Prevent Your Site From DDoS Attack

October 24th, 2008

DDoS or DoS လို့ခေါ်တဲ့ Denial Of Service attack က ရိုးရှင်းပြီး effect ဖြစ်ပါတယ်။ DoS အကြောင်းကို အရင်က ဒီမှာ ရေးခဲ့ဖူးပါတယ်။ ခပ်တိုတိုပြောရရင်တော့ Website တစ်ခုကို Hacker ထိန်းချုပ်ထားတဲ့ PC တွေ (Bots) အများကြီးကနေ Request တွေ အများကြီးကို တစ်ပြိုင်ထဲ ပို့လိုက်ရင် အဲဒီ အတိုက်ခံရတဲ့ Website ရဲ့ Web Server က Request တွေကို handle မလုပ်နိုင်တော့ပဲ Down သွားတာပါ။ အဲဒီလို အတိုက်ခံရတာကို ကာကွယ်ချင်ရင် ဒီ php file လေးကို သုံးပြီး prevent လုပ်လို့ရပါတယ်။

How It Works

Little Lady Baby DoS Shield က PHP script တစ်ခုပါ။ Logic က ရှင်းပြီး ကောင်းပါတယ်။ ဘယ်လို အလုပ်လုပ်လဲ ဆိုတော့ သတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာ တစ်ခုမှာ သတ်မှတ်ထားတဲ့ အကြိမ်အရေအတွက်ထက် ပိုပြီးတော့ request ၀င်လာရင် အဲဒီ IP ကို ခဏ ban လိုက်ပါတယ်။

How to Use It

ကျွန်တော်ကတော့ ကျွန်တော့် Blog directory ထဲကို tweety.php ဆိုတဲ့ php file ကို upload လိုက်ပြီးတော့ index.php ထဲမှာ အောက်က ပြထားတဲ့အတိုင်း get_header(); ဆိုတာရဲ့ အနောက်မှာ  include(“tweety.php”); ဆိုပြီး ထည့်ပေးလိုက်ရင် ရပါတယ်။

DoS Shield Code Added to index.php

DoS Shield Code Added to index.php

Configuration?

Script file ထဲမှာ Configuration settings တွေ ရှိပါတယ်။ Script က attack အလုပ်ခံရတယ်လို့ ယူဆတိုင်းမှာ ကိုယ့် email ထဲကို Warning mails တွေ ပို့အောင် လုပ်ထားလို့ရပါတယ်။

ps. ဒီ ပို့စ်ကို ပြီးခဲ့တဲ့ တစ်ပါတ်လောက်က ရေးထားပြီးတော့ မတင်ဖြစ်ပါဘူး။ DoS Shield ရဲ့ download page က ၀င်လို့ မရလို့ပါ။ အခုတော့ ပြန်ရသွားလို့ တင်လိုက်ပါတယ်။ နောက်ပြီး လောလောလတ်လတ်ပဲ ကျွန်တော့် ဘလော့ကို dos ခံရတယ်လို့ ယူဆပါတယ်။ အောက်မှာ ပါတဲ့ ပုံကိုကြည့်ပါ။

Warning Messages

Warning Messages

Download DDoS Shield

Similar Posts:

  1. December 28th, 2008 at 23:26 | #1

    Yes! bro your site have been Dos Attack, I think that is myanmar IP. It’s just prevent 50% or less than that. You need to contact your hosting and how to prevent or how they can prevent your site ?

  1. No trackbacks yet.