Archive

Archive for January, 2008

Make Right Click Send To Menu More Powerful n Useful!

January 31st, 2008

ဘယ်လို Powerful လုပ်မှာလဲလို့ စိတ်ထဲက တွေးနေတာလား ?? သက်သေပြမယ်ဗျာ.. ဘယ်လို Powerful n Useful ဖြစ်သွားလဲလို့.. အောက်က ပုံကိုကြည့်။ အဲဒါက File တစ်ခု ဒါမှမဟုတ် Folder တစ်ခုကို Right Click နှိပ်ပြီး Send to ရွေးရင် မြင်ရတဲ့ မြင်ကွင်း။ အဲဒါကို အစွမ်းထက်အောင် ပိုပြီး အသုံးဝင်အောင် လုပ်မယ်။

Windows မှာက Fiel or Folder တစ်ခုကို Right Click ပြီး Send to ရွေးရင် Move တို့ Copy တို့ မပါပဲ “Documents, Desktop(Create Shortcut) နဲ့ Compressed” ပဲပါတယ်။ ဒါနဲ့ ကျွန်တော်က Google နဲ့ နည်းနည်းရှာကြည့်တော့ “Send To Toys v 2.5″ ကို တွေ့ရတယ်။ သုံးကြည့်တော့ တော်တော်ကို အဆင်ပြေတာတွေ့ရတယ်ဗျ။ အောက်က ပုံကိုကြည့်ပါ။ အဲဒါက “Send to Toys” ဆိုတာ တင်ထားပြီး မြင်ရမယ့် မြင်ကွင်းပါ။ (အသုံးဝင်တာတွေကို အနီရောင်နဲ့ ဘောင်ခတ်ပြထားပါတယ် )

အဲဒီမှာ “Clipboard, Command Prompt, Folder.., Recycle Bin နဲ့ Run” ဆိုတာ တိုးပြီး ပါလာတာကို တွေ့ရပါမယ်။ အသုံးဝင်တာတွေကို ရေးပြသွားပါမယ်။

- Command Prompt

ဒါကို ရွေးပေးလိုက်ရင် CMD ထဲမှာ File or Folder ရဲ့ Path ကို တစ်ခါတည်း ထည့်ပေးသွားမှာဖြစ်ပါတယ်။ တစ်ခုခုကို Command Prompt ထဲကိ Execute လုပ်ချင်ရင် အဆင်ပြေပါတယ်။

- Folder

ဒီ Tools ရဲ့ အသုံးအ၀င်ဆုံး Feature ပါပဲ။ Folder.. ကိုရွေးလိုက်ရင် အောက်မှာ ပြထားတဲ့အတိုင်း မြင်ရပါမယ်။ File or Folder ကို ကိုယ်ရွှေ့ချင်တဲ့ Location ထဲကို Copy or Move နဲ့ ရွှေ့လို့ရအောင် လုပ်ပေးထားတာပါ။ မြန်မြန်ဆန်ဆန်နဲ့ File တွေကို Organize လုပ်ချင်တဲ့ အခါမှာ သိသိသာသာ အသုံးဝင်တာကို တွေ့ပါမယ်။

- Run

ဒါကလည်း Command Prompt လိုပဲ Run (Windows Key + R) ဆီကို File ကို ပို့ပေးတာ ဖြစ်ပါတယ်။

>> Download Send To Toys

ကဲ ဒါဆိုရင် Powerful n Useful ဖြစ်တာကို သိလောက်ပြီ ထင်ပါတယ်။ အားလုံး မြန်မြန်ဆန်ဆန် သက်သက်သာသာနဲ့ အလုပ်လုပ်ရတာ အဆင်ပြေကြပါစေ။ :)

Did you know? [2]

January 31st, 2008

Windows Vista အသုံးပြုသူတွေ အတွက်ပါ။ Windows XP မှာတုန်းက ကျွန်တော်တို့ဟာ Folder အဆင့်ဆင့် ၀င်ထားပြီး အပေါ်ကို ပြန်တက်ချင်တဲ့အခါ “Up” ဆိုတဲ့ Button ကို သုံးပြီး Folder အဆင့်ဆင့် ၀င်ထားတဲ့ Folder တွေရဲ့ အပေါ်ကို ပြန်ထွက်ပါတယ်။ Vista မှာတော့ Up ဆိုတာ မပါတော့ပဲ Back ဆိုတဲ့ Button နဲ့ Path ကို ၀င်နှိပ်လို့ ရတဲ့ Feature ပါရှိပါတယ်။ ဒါပေမယ့် Vista မှာလဲ Up ကို ဆက်သုံးလို့ရပါတယ်။ အောက်မှာ ဖတ်ကြည့်ပါ။ :)

Go up one level in Windows Explorer
လွယ်ပါတယ်။ Up ပြန်တက်ချင်ရင် “Alt + Up Key” ကို တွဲနှိပ်ပေးလိုက်ပါ.. အပေါ် 1 Level ကို တက်သွားပါမယ်။ ;)

Author: Rapster88 Categories: Did You Know, Tips Tricks and Tweaks Tags:

Microsoft Extends Second Shot till June 30, 2008!

