Avira VS Avast
ကျွန်တော် Post အသစ် မရေးဖြစ်တာ အတော်ကြီးကို ကြာသွားပါပြီ။ ကျောင်းတစ်ဖက် အလုပ်တစ်ဖက်နဲ့ဖြစ်နေတော့ blog ကို ပစ်ထားမိတာကနေ ရေးဖို့ စိတ်လဲ အရင်ကလို သိပ်မပါတော့တာကြောင့်ပါ။ အခုတော့ ရန်ကုန်ခဏပြန်ရောက်ပြီး အချိန်ပိုလေးတွေ ရှိနေလို့ post အသစ်တွေ ပြန်တင်နိုင်အောင် ကြိုးစားကြည့်ပါမယ်။ ဒီရက်ပိုင်း ကျွန်တော့်ကို ရင်းနီးသူတွေက ကွန်ပြူတာနဲ့ ပတ်သတ်တဲ့ အကူအညီတွေ လာပြီးတောင်းကြပါတယ်။ များသောအာဖြင့်က စက်က လေးနေတာတို့၊ Virus ကိုက်နေတာတို့ကို ဖြေရှင်းခိုင်းတာပါ။
စက်သုံးရတာ လေးနေတာက ဖြေရှင်းဖို့လွယ်ပါတယ်။ Startup ထဲက မလိုတဲ့ entry တွေဖြုတ်ချ၊ CCleaner နဲ့ Auslogics ရဲ့ Disk Defrag ကိုသုံး။ Vista ဆိုရင် Vishal ရဲ့ Vista guide ကို သုံးပြီးတော့ စက်မလေးအောင် လုပ်ပေးလို့ရပါတယ်။ ဒါပေမယ့် Antivirus ကတော့ ပြဿနာပါ။
ဟိုးအရင်ကတော့ Norton 03 နဲ့ 05 ကို ကျွန်တော်တို့ နိုင်နိုင်ကြီး တင်ပေးခဲ့ပါတယ်။ နောက်ပိုင်း Kaspersky နာမည်ရလာတော့ ကျွန်တော်လဲ အသိမှန်သမျှကို kaspersky ပဲ သုံးဖို့ တိုက်တွန်းပါတယ်။ ကျွန်တော့် post အဟောင်းတွေကို ဖတ်ကြည့်ရင်လဲ Kaspersky နဲ့ ပါတ်သတ်တာတွေ ရေးထားတာကို တွေ့မိမှာပါ။ Kaspersky ရဲ့ တစ်ခုတည်းသော ပြဿနာက License ပြဿနာပါ။ လွန်ခဲ့တဲ့ လပိုင်းတွေမှာတော့ Key Finder ကြောင့် fake key တွေ အလွယ်တကူ ရခဲ့ပေမယ့် နောက်ပိုင်း Key Finder က အလုပ်မလုပ်တော့ key ရှာရတာ ဒုက္ခရောက်ပါတယ်။ Key အသစ်တွေ online ပေါ်မှာ လိုက်ရှာရင် ရှိပေမယ့်လဲ သူတို့က အလွန်ဆုံးခံရင် ၂ လပါပဲ။ ဒီတော့ ကျွန်တော့် အသိတွေက black list ဖြစ်ပြီဆိုတာနဲ့ ကျွန်တော့်ကို key အသစ်တောင်းတော့တာပါပဲ။ Antivirus နဲ့ Internet Security အပြင် Version 6, 2007, 2008 အမျိုးမျိုးကွဲနေတော့ ကျွန်တော်လဲ ရှာပေးရတာ သိပ်ပြီးတော့ အဆင်မပြေတော့ပါဘူး။ Trial re-setter တွေ ရှိပေမယ့်လဲ သုံးရတာ လက်ဝင်ပါတယ်။ ပြီးတော့ kaspersky ကလဲ အဲဒီ patch တွေကို virus ဆိုပြီး တဂျီဂျီနဲ့ အတင်းကို ဖျက်ခိုင်းနေပါတယ်။
နောက်ပိုင်းမှာ Kaspersky က update ကို manual download မပေးတော့တာကလဲ တော်တော်ကို ဆိုးပါတယ်။ Internet မရှိတဲ့ စက်တွေမှာ update လုပ်ဖို့ မလွယ်ကူတော့ပါဘူး။
အခုလို ပြဿနာတွေကြောင့် ကျွန်တော် နောက်ပိုင်း စက်အသစ်တွေမှာ Kaspersky တင်ပေးဖို့ သိပ်စိတ်မကူးတော့ပါဘူး။ ဒီတော့ Free ဖြစ်ပြီး Protection ကောင်းတဲ့ Antivirus ကို လေ့လာကြည့်ပါတယ်။ AVG ကတော့ ဟိုးအရင်ကတည်းက Free ဖြစ်လို့ နာမည်ကြီးပေမယ့် ကျွန်တော့် အတွေ့အကြုံအရဆိုရင်တော့ သူ့ရဲ့ virus detection rate က ချာပါတယ်။ Definition update ထွက်တာကလည်း နှေးလို့ Virus အသစ်ဆိုရင် မိနိုင်တဲ့ နှုန်း နည်းတယ်။ ဒီတော့ သူ့ကိုတော့ မရွေးတော့ဘူး။
ဒီနှစ်ပိုင်းထဲမှာ ကျွန်တော် သတိထားမိတာက Comodo Antivirus, Avira Antivir နဲ့ Avast ပါ။ Comodo ကတော့ အစွမ်းထက်သလိုလိုနဲ့ တကယ်တမ်း သုံးကြည့်တော့ သိပ်မစွံ့ပါဘူး (ကျွန်တော့် တက္ကသိုလ်ရဲ့ Computer Lab ထဲက စက်တွေမှာ စမ်းကြည့်ခဲ့တာ တကယ်မစွံပါဘူး။ အသစ်ပြောင်းမလို့ စီစဉ်နေကြပါတယ်)။ ဒီတော့ ကျန်တာ ၂ ခုက Avira နဲ့ Avast ပါပဲ။
