Archive

Archive for July, 2008

Google Talk Current Music Track Bug Workaround Fix

July 21st, 2008

Winamp ကို သုံးပြီး Google Talk မှာ “Show current music track” လို့ ရွေးလိုက်ရင် တစ်ချို့စက်တွေမှာ Google Talk က Crash ဖြစ်သွားတတ်ပါတယ်။ ကျွန်တော့်အထင်တော့ WinAMP version အမြင့်ကြောင့် ဖြစ်တာထင်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ iTunes, Windows Media Player တွေနဲ့သုံးလဲ ဖြစ်ပါတယ်။

သိပ်မကြာသေးခင်က ကျွန်တော် Windows Vista ပြန်တင်ပြီး နောက်ပိုင်းမှာ အဲဒီ error က အမြဲဖြစ်ပါတယ်။ အစကတော့ Vista ကြောင့်လို့ ထင်ပေမယ့် XP ပေါ်မှာလဲ ဖြစ်တာတွေ့ရပါတယ်။ ဒါနဲ့ လျှောက်ရှာကြည့်တော့ Fix လုပ်တဲ့နည်းကို တွေ့ပါတယ်။

Read more…

Happy Birthday Piyo!

July 17th, 2008

ကျွန်တော်ရဲ့ မိတ်ဆွေကြီး အန်တီ ပိရိုရဲ့ မွေးနေ့အတွက် မွေးနေ့ ဆုတောင်းကို သူ့ရဲ့ မွေးနေ့ ဒီနေ့ ( ဇူလိုင် ၁၇) မှာ တင်လိုက်ပါတယ်။ ဘယ်လောက်ကို ပြည့်တဲ့ မွေးနေ့လဲတော့ မသိလို့ ကျွန်တော်က ၂၇ နှစ်လို့ အကြမ်းဖြင်း စိတ်ထဲမှာ မှတ်လိုက်ပါတယ်။ (Just kidding.. she’s younger than that :D ).

Read more…

Author: Rapster88 Categories: Special Events Tags: ,

Re-Enable Hibernation in Vista

July 17th, 2008

PC ကို Hibernation လုပ်ပြီး ပိတ်တာက သာမာန် start up / shutdown ထက်ပိုပြီးတော့ အချိန်ကုန် သက်သာပါတယ်။ Hibernate လုပ်တယ်ဆိုတာက PC ရဲ့ Memory (RAM) ထဲက contents တွေကို Hard disk လို non-volatile storage ပေါ်ကို စက်မပိတ်ခင်မှာ "hiberfil.sys" ဆိုတဲ့ ဖိုင်ထဲကို ကူးထည့်ပေးလိုက်တာပါ။ နောက်တစ်ခါ စက်ပြန်ဖွင့်တဲ့အခါ အဲဒီ ဖိုင်ထဲက contents တွေကို RAM ပေါ် ပြန်တင်ပေးလိုက်တဲ့အတွက် သာမာန် HDD က boot လုပ်တာထက် ပိုမြန်တာပါ။ 

ဒါပေမယ့် တစ်ခါတစ်လေ Windows Vista မှာ Hibernation ကို enable လုပ်ထားရဲ့သားနဲ့ hibernate လုပ်တဲ့ option ပျောက်နေတာ ဖြစ်တတ်ပါတယ်။ Hibernation file ရှိတဲ့ drive (usually C:) ကို disk clean-up လုပ်မိလို့ hiberfil.sys ပျက်သွားရင် အဲဒီလို ပြဿနာ ဖြစ်တတ်ပါတယ်။ Enable ပြန်လုပ်ရတာလဲ လွယ်ပါတယ်..

Read more…

Got 15 minutes?

July 17th, 2008

ကိုယ့်ရဲ့ အချိန်ပိုတွေထဲက ၁၅ မိနစ်လောက် အချိန်ပေးနိုင်ရင် ဒီ site ကို သွားကြည့်စေချင်ပါတယ်။ Ruby (Programming Language) ကို ၁၅ မိနစ်စာ online ကနေ ပေါ့ပေါ့ပါးပါး သင်လို့ရတဲ့ နေရပါ။ Programming အခြေခံ ရှိတဲ့သူ or Programming ကို စိတ်ဝင်စားတဲ့ သူတွေ ၀င်ကြည့်နိုင်ပါတယ်။

Try Ruby!