January 30th, 2008

မနှစ်က စက်တင်ဘာလမှာ စပြီး ပေးခဲ့တဲ့ Microsoft ရဲ့ Second Shot အခွင့်အရေးဟာ ၂၀၀၈ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ သက်တမ်း တိုးပေးလိုက်တယ်လို့ အကြောင်းကြားစာအရ သိရပါတယ်။

Second Shot ဆိုတာက Microsft ရဲ့ မည့်သည့် Certification Exam မှာ တစ်ကြိမ်ဖြေလို့ မအောင်ပဲ ကျသွားခဲ့ရင် နောက်ထပ် တစ်ကြိမ်ကို စာမေးပွဲကြေး ထပ်မံသွင်းစရာ မလိုပဲ Free ထပ်ဖြေခွင့် ပေးတဲ့ အခွင့်အရေးကောင်း တစ်ခုဖြစ်ပါတယ်။

ဒီနေရာကို နှိပ်ပြီး Register လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် ရန်ကုန်မှာရှိတဲ့ Prometric Exam Center တွေဖြစ်တဲ့ GlobalNet နဲ့ Myanmar Inspiration မှာလဲ Register လုပ်နိုင်ပါတယ်။

Author: Rapster88 Categories: News Tags:

How to disable ADs in Yahoo Messenger

January 25th, 2008

Yahoo Messenger မှာ ရှိတဲ့ ကြော်ညာတွေကို Registry Editor သုံးပြီး ဖျောက်လို့ရတဲ့ နည်းဖြစ်ပါတယ်။ မလုပ်ခင်မှာတော့ Registry ကို Backup လုပ်ထားဖို့တိုက်တွန်းပါတယ်။

၁။ Press Windows Key + R , Type “regedit” and press enter

၂။ Registry Editor ပွင့်လာရင် ဘယ်ဖက်က Tree View ကနေ အောက်က Path ရောက်တဲ့အထိ အဆင့်ဆင့် ဖွင့်ပြီး Locale ကို ရွေးထားပါ။

HKEY_CURRENT_USER\Software\Yahoo\pager\Locale

၃။ ပြီးရင် ညာဖက်က “Enable Messenger AD” ကို Double Click နှိပ်ပြီး Value Data: နေရာက “1″ ကို “0″ ဖြစ်အောင် ပြင်ပေးပြီး Ok နှိပ်ပါ။

၎။ အကုန်လုံးထွက်ပြီး Yahoo Messenger ကို Restart လုပ်လိုက်တဲ့အခါ မျက်စိနောက်စရာ ကျော်ညာတွေ ပျောက်နေ တာကို တွေ့ရပါမယ်။

Source: My Digital Life

Author: Rapster88 Categories: Tips Tricks and Tweaks Tags:

gAlways Idle Now Support Vista!!

January 25th, 2008

gAlways Idle ဆိုတာကို ကျွန်တော်က မနှစ်က အောက်တိုဘာလမှာ ရေးခဲ့ဖူးပါတယ်။ gAlways Idle ဆိုတာကို မသိသေးတဲ့သူတွေအတွက်က gAlwaysIdle ဆိုတာ Google Talk မှာ Idle ကို အမြဲဖြစ်အောင် ဒါမှမဟုတ် လုံးဝ Idle မဖြစ်နေအောင် လုပ်ပေးနိုင်တဲ့ Addon တစ်ခုပါ။

အရင်က Version မှာက Windows XP စက်တွေအတွက် ပြဿနာ မရှိပေမယ့် Vista တင်တဲ့ စက်တွေမှာ Idle လုပ်ချင်ရင် “Always Idle” ကို ရွေးရင် မရပဲ “Never Idle” ကို ရွေးထားမှ Idle ဖြစ်တတ်ပါတယ်။ အခုထုတ်လိုက်တဲ့ Version အသစ် (Rev 2b) မှာ အရင်ဖြစ်တဲ့ error တွေကို ရှင်းထားပါတယ်။

