Had A Problem While Installing Ubuntu’s Grub
လွန်ခဲ့တဲ့ ၂ ရက်က ကျွန်တော် Ubuntu (အူဘွန်းတူး
) 8.04 LTS ကို Download လုပ်ပြီး Laptop ပေါ်မှာ စမ်းပြီး Vista နဲ့ Dual Boot ရအောင် လုပ်ကြည့်ပါတယ်။ တကယ်လုပ်ချင်တာကတော့ Vista/XP/Ubuntu ကို Triple boot ချင်တာ HDD က နေရာ မဆန့်တော့လို့ XP ကို ဖြုတ်လိုက်ရတယ်
။ ISO ကို CD ပေါ် burn ပြီးတော့ boot တက်ပြီး Install လုပ်တဲ့အထိတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် Ubuntu ရဲ့ Grub လို့ ခေါ်တဲ့ bootloader ကို install လုပ်တဲ့နေရာလဲရောက်ရော Unable to install ဆိုပြီး error တက်လာပါရော။ Retry လုပ်လဲ အဲဒီ error ပဲ ပြပါတယ်။
Grub မပါပဲ ဆိုရင် Ubuntu ကို boot တက်လို့ မရပါဘူး။ LILO ဆိုတဲ့ နောက် Bootloader တစ်ခုတော့ ရှိပေမယ့် အဲဒါတင်ရင်ကြတော့ Vista နဲ့ Dual Boot လို့မရပြန်ဘူး။ LILO က စက်တက်တာနဲ့ Ubuntu ထဲကို တစ်ခါတည်း ၀င်သွားတယ် ( ကျွန်တော် မလုပ်တတ်တာလဲ ပါလိမ့်မယ်
) ။
EasyBCD နဲ့လဲ စမ်းကြည့်ပါတယ်။ မရပါဘူး။ အဲဒါနဲ့ Ubuntu ကို အစက ပြန်တင်လိုက် (Installation Time က မိနစ် ၂၀ လောက်).. မရရင် Vista ရဲ့ Bootloader ကို တစ်ခါ ပြန်ပြင်ရနဲ့ တိုင် တကယ်ကို ပိတ်ပါတယ်။
How I Got It Finally
နောက်ဆုံး တစ်ခေါက်မှတော့ စိတ်ပေါက်ပေါက်နဲ့ Vista ထဲ ပြန်ဝင်ပြီး Ubuntu တင်ဖို့ လုပ်ထားတဲ့ Partation ကို ဖျက်ပလိုက်ပါတယ်။ အဲဒီပြီးတော့ တင်လဲ တင်ရော Grub က အဆင်ပြေပြေ တင်လို့ ရသွားပါတယ်။
အစက အဲဒီ Partation က XP တင်ထားတဲ့ အပိုင်းထဲကို Ubuntu ကို ထည့်တာမှာ ဘာက ဘယ်လိုဖြစ်သွားမှန်း မသိပဲ မရတာပါ ( Format လဲ အကြိမ်ကြိမ်ချ ပြီးသားပါ)။ ဒီတော့ ကျွန်တော့်လို့ပဲ Grub ထည့်လို့မရဖြစ်နေရင် အခုလိုမျိုး စမ်းကြည့်ပါလို့ ပြောချင်ပါတယ်။ ![]()


ကျွန်တော်လဲ အရင်က အဲဒီလိုတိုင်ပတ်ဖူးတယ်.. Windows Server 2003, XP, Vista အပြင် Ubuntu တင်တယ် အဲဒါ အကုန် boot တက်တယ်.. နောက်ထပ်စမ်းမယ်ဆိုပြီး OpenSuse ပါ ထပ်တင်လိုက်တော့ တိုင်ပတ်ရော.. အကုန်ပျက်သွားတယ်.. မရဘူး ဒါနဲ့ နောက်ထပ် အကုန် အစအဆုံးပြန်တင်တယ် အားလုံး ပြီးတော့ ထပ်စမ်းမရဘူး.. စမ်းရင်း စမ်းရင်းနဲ့ windows ကို အကြိမ် ၅၀ လောက်တင်လိုက်ပြုတ်လိုက်နဲ့ မရတော့လို့ လက်လျော့လိုက်ပြီ.. အခုတော့ Suse ကို VM Ware နဲ့ပဲ တင်တော့..
because Ubuntu use GERD boot that is more basic than window boot and so if u install the linux later but window is missing right. did u know about how to repair Ubuntu boot file . i install ubuntu first and then later install vista … i can’t find the ubuntu right now …
pls help
No. Normally, GRUB can detect Windows automatically and adds to the list. But, in your case, you install XP after Ubuntu so XP replace GRUB with it’s own boot loader in Master Boot Record (MBR). In order to restore GRUB, you can use either two way. One is using EasyBCD. [Link]
Other way is install Grub again. Follow the guide on Ubuntu Forum. Hope it will help. [Link]
Installation GRUB : Fatal Error…..
Ubuntu help ထဲမှာတော့ Easy BCD နဲ့ GRUB ကို Install လုပ်လို့ ရတယ်လို့ ပြောထားပေမယ့်…..အဆင်မပြေပါဘူး…..
Forum ထဲမှာလဲ terminal ထဲမှာ GRUB ကို Install ပြန်လုပ်တဲ့ Code ရေးပေးထားပေမဲ့ မရခဲ့ပါဘူး……
Partation ကို Ext 2 အဖြစ်ထားပါ…mout point ကို \ ထားပါ…..Installation ပြီးသွားတဲ့အခါ GRUB မှာ Vista ကို Other Operation System
အနေနဲ့ တွေ့ ရပါလိမ့်မည်။….
Open Source ကတော့အားရဖို့ ကောင်းပေမယ့် ညီတို့ လို Limited Bandwidth Internet User တွေ အနေ နဲ့ က တော့ အလှမ်းဝေးနေသေးပါတယ်….