My new iPod Touch + A little review
လွန်ခဲ့တဲ့ ၁ ပါတ် တရုတ်နှစ်သစ်ကူး မတိုင်ခင်က ကျွန်တော် iPod Touch 2nd Generation လေး တစ်လုံး ၀ယ်လိုက်ပါတယ်။ Capacity က တော့ 8GB ပါ။ နစ်ကူးအချိန် ငွေဈေးတွေ ကောင်းတုန်းကြုံတာရယ်.. မ၀ယ်ဝယ်အောင် အကြပ်ခံရတာရယ် ပေါင်းပြီးတော့ ၀ယ်ဖြစ်သွားပါတယ်။ အရောင်က ငွေရောင် ၁ မျိုးပဲ ရှိပါတယ်။ 16GB ကိုဆိုရင် 8GB ဈေးထက် နည်းနည်းပဲ ပိုစိုက်လိုက်ရင် ရပေမယ့် တခြား accessories တွေ ၀ယ်ဖို့ကျန်သေးတာနဲ့ 8Gb နဲ့ပဲ ကြေနပ်လိုက်ပါတယ်။
အရင်က iPod Nano 2nd Generation တစ်ခုရှိတော့ iPod ရဲ့အသံထွက်ပိုင်း ကောင်းတာက သိပြီးသားပါ။ အခု Touch မှာက Wifi နဲ့ အင်တာနက် သုံးလို့ရတာက ၀ယ်ဖြစ်ဖို့ အကြီးမားဆုံး ဖိအားတစ်ခုပါပဲ။ တခြား features တွေကတော့ Music, Video (.mp4), Photo, Games, Applications တွေ သုံးလို့ရပါတယ်။ iPod Touch မှာ ကျွန်တော်မြင်တဲ့ အားသာချက်၊ အားနည်းချက်တွေကို ရေးပြထားပါတယ်။ တကယ်လို့ ၀ယ်ဖို့ စိတ်ကူးရှိနေတဲ့သူတွေ ဖတ်မိလို့ အထိုက်အလျှောက် Buying Guide လို ဖြစ်ခဲ့ရင်လဲ ၀မ်းသာပါတယ်။
- အသံ
အသံပိုင်းဆိုင်ရာကတော့ iPod က အရင်ကတည်းက နာမည်ရှိပြီးသားပါပဲ။ သူ့မှာ ပါလာတဲ့ Original earphone မသုံးပဲ အမျိုးအစားကောင်းတဲ့ earphone/headphone ပြောင်းသုံးနိုင်ရင် ပိုပြီး အသံကောင်းကောင်း ရနိုင်ပါတယ်။ iPod Touch 2nd Generation မှာ Built-in Speaker ပါလာပါတယ်။ အသံထွက်ကတော့ ကျွန်တော့်စိတ်ထင် နည်းနည်း တိုးပါတယ်။ ဂိမ်းဆော့တာလောက်နဲ့ casual listening အတွက်တော့ လုံလောက်ပါတယ်။
- Touch Screen & Controls
Apple iPhone လိုပဲ iPod Touch မှာ Multiple Touch လုပ်လို့ရတဲ့ Screen ပါပါတယ်။ Device ရဲ့ ဘယ်ဖက်ချမ်းမှာ Volume အတိုးအလျှော့ အတွက် control နဲ့ အပေါ်မှာတော့ Power/Sleep button ပါပြီး Screen ရဲ့ အောက်မှာတော့ Home button တစ်ခုပါပါတယ်။ ကျန်တာတွေကတော့ Screen ကို Touch လုပ်ပြီး ထိန်းချုပ်ရတာပါ။
- ရုပ်ထွက်
အရုပ်ပိုင်းကတော့ ပြောစရာ မရှိအောင် ကောင်းပါတယ်။ Video format က .mp4 format ကို သုံးထားပါတယ်။ Light sensor ပါတဲ့အတွက် အပြင်က အလင်းရောင်ကို မူတည်ပြီးတော့ Screen brightness ကို အတိုးအလျှော့ လုပ်ပေးနိုင်ပါတယ်။
- အင်တာနက်
Wifi 802.11 b/g ကို သုံးထားပြီး Network encryption က WEP/WPA ကို support လုပ်ပါတယ်။ Access Point/Wirelss Router ကိုပဲ ချိတ်ချိတ်၊ Ad-Hoc network လုပ်ပြီး ချိတ်ချိတ် အဆင်ပြေပါတယ်။ လိုင်းဖမ်းအားကတော့ Laptop လောက် မကောင်းပါဘူး။ နောက်ပြီး Wireless ဖွင့်ထားရင် Battery ပိုပြီး အကုန်မြန်ပါတယ်။
