Archive

Archive for February, 2008

Blog ရေးတာကို ခဏ ရပ်ချင်တယ်။

February 26th, 2008

ကျွန်တော်ရဲ့ ရှေ့ရေးနဲ့ ကျောင်းကိစ္စတွေကြောင့် Blogging ကို ၁ လ သို့မဟုတ် ၂ လလောက် ခဏ ရပ်ထားချင်ပါတယ်။ အမှန်အတိုင်းဆိုရင်တော့ ကျွန်တော်လဲ မရပ်ချင်ပါဘူး ဒါပေမယ့် အခြေအနေက ဒီအလုပ်တွေကို ခဏ ရပ်ပြီး ဟိုဖက်ကို အာရုံစိုက်ရမှာကြောင့်ပါ။

လက်ရှိ ရေးဖို့ ကျန်နေတဲ့ Post ၃ ခုလောက်ကိုတော့ ရအောင် တင်သွားပါမယ်။ ဒါပြီးရင်တော့ ခဏရပ်ပါတော့မယ်။ နေ့စဉ် နေ့တိုင်း ကျွန်တော့် Blog ကို လာအားပေးတဲ့ ပရိတ်သတ်ကိုလည်း တောင်းပန်ပါတယ်။ ဒါပေမယ့် စိတ်ချပါ။ ကျွန်တော် ခဏပဲ ရပ်တာပါ။ အဆင်ပြေတာနဲ့ ချက်ချင်း ပြန်ရေးသွားမှာပါ။ Blog ရေးရတာကို နှစ်သက်ပါတယ်။

ဒီ Blog ကို နေ့တိုင်း ၀င်ကြည့်တဲ့သူတွေကို Feed Burner မှာ Subscribe မလုပ်ရသေးရင် လုပ်ထားပါလို့ တိုက်တွန်းပါတယ်။ ကျွန်တော့် Blog ရဲ့ အောက်နားကို ဆင်းလိုက်ရင် ( ပုံမှာ ပြထားတဲ့အတိုင်း ) email လိပ်စာ ထည့်ပြီး Feed ကို subscribe လုပ်လို့ရပါတယ်။ ဒါဆိုရင် ကျွန်တော့်ဖက်က Post အသစ်တက်တဲ့အခါ email နဲ့ auto အကြောင်းကြားမှာ ဖြစ်ပါတယ်။


Author: Rapster88 Categories: Announcement, Blog, Myself Tags:

Repair your infected registry with iRepairman

February 21st, 2008

မနှစ်က ကျွန်တော် Blog ကို စပြီးရေးခါစ စက်တင်ဘာလက Virus ကိုက်သွားလို့ Registry ထိပြီး Folder Option ပျောက်တာ၊ Task Manager ပိတ်ခံရတာတွေကို ပြန်ဖွင့်တဲ့ အကြောင်းကို ရေးခဲ့ပါတယ်။ Computer Journal ထဲမှာလဲ ပါဖူးတဲ့ iSoft (Technomation ) က ထုတ်တဲ့ iRepairman ဆိုတဲ့ tool ကို သုံးပြီး registry ပြဿနာတွေကို လွယ်လွယ်ကူကူ ဖြေရှင်းလို့ရပါပြီ။

Apple ရဲ့ Mac interface ပုံစံနဲ့ စွဲမက်စရာ tools မှာ Folder Options, Registry Editor, Task Manager ကို ပြန်ပြီး ဖွင့်နိုင်ပါတယ်။ Program size ကလဲ 1.2 MB ပဲရှိတဲ့အတွက် 1.44 Floopy Disk ထဲမှတောင် ထည့်ယူသွားနိုင်ပါတယ်။ အထူးသဖြင့် Computer Service လုပ်တဲ့သူတိုင်း ဆောင်ထားသင့်ပါတယ်။

- Download iRepairman

iRepairman EXE
iRepairman ZIP

Author: Rapster88 Categories: Useful Applications Tags:

MySM is FREE now!