Author: Rapster88 Categories: Useful Websites Tags: ,

Different Domain Names, One Blog

July 9th, 2008

R Blog..! 2.0 ကို စတင်နိုင်တဲ့ အထိမ်းအမှတ်အဖြစ် R Blog..! ကို နောက်ထပ် domain တစ်ခု ၀ယ်ပေးလိုက်ပါတယ် :) ။ အရင်က ၂ ခုနဲ့ ဆိုရင် စုစုပေါင်း ၃ ခုဖြစ်သွားပါပြီ။ ဘယ် domain ကနေ ၀င်ဝင် အကုန်လုံးကတော့ ဒီနေရာကို redirect လုပ်ပေးသွားမှာပါ။ သုံးရတဲ့ reader တွေ အဆင်ပြေအောင်သာ domain တွေ ထပ်ပြီး တိုးလိုက်တာပါ။ Here is the list of domains..

  1.  http://blog.atomicdevelopment.net – The original domain
  2.  http://www.rblog.tk – အပေါ်က domain က ရှည်လို့ မသုံးချင်ရင် ဒါကို သုံးလို့ရပါတယ်။ ကြော်ညာတွေတော့ ပါတယ်။
  3.  http://blog.rapster88.net – Newly added domain

Author: Rapster88 Categories: Blog Tags: ,

ကျွန်တော်သုံးတဲ့ wp plugins တွေ (၂)

July 9th, 2008

ကျွန်တော်သုံးတဲ့ wp plugins တွေထဲက နောက်ထပ် တစ်ခုကတော့ WP database ကို ပုံမှန် backup လုပ်ပေးမယ့် wp-db-backup ဆိုတဲ့ plugin ပါ။

Read more…

R Blog Ajax Search

July 9th, 2008

ကျွန်တော် blogspot မှာ ရေးတုန်းက reader တစ်ယောက်က ကျွန်တော့် Post တွေကများလာလို့ search feature တစ်ခု ထည့်ဖို့ တိုက်တွန်းဖူးပါတယ်။ အဲဒီကတည်းက search ကို ထည့်ပေးချင်ပေမယ့် မထည့်ပေးဖြစ်ခဲ့ပါဘူး။ R Blog..! version 2 မှာတော့…
Read more…

Author: Rapster88 Categories: Blog Tags: , , ,

ကျွန်တော်သုံးတဲ့ wp plugins တွေ (၁)

July 9th, 2008

Wordpress ကို သုံးရတဲ့ အကြောင်းအရင်းထဲက တစ်ခုကတော့ wordpress မှာ plugins လို့ခေါ်တဲ့ ထပ်တိုးလုပ်ဆောင်ချက်တွေ ကို သုံးလို့ရလို့ပါ။ Plugins တွေ အများကြီးထဲမှာမှ နာမည်ကြီးပြီး အသုံးဝင်တဲ့ (at least for me ;) ) ကျွန်တော် လက်ရှိ သုံးနေတဲ့ plugins တွေကို ပြောပြချင်ပါတယ်။ ပထမဦးဆုံးကတော့…

Read more…

Feed Testing

July 7th, 2008

Feedburner ကနေ Feed တွေ အသစ်မတက်လို့ Test လုပ်တာပါ။ Feed ရရင် ဒီ post ကို comment ပေးခဲ့ပါ။ ကျေးဇူးတင်ပါတယ်။

Author: Rapster88 Categories: Test Tags:

Old version softwares

July 4th, 2008

တစ်ခါတစ်လေ software တွေက Old version က new version ထက် ပိုပြီးတော့ သုံးရတာ အဆင်ပြေတာမျိုးဖြစ်တတ်ပါတယ်။ ဒါမှမဟုတ်လဲ လိုအပ်ချက်အရ old version ကို ပြန်ပြီးသုံးဖို့ လိုလာတတ်ပါတယ်။ ဒါပေမယ့် များသောအားဖြင့် Software တွေက New version ထွက်လာရင် version အဟောင်းကို download ပေးပြီး မလုပ်တော့ပါဘူး။ ဒါပေမယ့်…

Read more…

Author: Rapster88 Categories: Useful Website Tags: