Did you know? [2]

December 14th, 2007

Blog ထဲမှာ Javascript တွေသုံးရတာ ပျော်ဖို့ကောင်းပါတယ်။ အမျိုးမျိုးသော Function စုံတဲ့ Script တွေကို ကိုယ်အဆင်ပြေသလို သုံးနေကြတာကိုလဲ တွေ့ရပါတယ်။ Script သုံးတဲ့နေရာမှာ လက်လွန်သွားလို့ Blog က အတက်နှေးသွားတဲ့အခါ မသုံးတဲ့ Script တွေကို ပြန်ရှင်းပေးလို့ရပါတယ်။ ဒါပေမယ့် ဟိုးအရင်က သုံးခဲ့တဲ့ script တွေကို အခုပြန်ကြည့်တော့ မမှတ်မိရင် ဖျက်ရတာ ဒုက္ခရောက်ပါတယ်။ ဒီလို မဖြစ်ရအောင် စကတည်းက Script တွေကို မှတ်မိအောင် HTML comment code တစ်ခု ကိုသုံးပြီး Label မှတ်ထားလို့ ရပါတယ်။

ပုံမှာပြထားတဲ့အတိုင်း ကိုယ်ရေးချင်တဲ့စာကို ကြားထဲမှာ ထည့်ရေးပေးလိုက်ရင် Browser က Ignore လုပ်သွားတဲ့ အတွက် Page ပေါ်မှာ display လုပ်မှာ မဟုတ်ပဲ HTML Source ထဲမှာပဲ မြင်ရမှာ ဖြစ်ပါတယ်။ (Press Ctrl + U in Firefox or Press Alt+V then Alt+C in IE)

Similar Posts:

Author: Rapster88 Categories: Tips Tricks and Tweaks Tags:
  1. No comments yet.
  1. No trackbacks yet.