သုံးရတာ တကယ်လွယ်ပါတယ်။ gAlways Idle ကို ဒီမှာ Download လုပ်ပါ ပြီးရင် install လုပ်ပါ (အရင် version အဟောင်းကို အလိုလျှောက် ဖယ်ထုတ်သွားပါတယ်။) ပြီးရင် System Tray(Screen ရဲ့ ညာဖက်အောက်ဒေါင့်နားက နာရီဘေးမှာ) ရှိတဲ့ Google Talk icon ကို right click ခေါက်လိုက်ရင် အောက်မှာပြထားတဲ့ ပုံအတိုင်း “Normal Idle, Always Idle, Never Idle” တစ်ခုခုကို ကြိုက်တာ ရွေးပေးထားရုံပါပဲ။ Always Idle ဆိုရင် အမြဲကို Idle ဖြစ်နေမှာပါ။

Download gAlways Idle (Rev 2b)

ကမ်းခြေ အပန်းဖြေ…

January 18th, 2008

ဟုတ်ပါတယ်ခင်ဗျာ.. ကျွန်တော် မနက်ဖြန် ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ မြန်မာပြည်ရဲ့ နာမည်ကြီး ကမ်းခြေတစ်ခုမှာ အပန်းဖြေမလို့ပါ။ ဒီတော့ ဒီရက်ပိုင်းမှာ Post အသစ်တွေ တက်နိုင်မယ် မဟုတ်ပါလို့ (ဒီတိုင်းလဲ တက်တာပဲ မဟုတ်ပဲနဲ့ :P ) ။ အပန်းပြေပြီး ပြန်လာတဲ့ခါတော့ Post အလန်းတွေကို အရမ်းတင်နိုင်မယ်လို့လဲ မျှော်လင့်ထားပါတယ်။ ကဲအားလုံးပဲ.. ကျွန်တော် လစ်ပြီ။

Rapster
9:46 PM (MST)
18/1/2008

Author: Rapster88 Categories: Blog, Myself, Special Events Tags:

j_neutron07, Another Hoax

January 15th, 2008

လွန်ခဲ့တဲ့ လကုန်ပိုင်းလောက်က Life is beautiful ဆိုတဲ့ virus အတုအကြောင်းကို ကျွန်တော်တော် ရေးခဲ့ပါတယ်။ အခုရေးမယ့် တစ်ခုကလဲ ကျွန်တော်တို့တွေ ခဏခဏကို Warning လာပေးခဲ့ရတယ့် j_neutron07 ဆိုတဲ့ Messenger virus အတု အကြောင်းပါ။

If someone by the name of j_neutron07 wants to add you to their list dont accept it. Its a virus. Tell everyone on your list because if somebody on your list adds them you will get it too. It is a hard drive killer and is a quite nasty. Please pass this on to everyone on your list.

အဲဒီလို Warning စာနဲ့ လာသတိပေးတဲ့ J_neutron07 ဆိုတဲ့ virus ဟာ တကယ်တော့ အတုတစ်ခုပါ။ လူတွေကို သက်သက် အာရုံနောက်အောင် လုပ်တဲ့ Hoax ပါပဲ။ အရင်က MSN Messenger နဲ့ Yahoo Messenger မှာ ခေတ်စားလာပြီး အခုတော့ Google Talk ပေါ်မှာပါ တွေ့လာရပါတယ်။

ဒါ့အပြင် j_neutron07 ဆိုတဲ့ နေရာမှာ အခြား နာမည်အမျိုးမျိုးလဲ ပြောင်းတာတွေ့ရပါတယ်။ ဒီအကြောင်းကို TrendMicro နဲ့ j_neutron07 လို အလားတူ Hoax အကြောင်းကို Hoax-Slayer မှာကြည့်လို့ရပါတယ်။

Author: Rapster88 Categories: Security, Tips Tricks and Tweaks Tags:

Get rid of junk files n registry with CCleaner

January 15th, 2008

CCleaner ဟာ ဟိုနေ့က ကျွန်တော်ရေးခဲ့တဲ့ RECUVA ကို ထုတ်တဲ့ Piriform ကပဲ ထုတ်တာပါ။ RECUVA တုန်းကလိုပဲ ကျွန်တော်ဟာ CCleaner ကို အစက သိပ်ပြီး အထင်မကြီးခဲ့ပါဘူး။ တွေ့ဖူး သုံးဖူးနေတဲ့ Junk Cleaner တွေက ခပ်ပိန်းပိန်းနဲ့ တစ်ခါတစ်လေ ကိုယ့်စက်ကို ပြန်ပြီး ဒုက္ခပေးတာတောင် ကြုံခဲ့ဖူးတော့ CCleaner ကို တွေ့တော့လဲ “ဒီပုတ်ထဲက ဒီပဲ” ပဲဆိုပြီး အထင်သေးခဲ့တာ နောက်မှ မှားမှန်း သိသွားပါတယ်။

