Ho Ho Di Di

September 12th, 2009

ပျင်းနေလို့ စာလျှောက်ရေးမယ် စဉ်းစားပြီး ရေးလိုက်တယ်။ တကယ်တော့ အိပ်သင့်နေတာ ကြာပါပြီ။ ဒါပေမယ့် အိပ်မယ် လုပ်ခါနီးမှာ MNL က ဘောလုံးပွဲတွေရဲ့ video highlight တွေ တွေ့လို့ download ဆွဲပြီး အပြီကြည့်နေတာနဲ့ မအိပ်ဖြစ်သေးဘူး။ Highlight ၄ ခုကို IDM နဲ့ အပြိုင်ဆွဲလိုက်တာ နဲနဲလွန်သွားတယ်ထင်တယ်၊ ကျွန်တှော့ house mate ကြီး router/modem ကို သွားပြီး reboot လုပ်ချလိုက်ပါလေရော။ ဒါနဲ့ပဲ တစ်ခြား ဆွဲဖို့ ရှိတာလေးတွေ ခဏငြိမ်နေလိုက်တယ်။ သူအိပ်တဲ့ အချိန်လောက်မှ ပြန်စရမယ်။ Call Of Duty 5 နဲ့ GTA 4 ကို ဆွဲနေတာဗျ။ ၂ ခွေပေါင်း 12 GB လောက်တော့ ရှိမယ်ထင်တယ်။ အခွေတွေက ထွက်တာ ကြာနေပေမယ့် အခြေအနေ မပေးလို့ မဆော့ဖြစ်ခဲ့တာ ခုတော့ အခွင့်အရေးလေး ပြန်ရတုန်း ပြန်ဆော့မလို့လေ။

ဒါနဲ့ MNL မှာ ကျွန်တော် အကြိုက်ဆုံး အသင်း ၂ သင်းက ဥသဿသာ နဲ့ ရန်ကုန်ပါ။ ရန်ကုန်ကတော့ ကျွန်တှော့ကိုမွေး၊ ကျွန်တှောကြီးပြင်းလာတဲ့ မြို့ဆိုတော့ မြို့ခံ အစွဲနဲ့ အားပေး ရတာပေါ့။ ပဲခူးတိုင်း ဥသဿသာ ယူနိုက်တက်ကရော ကျွန်တှောနဲ့ နဲနဲ ဆက်နွယ်မူ ရှိတာရယ်၊ အရင် ပြီးသွားတဲ့ MNL မှာလဲ သူတို့ ကစားပုံကို သဘောကျလို့။ အသင်းငယ် ဖြစ်ပေမယ့် ကျိုးကျိုးစားစား ကစားတတ်တယ်။ ဒီနှစ်တော့ အခြေအနေ ဘယ်လို ရှိမလဲ မသိဘူး။ Online ပှေါတင်ထားတဲ့ highlight လေးတွေပဲ ကြည့်နေရတယ်။

စိတ်လေတယ်… ခုဒီစာရေးနေရင်း ကျွန်တှော့အတန်းထဲက သူငယ်ချင်း local တရုတ်မလေး မူးပြီးတော့ ဖုန်းလာဆက်နေတယ်။ သူပြောချင်တာက တစ်ယောက် ဒါပေမယ့် ဝင်လာ တော့ ကျွန်တှော့ နံပါတ်ကို.. နောက်တော့မှ မှားမှန်းသိပြီးတော့ ပြန်ချသွားတယ်။ ကောင်းရော..။ မချခင် ရစ်တောင် ရစ်သွားသေးတယ်။

ကဲ အိပ်တော့မယ်..

Similar Posts:

Author: Rapster88 Categories: Myself Tags:
  1. No comments yet.
  1. No trackbacks yet.