Avast က Free ဖြစ်တယ်၊ Update လုပ်ရတာလဲ connection နှေးရင်တောင် သက်တောင့်သက်သာနဲ့ လုပ်လို့ရပါတယ်။ ကျွန်တော် တကယ်မသိတာက Protection ပိုင်းပါ။ Virus ဒါမှမဟုတ် worm တစ်ခုဝင်လာရင် ဘယ်လောက် မြန်မြန်ဆန်ဆန် ကာကွယ်နိုင်သလဲ၊ System scan လုပ်တဲ့အခါမှာ စက်ရဲ့ Performance ကို ဘယ်လောက် နှေးသွားနိုင်သလဲ ဆိုတာတွေ သိချင်ပါတယ်။ ကျွန်တော်ရဲ့ Avast ကို မကြိုက်ဆုံး feature ကတော့ သူ့ Interface design ပါပဲ။ Media Player လို ပုံစံကြီး ဘာလို့ ဖြစ်နေသလဲဆိုတာ စဉ်းစားလို့ မရပါဘူး။
Avira ကတော့ ကျွန်တော် နည်းနည်း သုံးကြည့်ဖူးပါတယ်။ Comodo နဲ့ ယှဉ်ကြည့်တာမှာတော့ Avira က virus/worm တွေကို ပိုပြီး aware ဖြစ်တာကို တွေ့ရပါတယ်။ ဒါပေမယ့်လဲ အသေးစိတ်တော့ မစမ်းကြည့်ရသေးပါဘူး။ ဒီတော့ ဒီကောင်ကလဲ ဘယ်လောက် စွမ်းသလဲ သိချင်ပါတယ်။
တကယ်တမ်းတော့ Antivirus ကို စမ်းရတယ်ဆိုတာကလဲ အချိန်အတိုင်းအတာ တစ်ခုထိတော့ Install လုပ်ထားပြီး သုံးကြည့်မှာ ဘယ်ဟာက ကောင်းတယ်၊ ဘယ်ဟာက မကောင်းဘူးဆိုတာ သိရမှာပါ။ ခက်တာကလဲ ကျွန်တော် တကယ်သုံးနေတဲ့စက်မှာ Antivirus ကို စမ်းသပ်ရတာ ကျွန်တော် အကြောက်ဆုံးပါ။ ဒီတော့ ကျွန်တော့် Blog reader တွေထဲမှာ အဲဒီ ၂ ခုထဲက တစ်ခုခု သုံးထားခဲ့ရင်၊ နောက်ပြီး သုံးရတာ အဆင်ပြေရင် အဆင်ပြေတဲ့အကြောင်းကို comment မှာ ၀င်ရေးပေးဖို့ တောင်းဆိုချင်ပါတယ်။
ကျွန်တော်လဲ စမ်းတော့ စမ်းကြည့်မှာပါ။ ဥပမာ OS နောက်ထပ် တစ်ခု တင်ထားပြီး စမ်းသလိုမျိုးပေါ့။ တစ်ယောက်ထဲ စမ်းတာထက် လူအများက စမ်းပြီးတော့ result ထုတ်တာက ပိုကောင်းမယ်လို့ ထင်ပါတယ်။
လောလောဆယ်ကတော့ http://www.av-comparatives.org က စမ်းသပ်ထားတဲ့ Test result ကို ဖတ်ကြည့်နေပါတယ်။ CNet မှာတော့ မရှာကြည့်ရသေးပါဘူး။
ဒါနဲ့ စကားမစပ် ရန်ကုန်မှာ Kaspersky ကို တရားဝင် လိုင်စင်နဲ့ ၀ယ်သုံးလို့ရနေပါပြီ။ ဈေးနှုန်းကတော့ -
- 3 Users (1 Year) ကို Antivirus က ၂၇၀၀၀ ၀န်းကျင်နဲ့ Internet Security ကတော့ ၄၂၀၀၀ ၀န်းကျင်ပါ။ ကျွန်တော်လဲ အဆင်ပြေရင်တော့ ၀ယ်သုံးဖြစ်မယ်ထင်ပါတယ်။ Key အတုတွေကို လိုက်ရှာရတဲ့ ဒုက္ခက တကယ်ကြီးပါတယ်။


ESET NOD32 Antivirus 4 is pretty good and easy to get update keys , fast startup OS , detect virus,worm and other a few min and got auto killed. problems r the every 2 or 3 week users must to update username and password. http://www.nod321.com/
The drawbacks of paid anti-virus ;( .
ကျနော်ကတော့ avasta ကိုပိုကြိုက်ပါတယ် လိုင်စင်ကီး ပြဿနာလည်းမတတ်ဘူး ပြီးတော့ virus protection လည်းကောင်းတယ် ဒါပေမယ့်ပြဿနာ ကscan လုပ်ရင် စက်လေးတယ်ဗျ။ ကျနော်စက် က memory နည်းလို့ လားတော့မသိဘူး.512 ပဲရှိတယ် ကျန်တာတော့အဆင်ပြေတယ်ဗျ။
ကောင်းတာကတော့ kaspersky ၀ယ်သုံးတာပဲ.. avira သုံးဖူးတယ်.. သိပ်သဘောမကျတာနဲ့ ပြန်ဖြုတ်လိုက်ရတယ်.. လောလောဆယ်တော့ Kaspersky Antivirus 2009 ၀ယ်သုံးနေတယ်.. offline update လုပ်ချင်ရင်တော့ officextracts.com မှာရတယ်..