Fibre to The Home တကယ်ရတော့မလား??

September 3rd, 2008

MMITpro ကဖတ်မိတဲ့ သတင်းအရ ရန်ကုန်မှာ Fibre to The Home ( FTTH ) တွေကို မကြာခင်မှာ ချပေးတော့မယ်လို့ သိရပါတယ်။ ဒီသတင်းသာ မှန်ခဲ့ရင်တော့ ၀မ်းသာစရာပါပဲ။ FTTH ဆိုတာ ADSL လို Phone Line ကနေ မဟုတ်ပဲ Fibre Optic Cable ကို သုံးတဲ့အတွက် ပိုပြီး မြန်ပါတယ်။ Copper Wire လိုမျိုး အပြင်က noice မရှိတဲ့အတွက် data transfer rate က သာမာန် ADSL ထက် အဆပေါင်းများစွာ data ကို transmit လုပ်လို့ရပါတယ်။

Backbone cable ကို မြို့ပါတ် မီးရထားလမ်း တစ်လျှောက် install လုပ်ထားပါတယ်။ အဲဒီကနေမှ အိမ်တွေကို ဆက်ပြီးတော့ ဆက်သွယ်ပေးမှာပါ။ ဒီ project ကို လုပ်နေတာ Myanmar Teleport (MyanTel) ကလို့လဲ သိရပါတယ်။

ဈေးနှုန်းအနေနဲ့ကတော့ များမယ်လို့ ခန့်မှန်းရပါတယ်။ Company တွေ,Cyber Cafe တွေ နဲ့ Large Organizations တွေအတွက် ရည်ရွယ်ပုံရပါတယ်။ အသေးစိတ်ကတော့ MyanTel က announce လုပ်မှ သိရမှာပါပဲ။

MyanTel ကို ဖုန်းဆက်မေးတဲ့ သတင်းအရ MyanTel က ဒီနှစ် December လောက်မှာ FTTH ကို စပြီး Introduce လုပ်မယ်လို့ သိရပါတယ်။ ဒီပုံအရတော့ သေချာသလောက် ဖြစ်နေပါပြီ။

Similar Posts:

Author: Rapster88 Categories: News Tags: , ,
  1. September 3rd, 2008 at 20:38 | #1

    ကျွန်တော့် အထင် နဲနဲကြာဦးမလားလို့ပါ.. သူတို့ လုပ်တာ မတွေ့မိသေးဘူးဗျ.. နောက် ရထားလမ်းတစ်လျှောက်ဆို သူတို့ မြေတုန်ခါမှုတွေ အတွက်ပါ တွက်ဖို့လိုမယ် ထင်တယ်ဗျ။ နောက်သူက GateWay bandwidth ဘယ်လောက်အထိတိုးသွားလဲ မသိရသေးဘူး။ အခုကြားတာတော့ MPT က ADSL လိုင်းသစ် ချမပေးတော့ပဲ MTP(Bagan) ကို လွဲပေးနေတယ်လို့ ကြားပါတယ်။

  2. Rapster88
    September 3rd, 2008 at 20:56 | #2

    ကျွန်တော် ကြားသလောက်ကတော့ ဟံသာဝတီမှာ ပင်မ Teleport ထိုင်မယ်လို့ကြားတယ်။ ဒါပေမယ့် ရတာနပုံကိုလဲ လွှဲမယ်လို့ ကြားတယ်။ ဘယ်ဟာက အမှန်လဲတော့ မသိဘူး။ ဒီမှာ ၀င်ဖတ်ကြည့်တာ ပိုကောင်းမယ်။ . Official news က ဘယ်မှာမှ မရဘူးဖြစ်တာ ဆိုးတယ်ဗျ။ အနည်းဆုံးတော့ progress လေးလောက် သိရတော့ ကောင်းတာပေါ့။

    ကျွန်တော့် အသိ Bagan ကို ဖုန်းဆက်မေးတာတော့ Dec မှာရမယ်လို့ ပြောတာပဲဗျာ :P ။ ရရင်တော့လဲ သိပ်ကောင်းတာပေါ့။ ရပြီးတော့ ကောင်းဖို့ကလဲ လိုသေးတယ်ဗျ။ ဒီမှာတောင် FTTH က လုပ်နေတုန်း။

  3. Erick
    September 4th, 2008 at 01:27 | #3

    It’s impossible.I don’t think so.

  4. kawaiipyo
    October 15th, 2008 at 16:52 | #4

    ဖြစ်နိုင်ပါတယ်
    နည်းပညာရှင်တွေရှိနေပြီလေ
    ရထားလမ်းဘေးမှာချရတဲ့အကြောင်းရှိတယ်
    ဒီမှာလည်းလူတော်တွေရှိပါတယ်
    မြန်မာနိုင်ငံမှာငတုံးတွေချည်းနေတာမဟုတ်ပါဘူး
    လုပ်ငန်းတစ်ခုလုပ်တယ်ဆိုတာ လုပ်ချင်တိုင်းလုပ်လို့ရတာမဟုတ်ဘူး နည်းပညာအပိုင်း ၊ စီးပွားရေးအပိုင်း စသည်ဖြင့် ဘက်ပေါင်းစုံက ကြည့်ရသေးတယ်လေ
    လူတွေကရောသုံးနိုင်ပါမလား
    copper line တွေကကောင်းတာမဟုတ်ဘူးလေ
    လူတွေက အပြုသဘောဘက်ကမြင်ပေးကြစမ်းပါ။

  5. Rapster88
    October 16th, 2008 at 14:25 | #5

    ဈေးနှုန်းကတော့.. အင်း.. ဈေးနှုန်းကတော့ :|

  1. No trackbacks yet.