Get ownership permission of a file or folder in Vista with ease
Windows Vista မှာ Administrator နဲ့ Login ၀င်ထားရင်တောင် System File (C:\Windows\) တွေကို Edit လုပ်မယ်ဆိုရင် Ownership permission ကို ထပ်ပြီး ယူရပါတယ်။ (Windows Vista RTM ထွက်ခါစမှာ Dr.Chan RTM Crack ကို သုံးခဲ့ဖူးသူတွေ File Permission တွေယူပြီး File တွေ replace လုပ်ခဲ့ရတာ မှတ်မိမှာပါ။)
ဟိုနေ့က ပျင်းပျင်းရှိတာနဲ့ My Digital Life ကို ၀င်မွှေလိုက်တာ ဒီ Registry Tweak လေး ထွက်လာတယ်။ သူက ဘယ်လို အသုံးဝင်လဲဆိုတော့ ကိုယ် Ownership လိုချင်တဲ့ file/folder ကို Right Click နှိပ်ပြီး “Take Ownership” ကိုနှိပ်လိုက်တာနဲ့ အဲဒီ ဖိုင်ကို ownership ရသွားတယ်။ အရင်ကလို Right click > Properties တွေ ၀င်စရာ မလို တော့ဘူး။
- Install
Reg Key ကို အောက်က link မှာ download လုပ်ပြီး Double click လိုက်ရင် Reg Key ကို install လုပ်မလားမေးပါတယ်။ ဒါဆိုရင် Ok နှိပ်လိုက်ရင် Install ပြီးပါပြီ။ (UAC ဖွင့်ထားရင်တော့ UAC ကို အရင် allow ပေးရပါတယ်။)

