Fix NTLDR Missing Problem
ဘာရေးရမလဲ မသိလို့ ဒါလေးပဲ ရေးလိုက်ပါတယ်။ အတော်များများတော့ သိပြီးလောက်ပါပြီ။ ဒီလိုပါ။ Windows 2003 နဲ့ Windows XP မှာ NTLDR လို့ ခေါ်တဲ့ New Technology LoaDeR ဆိုတဲ့ boot loader file နဲ့ boot.ini ဆိုတဲ့ config ဖိုင် ၂ ခု ရှိပါတယ်။ ၂ ခုလုံးက root (C:\) ထဲမှာ ရှိပါတယ်။ System ကို power on လိုက်တာနဲ့ Bios က boot.ini ကို ဖတ်ပြီးတော့ ဘယ် Windows ကို (၂ခု ရှိခဲ့ရင်) load လုပ်ရမလဲ ဆိုတာ ရွေးခိုင်းပါတယ်။ ပြီးရင် NTLDR ကနေ လိုအပ်တာတွေကို ဆွဲတင်ပါတယ်။ (အဆင့်တွေ ရှိသေးပေမယ့် မလိုလို့ မရေးတော့ပါဘူး။)
တကယ်လို့ C:\ ထဲမှာ boot.ini မရှိရင်လဲ Boot တက်လို့ ရပေမယ့် ntldr ပျောက်ရင်တော့ Boot တက်လို့ မရတော့ပါဘူး။ “NTLDR is missing. Press any key to restart” ဆိုတဲ့ error မျိုး ပြပြီး ရပ်သွားတတ်ပါတယ်။ အဲဒီ ပြဿနာကို Windows XP installer disc ရှိရင် ခဏလေးနဲ့ ဖြေရှင်းလို့ ရပါတယ်။
- အရင်ဆုံး disc ကို စက်ထဲ ထည့်ပြီး CD ကနေ boot တက်လိုက်ပါ။
- Windows Setup ကို ရောက်သွားရင် R နှိပ်ပါ။
- ကိုယ်ပြင်မယ့် Windows က တစ်ခုပဲ ရှိရင်တော့ 1 လို့ ထည့်ပြီး Enter နှိပ်ပါ။
- Administrator password လုပ်ထားရင် အဲဒီမှာ ရိုက်ထည့်ပေးလိုက်ပါ။
- အောက်က command တွေကို သုံးပြီး NTLDR နဲ့ ntdetect.com ဆိုတဲ့ ဖိုင် ၂ ခုကို CD ပေါ်ကနေ ကူးပြီး တင်ပါမယ်။
map လို့ ရိုက်ပြီး enter နှိပ်လိုက်ရင် CD drive ရဲ့ drive letter နဲ့ Windows Partition ရဲ့ drive letter ကို ပြပါတယ်။ အောက်က ဥပမာမှာ CD drive ကို D: အနေနဲ့ထားပါတယ်။
copy d:\i386\ntldr c:\
copy d:\i386\ntdetect.com c:\
Command တစ်ခု ရိုက်ပြီးတိုင်းမှာ 1 file(s) copied လို့ ပြရင် file ကူးတင်တာ အောင်မြင်ပါတယ်။ ၂ ခုလုံး ကူးပြီးရင် PC ကို restart ချလိုက်ပါ။
အဲဒီနည်းနဲ့ ntldr ကို ပြန်ကူးတင်လို့ ရပါတယ်။ Windows Vista မှာတော့ ntldr အစား winload.exe ဆိုတဲ့ Boot Loader ကို သုံးထားပါတယ်။ Vista ရဲ့ boot loader ကို ပြင်ရတာ ပိုပြီး လွယ်ပါတယ်။ နောက်ထပ် တင်မယ့် post က Vista အတွက် ဖြစ်ပါလိမ့်မယ်။ ![]()