CCleaner ရဲ့ဈေးနှုန်းက Free ပါ။ အဓိက အသုံးဝင်တာကတော့ စက်ထဲမှာ မလိုတဲ့ Junk File တွေ ( Temp, Cache, History, Cookies, Dump Files ) စတာတွေကို ရှင်းပေးပြီး စက်ကို မြန်လာစေတဲ့အပြင် မလိုအပ်တဲ့ File တွေကြောင့် Disk Space အလကား ကုန်နေတာကို ရှင်ပေးပါတယ်။ (ကျွန်တော် စစချင်းရှင်းတုံးက Junk ကိုပဲ ၁ GB ကျော် ထွက်ပါတယ်။ ;) ) အခြား အပိုအနေနဲ့ကတော့ Registry Entry တွေကို ပြင်ပေးတာရယ်၊ Program Files တွေကို Uninstaller နဲ့ Windows Start up က program တွေကို config လုပ်လို့ရတာရယ်ပါ။

အသုံးပြုရတာလဲ လွယ်ပါတယ်။ Download လုပ် Install လုပ် ပြီးရင် Run လိုက်တဲ့အခါ လှပတဲ့ Interface နဲ့ CCleaner ကို မြင်ရပါမယ်။ ဘယ်ဖက်က ” Cleaner, Registry, Tools နဲ့ Setting ” ထဲက Cleaner ကို ရွေးလိုက်ပြီး Analyze နှိပ်လိုက်ရင် ရှင်းမယ့် File path နဲ့ Approximate size ကို ပြပါတယ်။ ပြီးရင်တော့ Run Cleaner ကိုနှိပ်ရင် ဖျက်တဲ့ လုပ်ငန်းစပါတယ်။

သုံးကြည့်ပါ။ အဆင်ပြေမှာပါ။ :)

Download CCleaner

Author: Rapster88 Categories: Useful Applications Tags:

Recover your accidently deleted files with RECUVA!

January 9th, 2008

ကျွန်တော်ဆိုရင် File တစ်ဖိုင်ကို ဖျက်တဲ့အခါ အမြဲလိုလို Shift + Delete နဲ့ ဖျက်ပါတယ်။ အဲဒီလိုဖျက်ရင် File က Recycle Bin ထဲကို မရောက်သွားပဲ တစ်ခါတည်း ဖျက်သွားတာပါ။ အဲဒီရဲ့ အကျိုးဆက်က တစ်ခါတစ်လေ ဖျက်လိုက်တဲ့ file ကို ပြန်လိုချင်ရင် Recycle Bin ထဲမှာ ရှာလို့ မရတာပါ။ Recover လုပ်တဲ့ software တွေ မရှိဘူးလားဆိုရင်တော့ ရှိပါတယ်။ အရင်က ကျွန်တော် သုံးခဲ့ဖူးတာတွေက နှေးတဲ့အပြင် သိပ်ပြီး အသုံးမ၀င်လို့ ကျွန်တော် မသုံးတာကြာပါပြီ။ ဒီနေ့တော့ တကယ်ကို သဘောကျစရာ recover sofware တစ်ခုကို တွေ့ပါတယ်။

CCleaner ကို သုံးဖူးကြသလား ?? စက်ထဲမှာ မလိုတဲ့ ဖိုင်တွေ (Temp, Prefetch, Cookies ) တွေကို ရှင်းပေးတဲ့ အစွမ်းထက် software လေ။ အခု ဒီ Recuva ( Recover လို့ အသံထွက်ပါတဲ့ ) ကိုလဲ အဲဒီ CCleaner ထုတ်တဲ့ Piriform ဆိုတဲ့ ကုမ္ပဏီကပဲ ထုတ်ထားတာလေ။ Recuva ကိုလဲ Free ပေးပါတယ်။ Windows Vista မှာလဲ သုံးလို့ရပါတယ်။

ကျွန်တော် သုံးဖူးသမျှ recovery software ထဲမှာတော့ recuva က အမြန်ဆုံးနဲ့ သုံးရတာ အဆင်အပြေဆုံးဖြစ်ပါတယ်။ Capicity 120 GB ရှိတဲ့ ကျွန်တော့် HDD ကို Scan ဖတ်တာ ၁၈ စက္ကန့်ပဲကြာတယ်လေ။ Recover လုပ်တော့လဲ အရမ်းမြန်ပါတယ်။ သုံးကြည့်ပါ။ ကြိုက်သွားမှာပါ။ ဆောင်ထားရင်လဲ မမှားတဲ့ software တစ်ခုပေါ့။

