How to install Zawgyi on JailBroken iPod/iPhones
The credit goes to original author
This guide only applies to Jailbroken iPod Touch & iPhones.
အခုရေးမယ့် Guide က Jailbroken လုပ်ထားတဲ့ iPod Touch နဲ့ iPhones တွေပေါ်မှာ Zawgyi Font ကို install လုပ်တဲ့ နည်းဖြစ်ပါတယ်။ Zawgyi font နဲ့ ရေးထားတဲ့ webpages တွေကို ဖတ်လို့ရအောင်ပါ။ အခု guide က Windows ပေါ်မှာ လုပ်နည်းကိုပဲ ရေးသွားပါမယ်။ iPod/iPhone ကတော့ ဘယ် generation မဆို JB ဖြစ်ရင် လုပ်လို့ရပါတယ်။
Font ကို install လုပ်ဖို့ iPod ပေါ်မှာ OpenSSH တင်ထားဖို့ လိုပါမယ်။ OpenSSH ကို Cydia ကနေ install လုပ်လိုက်ပါ။ ပြီးရင် Windows အတွက် WinSCP ကို ဒီကနေ download လုပ်ပြီး Install လိုက်ပါ။ iPod ရဲ့ FontCache file ကို edit လုပ်ဖို့ pledit.exe ကိုလဲ ဒီကနေ download လုပ်ထားပါ။ တင်မယ့် Zawgyi font file ကိုလဲ အဆင်သင့် လုပ်ထားပါ။ တစ်ခု သတိထားရမှာက font extension က .ttf လိုမျိုး အကုန်လုံး အသေးနဲ့ ဖြစ်ရပါမယ်။ .TTF ဖြစ်နေရင် rename လုပ်ထားလိုက်ပါ။
Step by step ကို Screen shot ရိုက်ပြီး ပြချင်ပေမယ့် ကျွန်တော့် iPod ကို မနေ့ကပဲ Original Firmware ပြန်တင်ထားလို့ SSH နဲ့ ၀င်လို့မရတော့ပါဘူး။
WinSCP ကို သုံးပြီး iPod ထဲကို ၀င်ဖို့ Wireless Connection တစ်ခုရှိဖို့ လိုပါမယ်။ Access Point (or) Ad-Hoc နဲ့ Connection တစ်ခု လုပ်လိုက်ပါ။ iPod ရဲ့ IP ကိုလဲ မှတ်ထားပါ။
WinSCP ကို run လိုက်ပါ။ Hostname: ဆိုတဲ့ နေရာမှာ iPod ရဲ့ IP address ကို ထည့်ရပါမယ်။ Port က တော့ 22 ပါပဲ။ Username နေရာမှာ “root” နဲ့ password က “alpine” လို့ ထည့်ပေးလိုက်ပါ။ (quotes ” ” တွေ မပါပဲထည့်ရမှာပါ) ပြီးရင် Login ကို နှိပ်ပေးလိုက်ပါ။

Login successful ဖြစ်သွားရင် WinSCP ထဲက ညာဖက်မှာ iPod ရဲ့ System file တွေကို တွေ့ရမှာပါ။ ဘယ်ဖက်က PC ထဲက ဖိုင်တွေ ဖြစ်ပါတယ်။ အဲဒီ ညာဖက်က file directory တွေအပေါ်နားမှာ Directory ပြောင်းတဲ့ Dropdown button လေးတစ်ခု ရှိပါတယ်။ သူ့ကို နှိပ်ပြီး “\” ကို ရွေးပေးလိုက်ပါ။ ဒါဆိုရင် iPod ရဲ့ root ထဲကို ရောက်သွားပါပြီ။
System ဆိုတဲ့ folder ကို လိုက်ရှာပြီး /system/library/fonts/cache အထိ ၀င်လိုက်ပါ။ ပြီးရင် Zawgyi.ttf ကို အဲဒီထဲကို ကူးထည့်လိုက်ပါ။
/fonts ကို ပြန်ဝင်လိုက်ပြီး CGFontCache.plist ဆိုတဲ့ ဖိုင်ကို စက်ထဲကို ကူးထည့်လိုက်ပါ။ အဲဒီ ဖိုင်ကို edit မလုပ်ခင်မှာ backup အရင် လုပ်ထားလိုက်ပါ။
pledit.exe နဲ့ CGFontCache.plist ကို ဖွင့်လိုက်ပါ။ ကျွန်တော်တို့ Zawgyi အတွက် entry ၂ ခု လုပ်ပေးဖို့ လိုပါမယ်။ Zawgyi ဆိုတော့ Z နဲ့စလို့ List ရဲ့ အောက်ဆုံးက Z နေရာမှာ ထည့်ရမှာပါ။ (နမူနာ CGFOntCache.plist ကို download လုပ်ဖို့ ထည့်ပေးထားပါတယ်။) အောက်မှ ပြထားတဲ့ code ကို ရှာလိုက်ပါ။
<key>Zapfino</key>
<string>/System/Library/Fonts/Cache/Zapfino.ttf</string>
ပြီးရင် သူ့ရဲ့အောက်မှာ ကပ်ပြီး အဲဒီ ပုံစံအတိုင်းပဲ အပေါ်က Key ကွင်းထဲမှာ Zawgyi-One လို့ ထည့်ပြီး အောက်က String နေရာမှာက Zawgyi ရဲ့ path ကို ထည့်ပေးလိုက်ပါ။ ဒါဆိုရင် ဒီလို ဖြစ်သွားပါပြီ။
<key>Zapfino</key>
<string>/System/Library/Fonts/Cache/Zapfino.ttf</string>
<key>Zawgyi-One</key>
<string>/System/Library/Fonts/Cache/Zawgyi-One.ttf</string>
နောက် တစ်ဆင့်ကို ဆက်သွားပါမယ်။ အပေါ်က အတိုင်းလိုပါပဲ CGFontCache ရဲ့ အောက်ဆုံးမှာ entry တစ်ခု ထည့်ပေးရပါမယ်။ အောက်မှာပြထားသလို ရှာပြီး ဖြည့်လိုက်ပါ။
<key>Zapfino</key>
<dict>
<key>Plain</key>
<string>Zapfino</string>
</dict>
<key>Zawgyi-One</key>
<dict>
<key>Plain</key>
<string>Zawgyi-One</string>
</dict>
တစ်ခု သတိထားရမှာက အခု code ရဲ့ အောက်ဆုံးက </dict> အပြီးမှာ နောက်ထပ် </dict> ၂ ခု နဲ့ </plist> ဆိုတာ တစ်ခု ရှိသေးတာပါ။
Edit ပြီးသွားရင်တော့ ပြင်ထားတဲ့ အခု CGFontCache ကို iPod ထဲက CGFontCache နဲ့ replace လုပ်ပြီး iPod ကို reboot ချလိုက်ရင် ဇော်ဂျီကို install လုပ်တာ ပြီးပါပြီ။ တခြား မြန်မာ ဖောင့်တွေကိုလဲ ဒီနည်းနဲ့ စမ်းပြီး Install လုပ်ကြည့်လို့ရပါတယ်။ တစ်ခုခု မှားသွားလို့ရှိခဲ့ရင်လဲ backup လုပ်ထားတဲ့ CGFontCache ကို ပြန်ထည့်လိုက်ရုံပါပဲ။


Thank you ပဲဗျာ ။ ပုံနဲ့မဟုတ်တော့ နည်းနည်းများ ရွာလယ်မလားပဲ ။ Try ကြည့်လိုက်အုံးမယ်ဗျာ ။
ဟုတ်ကဲ့..စမ်းကြည့်လိုက်ပါ။ အဆင်မပြေရင် ပြန်မေးလေ
အဆင်ပြေသွားပါတယ်။ နောက်ထက်ပြီးတော့လဲ အသုံးဝင်မဲ့ App လေးတွေနဲ့ PDF File တွေဖတ်လို့ရအောင်
နည်းလေးတွေလဲ အားရင်ရေးပါအုံးဗျာ။ ကျေးဇူး ။
ဟုတ်ကဲ့.. ကျွန်တော် App review သဘောမျိုး ရေးဖို့တော့ စိတ်ကူးထားပါတယ်.. 2G အတွက် Permanent JB ထွက်ပြီးရင်တော့ ပိုကောင်းသွားပြီပေါ့။ PDF အတွက်က Files Lite သုံးလို့ရမယ်ထင်တယ်။ Cydia မှာ လဲ ရှာကြည့်လေ..
ကျေးဇူးအထူး
thank you for your post
It’s my honor to see your comment, Sir =)
hi bro,
ကျနော့ iphoe 3g မှာစမ်းကြည့်တာအဆင်မပြေဘူးဗျ။ တချို.webpage မှာမပေါ်ဘူး(including ur page)တချို.webpage မှာ ခေါင်းစဉ်ပဲပေါ်တယ် but တချို.webpage မှာအကုန်ဖတ်လိုရတယ်.could u pls reply me why please.Thanks
Page ပေါ်မှာ မူတည်မယ် ထင်တယ်ဗျ။ ဥပမာတစ်ချို့စာတွေကို zawgyi နဲ့ ရေးထားပေမယ့် html ထဲမှာက zawgyi ကို မသုံးထားရင် အဲဒီလို ဖြစ်မလားမသိဘူး။ မပြောတော့ မပြောတတ်ဘူးဗျ။
ကျွန်တော်လဲအဆင်မပြေပါဘူး၊ မြန်မာလိုမပေါ်ပဲ အကွက်အကွက်တွေပဲပေါ်တယ်၊ တစ်ချက်လောက်ကူညီကြပါ ခင်ဗျာ၊ ကျေးဇူးအများကြီးတင်ပါတယ်။
Page တိုင်းမှာ မပေါ်တာလားဗျ။ ကျွန်တော်လဲ တစ်ချက်လောက်တော့ ပြန်စစ်ကြည့်ပါဦးမယ်။
How can I use Zawgyi font in a iPod classic? Thanks.
I believe its not possible. Sorry.
Dude? Do I need to port the font first or can I just put it into font swap?
Either way will do. As long as you have the Font file in the /cache and the edited plist file in the /fonts. Sorry for late reply btw
ကျနော့ iphoe 3gs ကို စမ်းကြည်.တာအဆင်မပြေဘူးဗျာ..။ဖြစ်နိုင်မယ်ဆိုရင် ပုံလေးတွေနဲ.ပြပေးပါလား။
ဟုတ်ကဲ့။ ကျွန်တှော screen shot ရိုက်ပြီးရင် တင်ပေးလိုက်ပါမယ်။
ဲJailbrake လုပ်ပြီးသား ipsw ပေးလို့ရလားခင်ဗျာ..
လုပ်ကြည်နေတာတွေ အဆင်မပြေလို့ပါ..
redsnow ကိုခေါ်တင်ပြီး ipod 2G 3.0 ipsw ကို Browse လုပ်ပေးလိုက်တယ်.. successfully identified လို့ပြတယ်.. Next ခေါ်လိုက်တော့ နောက်တစ်ဆင့်ကိုမသွားပဲ အားလုံးပျောက်သွားတယ်.. အင်တာနက်လည်းချိတ်ထားတယ် ကော်နက်ရှင်လည်းကောင်းတယ်..
ဘာဆက်လုပ်ရမှန်းမသိတော့လို့ Jailbroken ipsw လေးပဲ ပေးမယ်ဆိုရင် အရမ်းကျေးဇူးတင်မှာပါဗျာ..
Everything good now
I can’t read from facebook yet tough :/
@Computer, 3.0 အတွက်က jailbreak လုပ်ထားပြီးသား ipsw မရှိဘူးခင်ဗျ။ ဘာလို့လဲ ဆိုတော့ redsn0w က jailbreak လုပ်တဲ့ exploit ကို တစ်ခါတည်း ipod ထဲကို upload လုပ်ပေးလို်က်တာကြောင့်ါပ။ အစ်ကို က vista နဲ့ သုံးနေတာလား။ Admin mode နဲ့ ပြောင်းပြီး စမ်းကြည့်ပေါ့။
@Thalwin, ဟုတ်တယ်ဗျ။ Zawgyi ရှိပေမယ့် ဖောင့်က Safari မှာပဲ ပေါ်တယ်။ ကျန်တဲ့ App တွေနဲ့ကျ မရဘူး။ ကျွန်တော်လဲ စမ်းတော့ စမ်းနေတာပဲ။ Safari မှာတောင် Google Talk web မှာဆိုရင် မပေါ်ပြန်ဘူး။
bro ရေ, အပေါ်လင့်ထဲက pledit ဆိုတာကို ဒေါင်းပြီး Run တာ Corefoundatin init failed! လို့ Error box ကျလာတယ်ဗျ။ အဲ့တာဘာ့ကြောင့်လဲ။ ကျွန်တော့် OS က Windows 7 မို့လို့လား။ တခြားဘယ်နည်းလမ်းနဲ့ ရမလဲ ပြောပေးပါဦး။ ကျေးဇူးပါ bro.
