယ့် exploit ကို build လုပ်ပြီး attack ကို စလိုက်ပါတယ်။ အဲဒီ အလုပ်တွေအားလုံးကို ၆ မိနစ်ပဲ အချိန်ယူပါတယ်။

“မျက်စိရှေ့မှာတင် Windows XP ကို Hack လုပ်ခဲ့တာဟာ အသိပညာတွေရသလို တုန်လှုပ်စရာလဲ ကောင်းပါတယ်” လို့ Microsoft UK ရဲ့ Platform Strategy Director Nick McGrath ကပြော သွားပါတယ်။ “ဒါပေမယ့် Hack လုပ် ခဲ့တဲ့ စက်က အကာအကွယ် ဘာမှမရှိတဲ့ စက်ပါ” လို့လဲ သူက ထပ်ပြီးပြောသွားခဲ့ပါတယ်။ Service Pack 2 ကို နောက်ဆုံး Security Patch တွေနဲ့ upgrade လုပ်လိုက်တဲ့အခါ အားနည်းချက်တွေ အနည်းငယ်လျော့သွားပါတယ်။ Microsoft ရဲ့ နောက်ဆုံးထုတ် OS ဖြစ်တဲ့ Vista မှာကတော့ Security ပိုင်းကို ပိုမိုစိတ်ချရအောင် လုပ်ထားပါတယ်။

Keznews.com မှ “One More Reason to Upgrade to Vista: 6-Minute XP Hack Is Frightening!” ကို တတ်သလောက် အဆင်ပြေသလို ဘာသာပြန်သည်။

Similar Posts:

Author: Rapster88 Categories: Hack, News Tags:
  1. No comments yet.
  1. No trackbacks yet.