February 21st, 2008

My Myanmar Unicode ကို ထုတ်လုပ်တဲ့ Technomation Studios ရဲ့ Product ဖြစ်တဲ့ MySM ဆိုတာ Mobile ဖုန်းတွေမှာ မြန်မာစာနဲ့ SMS ပို့နိုင်အောင် လုပ်ထားတဲ့ Mobile Application ပါ။

အခုတော့ အဲဒီ MySM ကို Technomation Studios ကနေ အခမဲ့ ဖြန့်ချီပေးလိုက်ပါပြီ။ အသေးစိတ်ကို ဒီမှာ ဖတ်နိုင်ပါတယ်။ Free ဖြန့်ပေးတာကို အသုံးပြုပြီးလို့ သဘောကျတယ် နှစ်ခြိုက်တယ်လို့ ခံစားရလို့ Technomation Studios ကို အခကြေးငွေ ပေးချင်တယ်ဆိုရင်လဲ ပေးလို့ရပါတယ်(ငွေ ammount မသတ်မှတ်ထားပါဘူး) ။ ဒီလို ရရှိလာတဲ့ ငွေများကိုလဲ မြန်မာ တပြည်လုံးမှာရှိတဲ့ မိဘမဲ့ကလေးများအတွက် ရည်စူးပြီး လှူဒါန်းသွားမယ်လို့ သိရ ပါတယ်။

MySM ကို ဒီနေရာမှာ Download ၀င်လုပ်လို့ရပါတယ်။ Download လုပ်ပြီးတဲ့ Jar file ကို ကိုယ့်ရဲ့ Mobile ထဲကို ရွှေ့ပြီး Install လုပ်နိုင်ပါတယ်။ Mobile ကနေ Internet Access ရှိရင်တော့ wap.messx.net ကို ၀င်ပြီး MySM ကို Install လုပ်လို့လဲ ရပါတယ်။

Author: Rapster88 Categories: Mobile, News Tags:

Hide Your Datas With My Lockbox!

February 19th, 2008

ဟိုရက်ပိုင်းက ကိုယ့်စက်ရဲ့ Data တွေကို ဘယ်လို ဖျောက်ထားမလဲ ဆိုပြီး Post တစ်ခုတင်ခဲ့ပါတယ်။ အဲဒါကို အလုပ်ရှုပ်တယ်လို့ ထင်ခဲ့ရင် အခု ကျွန်တော် ရှာတွေ့ထားတဲ့ My Lockbox ကို သုံးကြည့်စေချင်ပါတယ်။

My Lockbox က Free ပါ။ Windows Vista မှာလဲ အလုပ်လုပ်ပါတယ်။ Folder တစ်ခုလုံးကို ဖျောက်ထားနိုင်ပြီး Safe Mood ထဲကနေ ၀င်ကြည့်ရင်တောင် ဖျောက်ထားတဲ့ Folder ကို မမြင်ရဘူးလို့ ဆိုထားပါတယ်။

၁။ My Lockbox ကို ဒီမှာ Dowload လုပ်နိုင်ပါတယ်။
၂။ Install လုပ်ပြီးတဲ့အခါ Computer ကို Restart တစ်ခါ လုပ်ပေးရပါမယ်။
၃။ My Lockbox ကို ခေါ်တဲ့ Shortcut က Ctrl + Shift + P ပါ။
၎။ Default အနေနဲ့က Document ထဲမှာ My Lockbox ဆိုတဲ့ Folder ကို Hide လုပ်ဖို့ ရွေးထားပါတယ်။
၅။ အောက်မှ ပြထားတဲ့ ပုံထဲက အနီရောင် ဘောင်ခတ်ထားတဲ့ ခလုပ်ကို နှိပ်ပြီး ကိုယ်စိတ်ကြိုက် Folder ကို ဖျောက်ထားနိုင်ပါတယ်။

၆။ Advanced ထဲမှာတော့ Password ပြောင်းတာနဲ့ Skin ပြောင်းတာတို့ကို လုပ်နိုင်ပါတယ်။

Download My Lockbox

Yay! I’m on Google’s Search Results Page 1!!

February 12th, 2008

ဒီနေ့တော့ ကျွန်တော်ပျင်းနေတာနဲ့ Google မှာ “R Blog” လို့ ရိုက်ထည့်ပြီး ရှာကြည့်လိုက်တော့ Google ရဲ့ Results မှာ ကျွန်တော် Blog က Page 1 ရဲ့ ၄ နေရာမြောက်မှာ ရောက်နေတာကို တွေ့ရပါတယ်။

ကျွန်တော် ဒီ Blog ကို စပြီးရေးကာစ အချိန်ကဆိုရင် “R Blog” လို့ ရိုက်ထည့်ပြီး ရှာကြည့်ရင် Page 7 လောက်ရောက်မှ ကျွန်တော့်ရဲ့ Blog ကိုတွေ့ရခဲ့တာပါ။

ကျွန်တော် တော်တော်ကို ပျော်သွားပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့် Blog address က နည်းနည်း ရှည်ပြီး ရှုပ်ပါတယ်။ ဒီတော့ အရင်ကဆိုရင် လိပ်စာမသိပဲ ကျွန်တော် Blog ကို လာဖို့နည်းနည်း ခက်နေကြပါတယ်။ အခုတော့ လိပ်စာ မေ့သွားခဲ့ရင်တောင် Google မှာ အလွယ်တကူ ရှာလို့ ရနေပါပြီ။

ကျွန်တော့်ရဲ့ Blog လဲ တဖြည်းဖြည်းနဲ့ လူသိများပြီး လူဝင်များလာတဲ့အတွက် Page Rank တွေလဲ တက်လာပါတယ်။ ဒီလို ရလဒ်တွေအားလုံးက R Blog ကို အမြဲဝင်လေ့လာနေတဲ့ User တွေရဲ့ ကျေးဇူးလို့ ကျွန်တော်က ဆိုချင်ပါတယ်။ ဟုတ်တယ်လေ… ကျွန်တော် ဘယ်လောက် ရေးထားရေးထား.. ၀င်ကြည့်တဲ့သူ မရှိရင် အလကားပဲလေ။

ကျွန်တော် Blog ရဲ့ သက်တမ်း ၈ လအကြာမှာ Hit Count တစ်သောင်းနဲ့ ၇ ထောင်လောက် ရှိလာပါပြီ။ ဒီ ammount ဟာ နည်းသေးတယ်လို့ ပြောရင် ပြောလို့ရပါတယ်။ တစ်နေ့ကို လူအ၀င် ၂၀၀ ပါတ်ဝန်းကျင် နီးပါးကို ကျွန်တော် ကျေနပ်နေမှာမဟုတ်ပဲ ဒီထက် ဒီထက် ပိုကြိုးစားပြီး အသုံးဝင်တဲ့ Post တွေ တင်နိုင်အောင် လုပ်သွားပါမယ်။ Google Search Results ရဲ့ ထိပ်ဆုံးကိုလဲ ရောက်အောင် တတ်နိုင်သလောက် ကြိုးစားသွားပါမယ်ခင်ဗျာ။ :)

Rapster
Feb 12 2008 1:33 AM

Author: Rapster88 Categories: Blog Tags:

Windows Vista SP1 and Windows XP SP3 Official Release Date.

February 10th, 2008

လွန်ခဲ့တဲ့ Feb 4 ရက်နေ့မှာ Windows Vista ရဲ့ Service Pack အသစ်ဖြစ်တဲ့ Service Pack 1 ကို RTM အဖြစ်နဲ့ ထုတ်ဝေခဲ့ပါတယ်။ RTM ဆိုတာက Release To Manufactures ဖြစ်ပြီး Sony, HP, Toshiba တို့လို OEM Computer ထုတ်လုပ်သူတွေအတွက် ထုတ်ပေးတဲ့ Version ဖြစ်ပါတယ်။

ဒါ့အပြင် Microsoft ရဲ့ ထုတ်ပြန်ချက်အရ Vista Service Pack 1 RC2 (Refresh) က RTM နဲ့ အတူတူပါပဲလို့ သိရပါတယ်။

