ရန်ကုန်မှာ Rapidshare Premium account ၀ယ်ချင်လား?

September 7th, 2008

Rapidshare account ရှိရင် တော်တော် အဆင်ပြေပါတယ်။ လိုချင်သမျှ software, music, video, ebook အကုန်လုံးနီးပါးကို Rapidshare ကနေ download ဆွဲလို့ရတယ်။ ပေးရတာနဲ့ တန်အောင် သုံးလို့ရတဲ့ service ပါ။ အဲဒီ rapidshare premium account ကို ရန်ကုန်မှာ ၀ယ်ချင်လား ?

သာမာန်ဆိုရင် Rapidshare က ၀ယ်ရတာ အလုပ်ရှုပ်ပါတယ်။ ဘာလို့လဲဆိုတော့ Paypal နဲ့ Wire Transfer ပဲ လက်ခံလို့ပါ။ Paypal ကလဲ Credit Card ရှိမှ သုံးလို့ရပြီး Wire Transfer က ငွေလွှဲက ပေးရတဲ့အပြင် ချက်ချင်း မရပါဘူး။

ဒီတော့ ရန်ကုန်ကနေ rapidshare ၀ယ်ချင့်တဲ့သူတွေကို ဆိုင် တစ်ဆိုင် ညွှန်ပေးချင်ပါတယ်။ အဲဒီဆိုင်မှာ rapidshare ကို ပေါက်ဈေးအတိုင်း ၀ယ်လို့ရပြီး account ကို ချက်ချင်း သုံးလို့ရပါတယ်။ Crack/ Hack မဟုတ်ပဲ တရားဝင်လျှောက်ထားတဲ့ credit card ကနေ ၀ယ်ပေးတာဖြစ်လို့ စိတ်ချရပါတယ်။ ကျွန်တော် အခုသုံးနေတဲ့ အကောင့်ကလဲ အဲဒီကနေပဲ တဆင့်ဝယ်ထားတာပါ။ commission ကတော့ ၀ယ်တဲ့ တန်ဖိုးရဲ့ ၁၀% ယူပါတယ်။ ပေါက်ဈေး အတိုင်း ကျပ် နဲ့ မြှောက်ပြီး ရောင်းတာပါ။ Premium Plans တွေကို ဒီမှာ ကြည့်လို့ရပါတယ်။

ဆိုင်လိပ်စာက -

Kickr Internet Cafe
93, 20th Street (Upper Block)
Latha Township, Yangon.
Ph: 4411430

Similar Posts:

    None Found

Author: Rapster88 Categories: Yangon Tags: ,
  1. Zaw Zaw
    September 8th, 2008 at 01:12 | #1

    အကောင့်ဝယ်သုံးတာက free ရတာထက် DL ပိုမြန်မလား သိပါရစေ။

  2. Rapster88
    September 8th, 2008 at 13:28 | #2

    မြန်တယ်ခင်ဗျ။ နောက်ပြီးတော့ Download Manager သုံးလို့ရမယ်။ Resume support လုပ်တယ်။ Parallel download ( ဖိုင်တွေအများကြီးကို တစ်ပြိုင်ထဲ ဆွဲ) လို့ရပါတယ်။

  3. September 15th, 2008 at 01:07 | #3

    အင်းး..။ ပိုက်ဆံကုန်မယ့်ကိစ္စ သိပ်မစဉ်းစားနိုင်သေးဘူးဗျာ။ အခုချိန်ထိ ဖရီးမှ ဖရီးတွေပဲ လိုက်ရှာတုန်းပဲ။ ဒါပေမယ့် အခုလို သိထားတော့ ဝယ်ချင်တဲ့သူရှိရင်ဖြစ်ဖြစ် ကိုယ်တိုင် ဝယ်ချင်လာရင်ပဲ ဖြစ်ဖြစ် အဆင်ပြေတာပေါ့။ ကျေးဇူးဗျာ။

  4. October 25th, 2008 at 19:11 | #4

    ကျေးဇူး ပဲ ဗျာ……
    ဒါပေမယ့် မ၀ယ်မနိုင်ဘူးဖြစ်နေတယ်
    ပိုက်ဆံသာ ရှိလို့ ကတော့ ၀ယ်တယ်ဗျို့ 

  5. 666
    October 29th, 2008 at 19:22 | #5

    အကိုရေ ပြောပြပေးတဲ့အတွက် ကျေးဇူး ဒါပေမယ့် ဆိုင်ဖုန်းနံပါတ်က ၇ လုံးဖြစ်နေလားလို့ ကျနော်က ရန်ကုန်က မဟုတ်တော့ ဖုန်းဆက်စုံစမ်းကြည့်ဖို့ပါ။

  6. Rapster88
    October 31st, 2008 at 00:32 | #6

    ဟုတ်ကဲ့.. နံပါတ်က ၇ လုံးပါ။ VoIP ဖုန်းလေ :)

  7. coolguy
    December 21st, 2008 at 02:44 | #7
  1. No trackbacks yet.