Firefox Right Click Context Menu Editor
Mozilla Firefox မှာ Extensions, Plugins တွေက အသုံးဝင်ပါတယ်။ အသုံးဝင်ပေမယ့် တစ်ခါတစ်လေမှာ draw back လေးတွေ ဖြစ်တတ်ပါတယ်။ အဲဒီထဲက တစ်ခုကတော့ Right Click Context Menu က Addons တွေရဲ့ menu တွေနဲ့ ရှုပ်နေတာပါ။ Addon တစ်ခုစီက သူ့ သက်ဆိုင်ရာ အလိုက် (တစ်ချို့က အသုံးမလိုပဲ) Context Menu ထဲကို ထည့်လိုက်တော့ addons များလေ menu ကြီးက ရှည်ပြီး ရှုပ်နေပါတယ်။ ဒါကို…
Firefox Addon တစ်ခုပဲဖြစ်တဲ့ Menu Editor ကို သုံးပြီး ကိုယ့် စိတ်ကြိုက် ပြင်လို့ရပါတယ်။ လိုချင်တဲ့ Menu ကိုပဲ ချန်ထားပြီး မလိုချင်တာတွေကို ဖျောက်ထားလို့ရပါတယ်။ နောက်ပြီး Context Menu အပြင် Firefox ရဲ့ Main Menu Item တွေကိုပါ ဟိုဖော် ဒီဖျောက် လုပ်လို့ရပါတယ်။
Addon ကို Install လုပ်ပြီးရင် Tools > Addons > Menu Editor > Options ထဲကို ၀င်လိုက်ရင် အောက်မှာ ပြထားသလိုပုံ မြင်ရပါမယ်။ ကိုယ်ဖော်ချင်တာကို အမှန်ထား၊ ဖျောက်ချင်ရင် အမှားလုပ်ရုံပါပဲ။
Install Menu Editor For Firefox