Official Release ကို Vista SP1 အတွက် February 18th or 19th နဲ့ XP SP3 အတွက် March 23rd or 24th လို့ သတ်မှတ်ထားပါတယ်။

လက်ရှိအချိန်မှာ မစောင့်နိုင်ပဲ RTM ကို Update လုပ်ချင်ရင်တော့ ဒီနည်းကို ဖတ်ပြီး Windows Live Update ကို Hack လုပ်လို့ရပါတယ်။ (ဒီနည်းက အချိန် သိပ်ကြာနိုင်ပါတယ်။)

Author: Rapster88 Categories: News, OS Tags:

Get FREE 1 Year Kaspersky Anti-virus Genuine License Key!!!

February 5th, 2008

This is no longer working!

Raymond ဆိုတာ ကျွန်တော် နေ့တိုင်း ၀င်ဖတ်နေတဲ့ Blog တစ်ခုပါ။ ဒီနေ့မှာတော့ သူ့ Blog မှာ အလွန်ကို စိတ်ဝင်စားစရာ အကြောင်းအရာ တစ်ခုကို တွေ့လိုက်ပါတယ်။ အဲဒါကတော့ ကျွန်တော်ရဲ့ Favourite Antivirus ဖြစ်တဲ့ Kaspersky Antivirus 7.0 အတွက် Liscense Key အစစ်တွေကို FREE ပေးနေတယ်ဆိုတာပါ။

ဟုတ်ပါတယ်။ တကယ်ကို Free ပေးနေတာပါ။ တရုတ်နိုင်ငံမှာ ရုံးခွဲထားတဲ့ Kaspersky က တရုတ်နှစ်ကူး အထိမ်းအမှတ်အဖြစ် Kaspersky Website မှာ Register လုပ်တဲ့သူတိုင်းကို Key အစစ်တွေ Free ပေးနေတာပါ။ ဒါပေမယ့် အဲဒီ Key တွေကို ၂ ပါတ်အတွင်း သုံးရမယ်လို့ သိရပါတယ်။ မသုံးရင်တော့ Blacklist လုပ်သွားပါလိမ့်မယ်။

တရုတ်လို မဖတ်တတ်ရင်လဲ ကိစ္စမရှိပါဘူး။ Raymond Blog မှာ ဘယ်ဟာတွေကို ဘယ်လိုနှိပ်ပြီး သွားရမလဲဆိုတာကို အသေးစိတ်ရေးပြထားပါတယ်။

Click HERE to Visit Raymond Blog!

Author: Rapster88 Categories: Antivirus, Useful Websites Tags:

Check your Access Kit’s remaining time with ISP Timer

February 4th, 2008

ပြီးခဲ့တဲ့ အပါတ်က ကျွန်တော်ရဲ့ ADSL-S Line သုံးမရဖြစ်သွားလို့ အင်တာနက် မသုံးရရင် မနေနိုင်တဲ့ ကျွန်တော်က Dial Up နဲ့ ပြန်သုံးဖို့ Access Kit ကို အမြန် ပြေးဝယ်လိုက်ရပါတယ်။ Access Kit နဲ့ သုံးနေတဲ့သူတိုင်း ကြုံတွေ့ရတတ်တဲ့ ပြဿနာ တစ်ခုက Kit မှာ လက်ကျန် နာရီ ဘယ်လောက် ကျန်နေသလဲ ဆိုတာ မသိနိုင်တာပါ။ အချို့ကတော့ စိတ်နဲ့ မှတ်ပြီး သုံးပြီး အချို့ကတော့ သုံးထားသလောက် နာရီကို စာရွက်နဲ့ ရေးမှတ် ထားပြီး လက်ကျန်ကို တွက်ကြပါတယ်။ ဒီပြဿနာကို ဖြေရှင်းချင်လို့ ကျွန်တော်က Google မှာ နည်းနည်း မွှေကြည့်တော့ အောက်မှာ ညွှန်းထားတဲ့ ISP Timer ဆိုတဲ့ အသုံးဝင် Free software လေး တစ်ခုကို တွေ့လိုက်ပါတယ်။

Install လုပ်စရာ မလိုပဲ Portable Run နိုင်တဲ့ ISP Timer ကို သုံးရတာ အလွန်ကို ရိုးရှင်းပြီး လွယ်ကူပါတယ်။ ISP Timer ကို Run လိုက်တာနဲ့ ကိုယ့်စက်ထဲမှာ ရှိတဲ့ Dialup Connection ကို Detects လုပ်ပေးပါတယ်။

“Time Allowance” ဆိုတဲ့ နေရာမှာ ကိုယ်ဝယ်ထားတဲ့ Access Kit ရဲ့ စုစုပေါင်း နာရီကို ထည့်ပေးရမှာ ဖြစ်ပြီး ( 30.00 = နာရီ သုံးဆယ် ) Time used နေရာမှာတော့ မသုံးရသေးရင် “0″ လို့ ထည့်ပြီး သုံးထားပြီးသား ဖြစ်ခဲ့ရင်တော့ သုံးထားသလောက်ကို ထည့်ပေးရမှာဖြစ်ပါတယ်။ ပြီးတဲ့အခါ “Update” ကို နှိပ်လိုက်ပါ။

ပြီးတဲ့အခါ “Connect” ကို နှိပ်ပြီး Connection ချိတ်လို့ ရသွားတာနဲ့ “Time remaining” နေရာမှာ လက်ကျန်အချိန်ကို ပြနေတာကို တွေ့ရပါတယ်။ “I” ဆိုတာကို နှိပ်ပြီး Settings တွေကို ခေါက်ထားလို့ရပြီး “Send to Tray” ကို နှိပ်ရင် System Tray ထဲကို ISP Timer က ရောက်သွားမှာပါ။ သုံးနေရင်းနဲ့ လက်ကျန် ၁ နာရီကို ရောက်တဲ့အခါမှာနဲ့ နောက်ဆုံး ၅ မိနစ်ကို ရောက်တဲ့အခါ Warning လဲ ပေးမှာဖြစ်ပါတယ်။

ဒါ့အပြင် အသုံးပြုထားတာတွေကို Log ပါ မှတ်ထားနိုင်လို့ (“Log” ကို Check လုပ်ထားရပါမယ်) ဘယ်အချိန်က ဘယ်လောက် သုံးထားသလဲဆိုတာကိုပါ ပြန်စစ်ဆေးနိုင်ပါတယ်။

Download ISP Timer (EXE 64KB)
Download ISP TImer (ZIP 24KB)

- How to add ISP Timer to Windows Startup?

1. Click Start > All Programs > Startup
2. Right Click on Startup and Select Open
3. In Startup window, Click File > New > Shortcut
4. Browse to “ISP Timer” program
5. Then you’ll found a Shortcut to ISP Timer in Startup Folder
6. Right Click on ISP Timer shortcut and select properties
7. Select “Minimized” in “Run:”

- How to remove it?

1. Simply delete the shortcut from Startup Folder.

A nice trick to hide your data!

February 4th, 2008

တစ်ခါတစ်လေမှာ ကျွန်တော်တို့က ကိုယ့်ရဲ့ Data တွေကို အခြားသူတွေ မြင်သွား တွေ့သွားမှာကို စိတ်ပူတတ်ကြပါတယ်။ Windows ရဲ့ User account နဲ့ Password ပိတ်ထားနိုင်ပေမယ့် ကိုယ်က Login ၀င်ပြီး ကွန်ပြူတာနားမှာ မရှိတဲ့အချိန် တစ်စုံတစ်ယောက်က Computer ကိုလာသုံးရင်း ကိုယ့် Data တွေကို တွေ့သွားနိုင်ပါတယ်။ အောက်မှာ ရေးပြထားတဲ့ နည်းကတော့ Security software တွေကို ပိုက်ဆံ အကုန်အကျခံ ၀ယ်စရာ မလိုပဲ Data တွေကို ဖွက်လို့ရတဲ့ နည်းလမ်းပါ။

- ဘယ်လို လုပ်မှာလဲ ??

