Google Talk Current Music Track Bug Workaround Fix
July 21st, 2008
Winamp ကို သုံးပြီး Google Talk မှာ “Show current music track” လို့ ရွေးလိုက်ရင် တစ်ချို့စက်တွေမှာ Google Talk က Crash ဖြစ်သွားတတ်ပါတယ်။ ကျွန်တော့်အထင်တော့ WinAMP version အမြင့်ကြောင့် ဖြစ်တာထင်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ iTunes, Windows Media Player တွေနဲ့သုံးလဲ ဖြစ်ပါတယ်။
သိပ်မကြာသေးခင်က ကျွန်တော် Windows Vista ပြန်တင်ပြီး နောက်ပိုင်းမှာ အဲဒီ error က အမြဲဖြစ်ပါတယ်။ အစကတော့ Vista ကြောင့်လို့ ထင်ပေမယ့် XP ပေါ်မှာလဲ ဖြစ်တာတွေ့ရပါတယ်။ ဒါနဲ့ လျှောက်ရှာကြည့်တော့ Fix လုပ်တဲ့နည်းကို တွေ့ပါတယ်။
Fix လုပ်တဲ့နည်းက လွယ်ပါတယ်။
- Notepad ဖွင့်လိုက်ပါ။
- အထဲမှာ ဘာမှမရိုက်ပဲ File > Save As ကို ရွေးပြီး File Name မှာ winamp.m3u လို့ထည့်ပြီး Save as type မှာ “All Files” လို့ရွေးပြီး save လိုက်ပါ။
- Google Talk နဲ့ WinAMP ကို restart လိုက်ပါ။ ဒါဆိုရင် Google Talk crash မဖြစ်တော့ပါဘူး။
.m3u ဆိုတာက WinAMP ရဲ့ play list file ပါ။ ဘာလို့ အဲဒီလိုလုပ်ရင် crash မဖြစ်လဲ သေချာမသိပေမယ့် ကျွန်တော်စမ်းကြည့်တာတော့ အဆင်ပြေသွားပါတယ်။
Source: Dreweys Corner


အရင်တုန်းက အစ်ကို blog နားထားတဲ့ အချိန်ထဲ က အစ်ကို့ blog ကို ဖတ်ဖြစ်နေတာပါ.. မေ ၁ ရက်စမယ်ဆိုပြီး တော်တော်နဲ့ပေါ်မလာတော့ မဝင်ဖြစ်ဘူး.. ဒီနေ့မှဝင်ဖြစ်တာပါ ပြန်ရေးဖြစ်လို့ ဝမ်းသာပါတယ်ဗျာ.. post တွေအတွက်လဲ ကျေးဇူးတင်ပါတယ်… ဒိထက်ပိုပြီး မျှဝေနိုင်ပါစေ…
ဟုတ်ပါတယ်.. ကျွန်တော်လဲ မေ ၁ ရက်မှ စဖို့ လုပ်ထားခဲ့ပေမယ့် မမျှော်မှန်းနိုင်တဲ့ အခက်အခဲလေးတွေ ပေါ်သွားလို့ပါ
post အသစ်တွေမျှော်နေမယ်နော်..ကျေးဇူးတင်ပါတယ်
I did as you said. But it still can’t. So I googled. My OS is XP. The way I followed is little different from yours. First, I went to my computer. I went to C:\Program Files\Winamp. And then Tools>Folder Options>View. After that, uncheck the hide files extension for know file types and pressed apply, ok. Right click New> Text document. Rename file as winamp.m3u. Close both winamp and g talk. Now the problem has solved already. They said winamp.m3u is a file included in older winamp version!