Taskbar Shuffle

August 27th, 2008

ကျွန်တော့်မှာ အကျင့်တစ်ခုရှိပါတယ်။ ဘာလဲဆိုတော့.. Firefox သုံးတဲ့အခါမှာ အမြဲလိုလို Gmail Tab ကို ဘယ်ဖက်အစွန်ဆုံးမှာ ကပ်ထားတာပါ။ ပြီးရင် များသောအားဖြင့် ဒီ blog ပါ။ အဲဒီလို ကိုယ်သုံးနေကျအတိုင်း အစဉ်လိုက် ထားပြီး သုံးပါတယ်။ Windows က Taskbar မှာလဲ Firefox ကို အမြဲ ဘယ်ဖက်မှာထားတတ်ပါတယ်။ Firefox မှာတော့ Tab ကို နေရာရွှေ့တာက လုပ်လို့ရပေမယ့် Windows မှာကျတော့ Taskbar ကို ဟိုရွှေ့ဒီရွှေ့လို့ မရပါဘူး။ (ကြောင်တယ်လို့ပဲ ပြောချင်ပြောပါ.. ကျွန်တော်ကလဲ Taskbar ကို Firefox မှာလိုမျိုး ရွှေ့ချင်တာကြာပါပြီ)။

Firefox မှာ က Tab
firefox_tab.jpg

Windows ရဲ့ Taskbar
windows_taskbar.jpg

ဒီနေ့တော့ သတိရလို့ Google မှာ ရှာကြည့်တာ Taskbar Shuffle ဆိုတဲ့ 600 Kb ပဲ ရှိတဲ့ Tool လေးကို ရှာတွေ့ပါတယ်။ ကျွန်တော် ဖြစ်ချင်တာနဲ့ တစ်ထပ်ထဲကျလို့လဲ တော်တော်ကို ပျော်ပါတယ် :) ။ Config လဲ လုပ်စရာ မလိုပါဘူး (ကျွန်တော်ကတော့ System Tray ထဲက Icon ကို ဖြုတ်လိုက်ပါတယ်။) ။ Install ပြီး run လိုက်တာနဲ့ taskbar က task တွေကို ဟိုပြောင်း ဒီပို့ လုပ်လို့ရသွားပါပြီ။

p.s Windows Vista ကိုလဲ support လုပ်ပါတယ်။

Download Taskbar Shuffle

Similar Posts:

  1. August 27th, 2008 at 11:22 | #1

    မင်းနဲ့ငါက အကျင့်က တူနေပြန်ရော Gmail, Blog ဒါပေမယ့် အဲဒါတွေ ပြီးရင် Phoewa ကျန်သေးတယ်လေကွာ မင်းက ဒါတော့ မဖွင့်ထားဘူးကိုး :D

  1. No trackbacks yet.