လွယ်ပါတယ်။ Partiton အလွတ်တစ်ခု ရှိနေရင် အဲဒီထဲကို ဖျောက်ထားချင်တဲ့ Data တွေကို ထည့်ပြီး Partition တစ်ခုလုံးကို Drive Letter ဖြုတ်လိုက်ပြီး ဖျောက်တဲ့ နည်းပါ။

- ဘာတွေ လိုအပ်မလဲ ??

၁။ Hardisk ကို Partition လုပ်နိုင်တဲ့ Application တစ်ခု ( ဒါမရှိရင် စိတ်မပူပါနဲ့၊ ကျွန်တော် နောက် အသစ်တင်မယ့် Post က Free HDD Partition အကြောင်းပါ ;) )
၂။ Partition အပိုရှိနေရင်တော့ အပေါ်က Number 1 မလိုပါဘူး။

- ဖျောက်နည်း

၁။ အရင်ဆုံး ကိုယ့် ဖျောက်ချင်တဲ့ Data တွေကို Partition အလွတ် တစ်ခုထဲကို ထည့်လိုက်ပါ။
၂။ My Computer ကို Right Click ပြီးတော့ “Manage” ကို ရွေးပေးလိုက်ပါ။
၃။ Computer Management တက်လာရင် ဘယ်ဖက်က “Disk Management” ကို ရွေးပေးလိုက်ပါ။
၎။ ညာဖက်မှာ ကိုယ့်မှာရှိတဲ့ Disk တွေ ပေါ်လာတာကို တွေ့ရပါမယ်။
၅။ ဖျောက်ထားချင်တဲ့ Data တွေ ထည့်ထားတဲ့ Disk ကို Select လုပ်ပြီး Right Click နှိပ်ပြီး “Change Letter and drive paths..” ကို ရွေးပေးပါ။

၆။ အောက်မှ ပြထားတဲ့ ပုံအတိုင်း တက်လာရင် ဖျောက်မယ့် Partition ကို ရွေးပေးပါ။ ( သေချာအောင် My Computer ထဲကနေ ၀င်ပြီး အရင်စစ်ကြည့်ပါ။ Drive Letter ကို အဓိက သတိထားပါ)

၇။ Select လုပ်ပြီး Remove ကို နှိပ်လိုက်ပါ။ Confirm Yes/No မေးရင် Yes ကို ရွေးပေးလိုက်ပါ။ ပြီးရင် အကုန်လုံးကို ပိတ်လိုက်ပါ။
၈။ My Computer ထဲကို ၀င်ကြည့်လိုက်တဲ့အခါ ကိုယ်ဖျောက်ချင်တဲ့ Partiton ပျောက်နေတာကို တွေ့ရပါမယ်။

- ပြန်ဖော်နည်း

၁။ အပေါ်က အတိုင်း Disk Management ထဲကို ၀င်လိုက်ပါ။
၂။ ခုနက ဖျောက်ထားတဲ့ Disk ကို Right Click လုပ်ပြီး “Change Letter and drive paths..” ကို ရွေးပါ။
၃။ “Add…” ကို နှိပ်ပေးပါ။
၎။ “Assingn the following drive letter:” ကို Letter တစ်ခုခု ရွေးပေးလိုက်ပါ ( ဥပမာ H, I ။ သူ့အလိုလိုလဲ ရွေးထားပြီးသား ဖြစ်တတ်ပါတယ်။ )

၅။ Ok နှစ်ခါ နှိပ်ပြီး ထွက်လိုက်ပါ။
၆။ My Computer ထဲကို ၀င်ကြည့်လိုက်တဲ့အခါ ဖျောက်ထားတဲ့ Drive ပြန်ပေါ်နေတာကို တွေ့ရပါမယ်။

ဒီနည်းက Data တွေကို လုံးဝ စိတ်ချရအောင်တော့ မဖျောက်ထားနိုင်ပေမယ့် တော်ရုံ သာမာန် user တွေကိုတော့ ဒီနည်းနဲ့ လှည့်စားပြီး Hide လုပ်လို့ ရပါတယ်။

Author: Rapster88 Categories: Tips Tricks and Tweaks Tags: