ဒီနေ့ ကျွန်တော့် အသက် ၂၀ ပြည့်တဲ့ မွေးနေ့ပါ = ) ။ အစကတော့ သာမာန် နေ့တစ်နေ့လိုပဲ ပြီးသွားမယ် ထင်ခဲ့ပေမယ့် ကျွန်တော့်ရဲ့ သူငယ်ချင်းများရဲ့ ကောင်းမှုကြောင့် ( Thanx goes to Samantha, Simran, Sunil, Saman, Shalini, Sharvind, Kimberly and Darren..
) ပျော်ဖို့ကောင်းတဲ့ မွေးနေ့လေး တစ်ခုဖြစ်ခဲ့ပါတယ်။
နောက်ပြီး ကျွန်တော့်ကို မွေးတဲ့အချိန်ကစပြီး အခုလို ဖြစ်လာတဲ့အချိန်ထိ ကျွေးမွေးပျိုးထောင် လာခဲ့တဲ့ အဖေ၊ အမေနဲ့ မိသားစုကိုလဲ ဒီနေရာကနေ ရှိခိုးကန်တော့လိုက်ပါတယ်။ Birthday Card ပို့၊ ဖုန်းဆက်ပြီး wish လုပ်တဲ့ သူငယ်ချင်းတွေကိုလဲ ကျေးဇူးတင်ပါတယ်။
အခု ဒီ post ကို ရေးနေတုန်းမှာပဲ Birthday Cake ထပ်ဝယ်လာတဲ့ ကျွန်တော့်ရဲ့ House Mate ကြီး Sree နဲ့ Joe ကိုလဲ ကျေးဇူးတင်ပါတယ်။
ps. ဒုတိယအကြိမ် မျက်နှာကို ကိပ်မုန့်နဲ့ အသုတ်ခံရသေးတယ် =P .
Rapster88
30/10/2008
DDoS or DoS လို့ခေါ်တဲ့ Denial Of Service attack က ရိုးရှင်းပြီး effect ဖြစ်ပါတယ်။ DoS အကြောင်းကို အရင်က ဒီမှာ ရေးခဲ့ဖူးပါတယ်။ ခပ်တိုတိုပြောရရင်တော့ Website တစ်ခုကို Hacker ထိန်းချုပ်ထားတဲ့ PC တွေ (Bots) အများကြီးကနေ Request တွေ အများကြီးကို တစ်ပြိုင်ထဲ ပို့လိုက်ရင် အဲဒီ အတိုက်ခံရတဲ့ Website ရဲ့ Web Server က Request တွေကို handle မလုပ်နိုင်တော့ပဲ Down သွားတာပါ။ အဲဒီလို အတိုက်ခံရတာကို ကာကွယ်ချင်ရင် ဒီ php file လေးကို သုံးပြီး prevent လုပ်လို့ရပါတယ်။
Read more…
Experience လိုချင်လို့ Ubuntu စမ်းတင်ကြည့်တာ နောက်ဆက်တွဲ ပြဿနာလေးတွေပါ ပေါ်လာလို့ ဖြေရှင်းရင်း အတွေ့အကြုံ အသစ်လေးတွေ ရပါတယ်။ ပထမဆုံး ပြဿနာက – Ubuntu ISO ကို CD Burn တာပါ။ အရင်က သုံးနေကြအတိုင်း Nero နဲ့ လုပ်လိုက်တာ CD ၅ ချပ် လစ်သွားပါတယ်။ Burn တာ ပြီးခါနီး ၉၉% ရောက်ရင် Session Fixation Error ဆိုပြီး ဂန့်ကုန်တယ်။ ဒါနဲ့ UBuntu က ညွှန်ထားတဲ့ ဒီ InfraRecorder ကို စမ်းကြည့်တာ…
Read more…
လွန်ခဲ့တဲ့ ၂ ရက်က ကျွန်တော် Ubuntu (အူဘွန်းတူး
) 8.04 LTS ကို Download လုပ်ပြီး Laptop ပေါ်မှာ စမ်းပြီး Vista နဲ့ Dual Boot ရအောင် လုပ်ကြည့်ပါတယ်။ တကယ်လုပ်ချင်တာကတော့ Vista/XP/Ubuntu ကို Triple boot ချင်တာ HDD က နေရာ မဆန့်တော့လို့ XP ကို ဖြုတ်လိုက်ရတယ်
။ ISO ကို CD ပေါ် burn ပြီးတော့ boot တက်ပြီး Install လုပ်တဲ့အထိတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် Ubuntu ရဲ့ Grub လို့ ခေါ်တဲ့ bootloader ကို install လုပ်တဲ့နေရာလဲရောက်ရော Unable to install ဆိုပြီး error တက်လာပါရော။ Retry လုပ်လဲ အဲဒီ error ပဲ ပြပါတယ်။
Read more…
ကျွန်တော် ဒီရက်ပိုင်းတွေမှာ မအားလို့ Post အသစ်တွေ မတင်နိုင်လောက်သေးပါဘူး။ ကျောင်းပိတ်ထားပေမယ့် ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ မအားတာရယ် နောက်ပြီး Internet Connection က ဒုက္ခပေးနေလို့ ပါ။ ရှေ့အပါတ်ထဲမှာတော့ အသစ် တင်နိုင်မယ် ထင်ပါတယ်။ နေ့တိုင်း လာကြည့်ပြီး အားပေးတဲ့သူတွေကိုလဲ ကျေးဇူးတင်ပါတယ်။ RSS Feed ယူထားရင်တော့ ကျွန်တော် အသစ်တင်ရင် အကြောင်းကြားပေးမှာပါ။
p.s Connection က အခုရေးနေရင်းနဲ့တောင် ကျလိုက် တက်လိုက် ဖြစ်နေပါတယ်။ (FTTH Connection လဲ ရတော့မယ်လေ
)