Readme.html

December 14th, 2008

Wordpress ဆိုတဲ့ blogging platform က အခုဆို version 2.7 အထိရောက်လာပါတယ်။ Features အသစ်တွေပါလာသလို security hole တွေကိုလဲ fix လုပ်ထားပါတယ်။ ဒါပေမယ့်လည်း ဘယ်ဟာကမှ perfect မဖြစ်ပါဘူး။ တစ်နေရာရာမှာတော့ ဟာကွက်ဆိုတာ ရှိတတ်ပါတယ်။ Hacker တွေကလဲ အဲဒီလို ဟာကွက်တွေကို အသုံးပြုပြီးတော့ hack လုပ်တတ်ပါတယ်။ ဥပမာ ဒီ milw0rm ဆိုတဲ့ site မှာဆိုရင် Windows ရော Web application အတော်များများရဲ့ ဟာကွက်တွေကို သူ့ version အလိုက်ပြထားပြီးတော့ အဲဒီ ဟာကွက်ကို သုံးပြီး တိုက်ခိုက်နည်းတွေပါ ရှိပါတယ်။

အဲဒီ site တွေကကိုယ့်ဟာကွက်ကို ပြန်ကာကွယ်တဲ့နေရာမှာ သုံးလို့ ကောင်းပေမယ့် တစ်ယောက်ယောက်က ကိုယ့် site ကို လာပြီး attack လုပ်မှာကိုတော့ ဘယ်သူမှ လိုလားမှာ မဟုတ်ပါဘူး။ ဥပမာအားဖြင့် အဲဒီ mailw0rm မှာ wordpress version 2.6.1 ရဲ့ security flaw ကို သုံးပြီး admin access ရအောင် လုပ်တဲ့နည်း ရှိပါတယ်။ Update လုပ်ထားရင်တော့ အဲဒီ flaw က မရှိတော့ပါဘူး။

Wordpress မှာ readme.html ဆိုတဲ့ html file တစ်ခု ရှိပါတယ်။ အဲဒီ file ထဲမှာ အခု လက်ရှိသုံးနေတဲ့ wordpress ရဲ့ version ကို ရေးထားပါတယ်။ အစက ကျွန်တော်လဲ မသိပေမယ့် သိပြီးတဲ့ နောက်ပိုင်းမှာတော့ wordpress ကို upgrade လုပ်ပြီးတာနဲ့ readme.html ကို အမြဲ ဖျက်ချလိုက်ပါတယ်။ အနည်းဆုံးတော့ တစ်နည်းနည်းနဲ့ ကာကွယ်တယ်လို့ ယူဆလို့ပါ။

အဲဒီ readme.html က blog ရဲ့ root ထဲမှာ ရှိပါတယ်။ အခုတော့ နမူနာ ပြရအောင်လို့ edit နည်းနည်းလုပ်ပြီး ပြန်တင်ထားပါတယ်။ [Readme.html] :P

Similar Posts:

  1. No comments yet.
  1. No trackbacks yet.