Browser က Apple ရဲ့ Mobile Safari ကို default အနေနဲ့ ထည့်ထားပါတယ်။ Tab browsing နဲ့ landscape view လုပ်လို့ရပါတယ်။ Instant Messenger(IM) အတွက်ကတော့ အများကြီးရှိပါတယ်။ Free ဆိုရင် Fring နဲ့ Palringo က သုံးရတာ အဆင်ပြေပါတယ်။ Commercial ဆိုရင်တော့ USD 15 ကျပ်ပေးရတဲ့ BeejiveIM က အကောင်းဆုံးပါပဲ။ အဲဒီ ၃ ခု စလုံးမှာ Google Talk, AIM, Yahoo နဲ့ MSN ကို support လုပ်ပါတယ်။
Facebook နဲ့ Twitter ကိုလဲ Application အနေနဲ့ သပ်သပ် install လုပ်ပြီး သုံးလို့ရပါတယ်။
- Games
Games ရဲ့ Graphic quality ကတော့ အသင့်အတင့်ပါပဲ။ Sony ရဲ့ PSP လောက်တော့ ရုပ်ထွက် မကောင်းပါဘူး။ Nokia ရဲ့ N series တွေထက် နည်းနည်းလေးပဲ သာတယ်လို့ ထင်ပါတယ်။ Games အတော်များများကတော့ accelerometer လို့ခေါ်တဲ့ technology ကို သုံးပြီး ကစားလို့ရအောင် လုပ်ထားပါတယ်။ accelerometer ဆိုတာ iPod ကို ဘယ်ညာ/အပေါ်အောက် ပြောင်းတာကို detect လုပ်နိုင်တဲ့ နည်းပညာပါ။
Games တွေထဲမှာကျွန်တော့် စိတ်ကြိုက်တွေက Realfootball 2009(Free), Asphalt4(Paid), Enigmo(Paid), Monopoly(Paid), Monkey Ball(Paid) တို့ဖြစ်ပါတယ်။
Games တွေရဲ့ ဈေးနှုန်းတွေက USD 0.99 နဲ့ USD 5 ကျပ်ဝန်းကျင်ပါပဲ။ တစ်ချို့ကတော့ ၁၀ လောက်ထိ ဈေးပေါက်ပါတယ်။
- Applications (Apps)
iPod အတွက် Applications (including Games) တွေ အကုန်လုံးကို Apple ရဲ့ iTunes ကနေတဆင့် Apple App Store ကနေ Download လုပ်ရပါတယ်။ PC ပေါ်ကို download လုပ်ပြီးမှ iPod ထဲကို Install လုပ်ရင်ရသလို iPod ပေါ်ကနေ Wifi သုံးပြီး တစ်ခါတည်း Download လုပ်လဲ ရပါတယ်။ နောက်တစ်ခါ iPod နဲ့ PC ကို Sync လုပ်တိုင်း သူ့အလိုလို PC ပေါ်ကို ကူးတင်သွားပါလိမ့်မယ်။ App Store မှာ မရှိတဲ့ 3rd Party App တွေကို တင်ချင်ရင်တော့ iPod ရဲ့ Firmware ကို Crack လုပ်ရပါတယ်။
Apps မှာတော့ Category အလိုက် အများကြီး ခွဲထားပါတယ်။ Education, Business, Productivity, Utilities လိုမျိုးတွေပါ။
Apple ရဲ့ ထုံးစံအတိုင်း Developer တွေက သူတို့ရဲ့ App တွေကို App Store ပေါ်တင်ချင်ရင် Apple ရဲ့ Guide Line နဲ့အညီ လုပ်ထားမှ ပေးတင်ပါတယ်။ အဲဒီအတွက် တကယ် အသုံးဝင်တဲ့ Apps တစ်ချို့က App Store မှာ မရှိပါဘူး။ Jail Break လို့ခေါ်တဲ့ Crack လုပ်ပြီးမှ 3rd Party Apps တင်လို့ရပါတယ်။
ဒီတစ်ချက်က ကျွန်တော့် အမြင်အရဆို တော်တော်ကို ဆိုးပါတယ်။ Crack မလုပ်ထားရင် Themes ပြောင်းလို့မရပါဘူး။ မနေ့က ရေးထားတဲ့ Post လိုမျိုး Font အသစ်တောင် ထည့်လို့မရပါဘူး။ Menu ပေါ်မှာ Apps တွေ Category အလိုက် ခွဲထားလို့လို့ မရပါဘူး။ Jail Break လုပ်လိုက်ရင်တော့ App Store ကရော နောက်ပြီး Cydia လိုခေါ်တဲ့ 3rd Party Apps Store ၂ ခုလုံးကို သုံးလို့ရပါတယ်။
ဒါပေမယ့် လက်ရှိအချိန်မှာတော့ iPod Touch 2nd Generation အတွက် Permanent JailBreak မရသေးတာပါ။