ကဲ.. intro တွေကို ရပ်ပြီး တကယ် အလုပ်လုပ်ကြည့်ရအောင်။

၁။ Recuva ကို ဒီမှာ Download လိုက်ပါ ပြီးရင် Install ပေါ့။
၂။ Recuva ကို Run လိုက်ပြီးရင် ကိုယ် စစ်ချင်တဲ့ Drive ကို ရွေးပေးလိုက်ပါ။ ပြီးရင် Scan ကို နှိပ်လိုက်ပါ။

၃။ Scan ဖတ်တာ အတော်မြန်ပါတယ်။ ပြီးရင် အောက်မှာ list နဲ့ results တွေကို လာပြပေးပါတယ်။

၎။ List ကို ညာဖက်ကို scroll လိုက်ရင် File တွေရဲ့ State ကို လာပြပေးပါတယ်။ Excellent, Poor လောက်ဆိုရင် recover လို့ရပါသေးတယ်။ Unrecoverable ဆိုရင်တော့ အဲဒီ file ဟာ over written အလုပ်ခံရလို့ တပိုင်းတစ ဒါမှမဟုတ် အကုန်လုံး ပျက်သွားပြီလို့ မှတ်လိုက်ပါ။

၅။ Search ကို သုံးပြီးတော့ များလွန်းတဲ့ list ထဲကနေ ကိုယ်လိုချင်တဲ့ file name or file type ကို ရှာလို့ရပါတယ်။

၆။ Recover လုပ်ချင်တဲ့ file ကို တွေ့ပြီဆိုရင်တော့ File ရဲ့ ဘယ်ဖက်က Check box ကို check ပြီး Right Click နှိပ်ပြီး recover လို့ရွေးပြီးရင် Save လုပ်ချင်တဲ့ file path ကိုရွေးပေးရပါတယ်။ ဖြစ်နိုင်ရင် တခြား HDD တစ်လုံးထဲကို or Pen Drive ထဲကို Save လုပ်ပေးလိုက်ပါ။ ဒါမှာ File ကို over write အလုပ်ခံရတာ မဖြစ်အောင်လို့။

Recover ဆိုတဲ့ ခလုပ်ကို နှိပ်ပြီးတော့လဲ recover လို့ရပါတယ်။


Author: Rapster88 Categories: Useful Applications Tags:

Phoewa online currency converter with daily rate updates.

January 6th, 2008

ဖိုးဝ portal ကို develop လုပ်တဲ့သူတွေကပဲ ဖိုးဝရဲ့ နောက်ထပ် category တစ်ခုဖြစ်တဲ့ Business Category မှာ Currency Converter ဆိုတဲ့ အသုံးဝင် feature တစ်ခုကို ထည့်ထားပေးပါတယ်။ အခြား website တွေလို နေ့စဉ် ပေါက်ဈေးကိုပဲ ပြထားပေးတာမဟုတ်ပဲ ကိုယ်တိုင်ကိုယ်ကျ ပြောင်းချင်တဲ့ ammount ကို ထည့်ပေးပြီး convert လုပ်ပေးနိုင်တာကိုလဲ တွေ့ရပါတယ်။

Local Converter နဲ့ International Converter နှစ်ခု လုပ်ထားပေးပြီး Local Converter မှာ နေ့စဉ် ပေါက်ဈေးကို ပြောင်းတဲ့အချိန် အတိအကျထည့်ပေးထားတာလဲ တွေ့ရပါတယ်။ အဲဒီ local ပေါက်ဈေးကိုလဲ နေ့စဉ် နေ့လည်ဖက် တွေမှာ update လုပ်ပေးထားပါတယ်လို့လဲ သိရပါတယ်။

International Converter မှာတော့ ကမ္ဘာပေါ်မှာ အသုံးများတဲ့ currency တွေကို တွက်လို့ရပါတယ်။

လက်ရှိအနေနဲ့ Local Converter မှာတော့

- ဒေါ်လာ မှ မြန်မာကျပ်
- မြန်မာကျပ် မှ ဒေါ်လာ

- FEC မှ မြန်မာကျပ်
- မြန်မာကျပ် မှ FEC

- ဒေါ်လာ မှ FEC
- FEC မှ ဒေါ်လာ သို့ အပြန်အလှန် ပြောင်းတွက်လို့ရပါတယ်။ ( Drop Down ကိုရွေးပေးပါ။ )

Author: Rapster88 Categories: Useful Websites Tags: