InfraRecoder – Light Weight Yet Powerful CD/DVD Burner
Experience လိုချင်လို့ Ubuntu စမ်းတင်ကြည့်တာ နောက်ဆက်တွဲ ပြဿနာလေးတွေပါ ပေါ်လာလို့ ဖြေရှင်းရင်း အတွေ့အကြုံ အသစ်လေးတွေ ရပါတယ်။ ပထမဆုံး ပြဿနာက – Ubuntu ISO ကို CD Burn တာပါ။ အရင်က သုံးနေကြအတိုင်း Nero နဲ့ လုပ်လိုက်တာ CD ၅ ချပ် လစ်သွားပါတယ်။ Burn တာ ပြီးခါနီး ၉၉% ရောက်ရင် Session Fixation Error ဆိုပြီး ဂန့်ကုန်တယ်။ ဒါနဲ့ UBuntu က ညွှန်ထားတဲ့ ဒီ InfraRecorder ကို စမ်းကြည့်တာ…
ဘာထူးခြားသလဲ?
ကျွန်တော် အကြိုက်ဆုံးဖြစ်တဲ့ ဈေးနှုန်းက Free ပါ
။ နောက်တစ်ချက်က Portable version ရှိပါတယ်။ Light Weight လဲဖြစ်ပါတယ်။ Portable ရဲ့ file size က 10 MB မပြည့်ပါဘူး။ သုံးရတဲ့ Interface က ရိုးရှင်းပြီး လွယ်ပါတယ်။ ဒါက သူ့ရဲ့ Feature တွေပါ။
Nero နဲ့ Burn လို့ အဆင်မပြေတဲ့ ISO က InfraRecorder မှာ ၁ ခါထဲနဲ့ အဆင်ပြေပြေ ခုတ်လို့ ပြီးသွားပါတယ်။ တစ်ခြား Features တွေကိုတော့ မစမ်းကြည့်ရသေးပေမယ့် အဆင်ပြေမယ်လို့ ယူဆပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ အစွမ်းထက်တဲ့ Burner တစ်ခုပါပဲ
။

