Official Vista SP1 RC Standalone Installer Direct Download Links from Microsoft Server

December 15th, 2007

Mircrosoft ကနေ Windows Vista အတွက် update ဖြစ်တဲ့ Service Pack 1 (RC) ကို public ကို စမ်းသပ်ဖို့ ထုတ်ဝေလိုက်ပါပြီ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က Public ကို မချပေးသေးတဲ့ အတွက် Windows Update ကို Registry Tweak လုပ်ပြီးတော့ SP1 Update ကို ရအောင် လုပ်ခဲ့ပါတယ်။ အခုကတော့ Official Direct Links တွေဖြစ်လို့ ဘာမှလုပ်စရာမလိုပဲ Download လုပ်ပြီး Install ရုံပါပဲ။

Install မလုပ်ခင်မှာ ဘာတွေကို သတိထားပြီး သိသင့်လဲ ဆိုတာကိုလဲ Microsoft က Document တစ်ခုလုပ်ထားပေးပါတယ်။ အခုထုတ်တဲ့ RC ဟာ အချိန်သတ်မှတ်ထားတဲ့ (Time Limited) update ပါ။ June 30, 2008 ထိပဲ သက်တမ်းထုတ်ပေးထားပါတယ်။ (အဲဒီအချိန်ဆိုရင် Final Release ထွက်လောက်ပါပြီ) နောက်ပြီး RC ကို တင်လိုက်ရင် Screen ရဲ့ ညာဖက် ထောင့်နားမှာ “Evaluation Copy” ဆိုတာလေး ပေါ်လာမှာ ဖြစ်ပါတယ်။ ဒါဟာ ကိုယ့်ရဲ့ စက်က Activate လုပ်ထားတာ ပျက်သွားတာ မဟုတ်ပဲ SP1 RC ကပဲ “Evaluation Copy” ဖြစ်တယ်လို့ Microsoft က Install မလုပ်ခင်မှာ ဘာတွေကို သတိထားပြီး သိသင့်လဲ ဆိုတဲ့ document ထဲမှာ ရေးထားပါတယ်။ Windows အစစ်ကို Activate လုပ်ထားတဲ့ (Genuine) တွေသာ ဒီ RC ကို သုံးလို့ ရမယ်လို့လဲ ရေးထားပါတယ်။ အသေးစိတ်ကိုတော့ အဲဒီ doc ထဲမှာ ဖတ်ကြည့်လိုက်ပါ။


သတိ။ ။ RC = Release Candidate ဆိုတာ Final Version မဟုတ်သေးတဲ့အတွက် Bug ပါနိုင်ပါသေးတယ်။ အလုပ်လုပ်နေတဲ့ စက်တွေမှာ မစမ်းသပ်ဖို့ Microsoft ကလဲ မှာထားပါတယ်။ ကိုယ့်သဘောနဲ့ ကိုယ်သာ လုပ်ကြပါလို့ ကျွန်တော်က ထပ်ပြောလိုပါတယ်။

Source: MyDigitalLife.info

Similar Posts:

Author: Rapster88 Categories: OS, Tips Tricks and Tweaks Tags:
  1. No comments yet.
  1. No trackbacks yet.