Kaspersky Key Finder
For All Those Foreign Readers: The following post was written in my mother language, Burmese. And there’s no Burmese to English Online translator yet.
Anyway, it was all about how Kaspersky is useful and a brief about this key finder. If you are looking to download the keyfinder, you can either use the links at the end of the post or follow this link to the forum where the original keyfinder creator posts.
Kaspersky Antivirus (KAV) နဲ့ Internet Security (KIS) ဆိုတာ နာမည်ကြီး Antivirus & Security product တစ်ခုပါ။ Version 6 ကနေစပြီး နာမည် ရလာတဲ့ Kaspersky က တဖြည်းဖြည်းနဲ့ Antivirus လောကမှ နာမည်ကြီး Norton ကိုပါ ဖြတ်ကျော်သွားပါတယ်။
Kaspersky ရဲ့ တစ်ခုတည်းသော ပြဿနာက တခြား antivirus တွေလို crack/patch မရှိပဲ key file ရှိမှ သုံးလို့ရတာပါ။ အဲဒီ key file တွေကလည်း အချိန် အပိုင်းအခြား တစ်ခုလောက်ပဲ သုံးလို့ရပြီး Black list ဖြစ်သွားတတ်ပါတယ်။ Key အသစ်တွေကလဲ အမြဲလိုလို ထွက်ပေမယ့် အကုန်လုံးလိုလိုက Torrent နဲ့ Rapid Share ပေါ်မှာပဲ ရှိလို့ download ဆွဲရတာ အဆင်မပြေပြန်ပါဘူး။ ဒါပေမယ့်…
အခုတော့ ဒီ Kaspersky Key Finder ဆိုတဲ့ Tool ကို သုံးပြီး Kaspersky Antivirus & Kaspersky Internet Security ရဲ့ keys (Version 5,6,7,8) တွေကို အလွယ်တကူ download လို့ရပါပြီ။
ပုံမှာ မြင်ရတဲ့အတိုင်း List keys ကို နှိပ်လိုက်ရင် key type, date, validity အလိုက် Key တွေကို တွေ့ရပါမယ်။ key ကို right click ပြီးတော့ Save Keys ရွေးလိုက်ရုံပါပဲ။ ဒါမှမဟုတ် ဘယ်ဖက်က check box ကို check လုပ်ပြီး အများကြီးကို တစ်ခါတည်း save လုပ်လဲရပါတယ်။
Kaspersky Key Finder ကို download လုပ်ရတာ လွယ်အောင် Rapidshare နဲ့ zShare မှာ တင်ထားပေးပါတယ်။
tips: Tools ကို မသုံးချင်လဲ ဒီ တရုတ် site မှာ key တွေဆွဲလို့ ရပါသေးတယ်။
Update:
- Version 1.2.1 အသစ်ထွက်လာပါတယ်။ Can’t access to database ဖြစ်နေရင် version အသစ်ကို download လုပ်ပြီး စမ်းကြည့်ပါ။
- Version 1.4.1 ကို Update လုပ်ပေးရင် Kaspersky က Key Finder ကို Virus လို့ ပြမှာ မဟုတ်တော့ပါဘူး။ အောက်မှာ Download လို့ရမယ့် Link ကို ထည့်ပေးထားပါတယ်။
နောက်ဆုံး Update Version ကို ဒီ forum မှာ အမြဲရနိုင်ပါတယ်။
Kaspersky Key Finder V 1.2.1 [Rapid Share]
Kaspersky Key Finder V 1.2.1 [zShare]


ကျေးဇူးပါညီရေ ကီးတွေ ရှာရ စိတ်ပျက်လို့ ဖြုတ်ထားတာတောင် ကြာနေပါပေါ့လား
ဟုတ်တယ် အစ်ကို.. အတော်များများလဲ key ကွိုင်လို့ ဖြုတ်ကျတယ်ကြားတယ်.. ဒီတစ်ခုနဲ့တော့ နည်းနည်း အဆင်ပြေမယ် ထင်တာပဲဗျာ။
can’t access to database ဆိုပြီးဖြစ်နေတယ်.. ဘယ်လိုလုပ်ရမလဲ ပြောပါအုံးဗျာ
Version အသစ်ကို download ပြီး စမ်းကြည့်ပါ။
ကူညီကြပါအုံး.
kaspersky 7 ကို install လုပ်ပြီးတော့ စက်က တော်တော်လေးသွားတယ်. ဘာကြောင့်မှန်းမသိဘူး. ဒါပေမယ့် kaspersky ကို ဖွင့်တော့မှ လေးသွားတာ. သူ့ကို မဖွင့်ထားရင် ဘာမှမဖြစ်ဘူး. taskbar မှာတော့ သူ့ဟာသူ run နေတယ်. ဖွင့်လိုက်တော့မှ လေးသွားတော့တာ. kaspersky ထဲမှာဘဲ တခုခု နှိပ်လိုက်တာဘဲဖြစ်ဖြစ် command တခုခု ခိုင်းလိုက်တာဘဲဖြစ်ဖြစ် အရမ်းကြာတယ်. အကြာကြီးနေပြီးမှ ခိုင်းလိုက်တဲ့ဟာက လုပ်သွားတာ. ဘယ်လိုဖြစ်သွားတာလဲမသိဘူး. ပြီးတော့ kaspersky ကို ဖွင့်ထားလိုက်ရင် ကျန်တာတွေလည်း ဘာမှ လုပ်လို့မရတော့ဘူး. စက်က harm သွားတာတော့မဟုတ်ဘူး. အရမ်းကြာနေတာ. စက်ရဲ့ memory က 512 ရှိတယ်. အဲဒါဘယ်လိုလုပ်ရမလဲဆိုတာ ကူညီပါအုံး.
@KhineKhine,
စက်ရဲ့ Spec ကို ပြောပြပေးပါ။ ဘာ OS နဲ့ သုံးနေသလဲ။ Task Manager ကို ၀င်ပြီး Processes Tab မှာ Kaspersky က System Resource ကို ဘယ်လောက် ယူထားလဲ့ စစ်ကြည့်စေချင်ပါတယ်။ နောက်ပြီး Kaspersky က ဘယ်လောက် version သုံးလဲ ? Version 7 ကိုပဲ minor version တွေ ကွာတာ ရှိပါတယ်။ 7 မှာ နောက်ဆုံးထွက်က 7.0.1.325 ပါ။ နောက်ဆုံး version ကို သုံးလို့ ဖြစ်နေသေးတယ်ဆိုရင် Version 6 or 8 (2009 လို့လဲ ခေါ်ပါတယ်) ကို ပြောင်းပြီး စမ်းကြည့်ပါ။ အဆင်ပြေသွားမှာပါ။ မရခဲ့ရင်တောင် စက်ထဲက data တွေကို backup လုပ်၊ OS အသစ်ပြန်တင်ပြီး ထပ်စမ်းကြည့်နိုင်ပါတယ်။ Good Luck!
ကျေးဇူးပါဗျာ..။ Kaspersky ကို သုံးလည်းသုံးချင်.. Key ကလဲ မရှိဘူးဖြစ်နေလို့ အကိုရေ.. အခုတော့ အဆင်ပြေသွားပီ..
kaspersky key တွေ ကို သတိထားပါဦး
တစ်ချို့က
virus တွေဖြစ်နေလို့
Thanks for heads up. You can always use Kaspersky to scan the keys
WARNING: ProxyAV has detected a virus in this
file!
File has been dropped.
ProxyAV Administrator: unknown
2008-08-18 05:04:47+00:00UTC
Hardware serial number: 0708083123
ProxyAV (Version 3.1.2.1(34850)) – http://www.BlueCoat.com/
Antivirus Vendor: Kaspersky Labs
Scan Engine Version: 5.0.0.38
Pattern File Version: 080817.224941.1103275 (Timestamp: 2008.08.17 22:49:41)
Machine name: ProxyAV
Machine IP address: 203.81.166.7
Server: 69.80.254.173
Client: 10.232.7.19
Protocol: ICAP
Virus: “HackTool.MSIL.KKFinder.e” found!
URL: http://dl33.zshare.net/download/d328deea66397c37f03b2252c74c5b0b/1219035829/16443918/kasperskykeyfinder.exe
Download link ၂ ခုစလုံးက virus တွေ့တယ်ဆိုပြီး ဒီလိုကြီးပဲ ပေါ်နေတယ်။ကူညီပါအုံး ရှင့်။
Key Finder ကို update လုပ်လိုက်ပါ။ အခုထွက်တဲ့ နောက်ဆုံး version က 1.4.1 ပါ။ အဆင်ပြေရင် ကျွန်တော့် link တွေကို update လုပ်ပေးပါမယ်။