Ways to Run Regedit with different file extension

December 10th, 2008

Virus အမျိုးမျိုး ရှိပါတယ်။ File တွေကို ဖျောက်တာ၊ ပွားတာ ကအစ ဒုက္ခအမျိုးမျိုး ပေးတဲ့ virus က တစ်ခါတစ်လေမှာ စက်ထဲမှာ ရှိသမျှ .exe တွေကို run လို့ မရအောင် Registry ထဲကနေ ၀င်ပြီး ပိတ်သွားတာမျိုး ဖြစ်တတ်ပါတယ်။ Registry Editor (regedit) ကလဲ exe ဆိုတော့ ဘာမှ လုပ်လို့ မရအောင် လုပ်တဲ့ သဘောပါပဲ။ ဒါပေမယ့် Windows XP မှာတော့ Registry Editor ကို file extension ပြောင်းပြီး run လို့ရတဲ့ နည်းတွေ ရှိပါတယ်။ Vista မှာတော့ ကျွန်တော် စမ်းကြည့်သလောက် မရပါဘူး။

  1. အရင်ဆုံး C:\Windows\ ထဲက regedit.exe ကို backup လုပ်လိုက်ပါ။
  2. ပြီးရင် Windows Explorer က Tools > Folder Options > View > Un-tick “Hide extension for known file types”
  3. ပြီးရင် အဲဒီ registry editor ကို “.com, .bat, .scr, .cmd” ထဲက အဆင်ပြေတဲ့ တစ်ခုခုနဲ့ ပြောင်းလိုက်ပါ။
  4. ဒါဆိုရင် Registry Editor ကို သုံးလို့ရပါပြီ။

အဆင်ပြေပါစေ။

Similar Posts:

  1. No comments yet.
  1. No trackbacks yet.