JailBreak အတွက် နာမည်ကြီး Crack ကတော့ RedSn0w ပါ။
- Battery (Juice
)
Battery သက်တမ်းက သာမာန် သီချင်းပဲ နားထောင်မယ်ဆိုရင် Apple ရဲ့ အဆိုအရ ၃၆ နာရီ နီးပါး ရပြီး Video ဆိုရင်တော့ ၆ နာရီလို ဆိုပါတယ်။ အင်တာနက်နဲ့ Games ကတော့ တကယ်ကို Battery စားတဲ့ ၂ ခုပါပဲ။ Wireless သုံးနေမယ်ဆိုရင် ၃ နာရီကျော်ကျော် ၄ နာရီနည်းပါးပဲ ခံပါလိမ့်မယ်။ Games ကတော့ ကိုယ်ကစားတဲ့ games ပေါ် မူတည်ပါတယ်။ Built-in speaker သုံးရင်လဲ Battery စားပါတယ်။
- iTunes ( မဟားဒယား iTunes )
iPod Touch ကို ဘာပဲ လုပ်လုပ် iTunes လိုပါတယ်။ Apps တွေ download လုပ်မယ်ဆိုရင် မဖြစ်မနေ iTunes account တစ်ခု လိုပါတယ်။ iTunes account တစ်ခုကို Credit Card မရှိပဲ create လုပ်တဲ့နည်းကို ဒီမှာ ဖတ်ကြည့်နိုင်ပါတယ်။ တစ်ခု ကောင်းနေတာက iTunes account တစ်ခုကို စက် ၅ လုံးအထိ share လုပ်ပြီး သုံးခွင့်ရှိတာပါ။ အဲဒီနည်းနဲ့ Apps တစ်ခုကို လူ ၅ ယောက် စပ်ပြီး ၀ယ်လို့ရပါတယ်
- Accessories
Accessories ထဲမှာ မဖြစ်မနေ ၀ယ်သင့်တာကတော့ iPod cover case ပါပဲ။ ကျွန်တော့်အရင် iPod Nano တုံးက ပေတေပြီးတော့ case မသုံးလိုက်တာ ၁ နှစ်မပြည့်ခင်မှာပဲ စုတ်ပြတ်သတ်သွားပါတယ်။ အခုတော့ သင်ခန်းစာရခဲ့ဖူးလို့ ဒီ case လေး ၀ယ်ထားပြီး သုံးနေပါတယ်။ Hard case ၀ယ်မယ်ဆိုရင် အဲဒါကို ၀ယ်ဖို့ တိုက်တွန်းပါတယ်။ Screen Protection နဲ့ Full body protection ပါလို့ပါ။ Hardcase မလိုချင်ရင်တော့ InvisibleShield ဆိုတဲ့ protection skin ၀ယ်သုံးလို့ရပါတယ်။
- Warranty
Apple ကတော့ Warranty ကို 1 year International Warranty ပေးပါတယ်။ ၀ယ်ပြီးတာနဲ့ iPod ရဲ့ serial number ကို သုံးပြီး ဒီနေရာမှာ register လုပ်ဖို့လိုပါတယ်။
——————————————————————————————————————————————————————————
ဒီလောက်ဆိုရင်တော့ ကျွန်တော့်ရဲ့ iPod Mini Review လုံလောက်ပြီလို့ ထင်ပါတယ်။ အသေးစိတ်သိချင်တာတွေ ရှိရင်လဲ အောက်က Comments မှာ ၀င်ပြီးမေးလို့ရပါတယ်။ ဘာမှ ပြောစရာ မရှိရင်လဲ တစ်ခုခုတော့ ရေးခဲ့နိုင်ပါတယ်။ ![]()


i have a problem with itune store because itune had been banned by MPT server and i can’t use update function.
thank you
That’s too bad. Try bypass the proxy server.
Review ကို နောက်တစ်ခေါက် ထပ်လာဖတ်သွားတယ်ဗျို့ ပိုက်ဆံစုနေတာ ၀ယ်လို့ ရခါနီးလို့ =D hee hee
အသစ်တွေ ရေးဖို့ ရှိတယ်ဗျ။ မအားမလပ် ဖြစ်နေသေးလို့။ အဟဲဟဲ
there is an apps shop on 50th street at latha…
hehe.. with 30,000ks, you can have whole lots of apps and games like 8 or 9 pages in your ipod or iphone.. that means over 150 apps.
Did ipod support saved html file to browse on its browser ?