Wordpress Plugins That I Use [3]

November 9th, 2008

ပြောရင်လဲ ဒီဘူတာပဲ ဆိုက်နိုင်လို့ မပြောပေမယ့် Myan Tel နဲ့ MPT က FTP port တွေကို ပိတ်ထားတာ ဘာသဘောမှန်းကို မသိပါဘူး။ ကိုယ်ပိုင် website လေးလုပ်ပြီး online တင်ရင်တောင် FTP သုံးဖို့ကို လိုက်ပြီး ကျော်ခွနေရပါတယ်။ Web2FTP လိုမျိုးတော့ ရှိပေမယ့် တစ်ခါတစ်လေဆို IP limit ဖြစ်လို့ တင်မရတာလဲ ဖြစ်တတ်ပါတယ်။

ထားပါ.. အခုက အဲဒီ upload တင်ရတဲ့ ပြဿနာကို အဆင်ပြေအောင်လုပ်နိုင်တဲ့နည်းပါ။ ကျွန်တော်တို့ wordpress သုံးတဲ့သူတွေမှာ Wordpress version အသစ်ထွက်ရင် update လုပ်ရပါတယ်။ Package size က 5 MB တောင် မကျော်ပေမယ့် connection မကောင်းရင် တင်ရတာ အဆင်မပြေပါဘူး။ Upload နေရင်း လိုင်းကျသွားတာ၊ unzip လုပ်တော့မှ ဘာမှ မလာပဲ အကုန်ရပ်သွားတာ အဲဒီလိုမျိုး ဒုက္ခတွေကို ကြုံဖူးကြမှာပါ။

ကံကောင်းစွာနဲ့ပဲ အဲဒီ စိတ်ညစ်စရာ ပြဿနာကြီးကို ဒီ “Wordpress Automatic Upgrade” လို့ခေါ်တဲ့ plugin လေးကို သုံးပြီး သက်တောင့် သက်သာ ကျော်ဖြတ်လို့ရပါတယ်။ =) ။ သူ့ရဲ့ နာမည်အတိုင်းပဲ Wordpress က version အသစ်ထွက်ရင် automatic upgrade လုပ်ပေးတာပါ။ (ကိုယ်ကတော့ လိုက်ပြီး click နိုပ်ပေးရတာပေါ့ :P ) ။ Update file ကို download လုပ်တာ၊ Database ကို backup လုပ်တာ၊ Plugins တွေကို disable/enable လုပ်တာနဲ့ update ကို extract လုပ်တွေကို တစ်ဆင့်ချင်းဆီလုပ်ပြီး upgrade လို့ရပါတယ်။

အဲဒီ plugin ကို သုံးရင် တစ်ခုပဲ သတိထားစေချင်တာက database နဲ့ file တွေကို Backup လုပ်ပြီးတိုင်းမှာ ကိုယ့်စက်ထဲကို download ဆွဲထားဖို့ပါ။ ဒါမှ တစ်ခုခု ဖြစ်သွားခဲ့ရင် အလွယ်တကူ ပြန်ပြီး restore လို့ရမှာပါ။

Install လုပ်တာကတော့ အောက်မှ ပြထားတဲ့ လင့်ကို download လုပ်ပြီး /plugins folder ထဲကို ထည့်ပြီး plugins page ကနေ activate လိုက်ရင် သုံးလို့ရပါပြီ။ Wordpress version အသစ်ထွက်တိုင်း သူ့က ပြပါလိမ့်မယ်။

Wordpress Automatic Upgrade

Similar Posts:

  1. No comments yet.
  1. No trackbacks yet.