@Kyaw Phyo, ကျွန်တှော့ဆီမှာတော့ run လို့ရတယ်ခင်ဗျ။ ကျွန်တှောလဲ 7 ပှေါမှာပဲ။ လုံးဝ မရရင် ဒီတစ်ခုနဲ့ စမ်းကြည့်ပါလား။ http://www.donkeydevelopment.com/
အဟီး အချိုကြိုက်တာတော့ မဟုတ်ပါဘူးဗျာ။ ဘယ်လိုမှ မရလို့ပါ။ ကျွန်တော့်ကို အဲ့ဒီ CGFontcache ပြောင်းထားပြီးသားလေး တင်ပေးပါလားခင်ဗျာ။ ကျွန်တော် ဘယ် Link ကိုမှ သုံးမရလို့ပါ။ လာယူဆိုလည်း လာယူပါ့မယ်ဗျာ။ ဘယ်ကိုလာယူရမလဲပြောပါ။ တစ်ခါတည်း pledit သုံးနည်းလေးပါ မေးလို့ရတာပေါ့ အဟီး။
အဲ့ဒီတစ်ဆင့်တည်းကျန်တယ်ဗျာ။ အားလုံးအိုကေနေပြီ။ ဇော်ဂျီလည်း ဖုန်းထဲရောက်သွားပြီ။ လုပ်ပါနော် ကူညီပါဗျာ။
@Kyaw Phyo, မျက်စိ မှောက်နေတယ်ထင်တယ်။ Post အောက်ဆုံးမှာ Download လင့်ပါတယ်လေဗျာ။ ဒီမှာ ထပ်ရေးပေးလိုက်မယ်။ http://atomicdevelopment.net/blogstuff/CGFontCache.zip
ကျနော်စမ်းကြည့်တာအဆင်မပြေဘူးခင်ဗျ။
လေးထောင့်ကွက်ပဲပေါ်တယ်။
ကျနော့်ဖုန်းက 3GS Firmware3.1.2
Jailbreak လုပ်ပြီးဖြစ်ပါတယ်။
တချက်လောက်ကူညီပါအုံးနော်
အစ်ကိုရေ ဖြစ်နိုင်၇င် font ရော ပြောင်းပြီးသား CG ပါတစ်ခါထဲ ပေးပါလားဗျာ..ကျွန်တော် စမ်းတာမရဘူးဗျ
အစ်ကို ဆိုဒ်ကိုကြည့်တာတောင် လေးထောင့်တွေဘဲ ပေါ်တယ်ဗျာ…လုပ်ပါအုံး အကို့ အကူအညီနဲ့ Jail လုပ်တာရပြီးပြီ မြန်မာဖောင့်ကြည့်မရသေးတာကိုလဲ ကူပါအုံးဗျာ နော်…
Great, tnanks for sharing. I made it.
ကျနော် WinSCP မှာ login ၀င်လို.မ၇ဖြစ်နေတယ်အကိုေ၇………. host name နေ၇ာမှာ iph setting>general>about>wifi address ကိုရိုက်လိုက်တာ……host does not exist တဲ့….ဘာတွေများမှားနေလဲဆိုတာပြောပြအုံးနော်
thz a lot bro… now i can watch burmese sites with ur help
thx
but i have one question
i have to jailbreak every time after rebooting
is there anyway to avoid this
help me
အကိုရေ ကျွန်တော်ဆီမှာတော. wifi မရှိတော.မရဘူးဖြစ်နေတယ် ………
ကျန်တဲ.နည်းရောရှိမလားအကို
ကျွန်တော် Iphone 3G ပါ
ကူညီပါအုံးအကိုရေ
ကျေးဇူးပါ
Hi
I have bought iPod touch and I’d being tried to install MM font as you instructed.
but i cann’t log in to the Win SCP from the very first step. it always says “network error: time out” or sth. I’ve already jailbroken to my iPod.
What’s wrong with that?
Please share me your knowledge if you know the answer for this and if you have another way to install myanmar font.
Thank you.
Hi bro how to install mac book . when u give software is cannot run on mac book so pls help me how to do
အကို ကျွန်တော်ကို installapp နဲ openssh ကို iphone မှာဘယ်လိုထည်လိုရလည်းဆိုတာလေးပြောပြပေးပါ iphone 3Gs ပါ
version က 3.1.2(7D11) ၊ Modem Firmware က 05.11.07 ပါ
jailbroken ကိုဘယ်လိုလုပ်လိုရပါသလဲ
with regard,
winstar
@beeluu
Use “Iphone Explorer” for Mac.
@Winstar
Use blackra1n from http://blackra1n.com to jailbreak your iphone first. Then install Cydia or Installer from Blackra1n app inside your iphone. Go to Cydia or Installer and search for OpenSSH. If you need help with installing openSSH, please refer to this post http://blog.atomicdevelopment.net/2009/07/20/ipod-touch-jailbreaking-ultimate-guide-in-burmese/comment-page-1/#comment-7501
Is it working for 3GS 3.1.2 firmware and MC model (new bootrom)? I tried it isn’t working.
thanks anyway,