iPod Touch 3.1.2 Firmware jailbreak guide [Burmese]
Apple ရဲ့ နောက်ဆုံးထွက် iPhone OS 3.1.2 ကို Jailbreak လုပ်တဲ့နည်းကို ရေးပြသွားမှာ ဖြစ်ပါတယ်။ အရင် 3.0 မှာတုန်းကသုံးခဲ့တဲ့ Dev Team ရဲ့ redsn0w ကို သုံးမှာ မဟုတ်ပဲ GeoHot ရဲ့ blackra1n (Black Rain) ကို သုံးမှာ ဖြစ်ပါတယ်။ GeoHot ရဲ့ blackra1n က iPhone/iPod Touch family အားလုံးကို မိနစ်ဝက် အတွင်း jailbreak လုပ်ပေးနိုင်ပါတယ်။
သဘောကျစရာ တစ်ခုက iPhone/iPod ကို DFU mode သွင်းစရာ မလိုပါဘူး။ iTunes ကနေ အရင်ဆုံး 3.1.2 ဖြစ်အောင် update လုပ်လိုက်ပါ။ ပြီးရင် blackra1n ကို ဖွင့်ပြီး တစ်ခုတည်းသော ခလုပ်ဖြစ်တဲ့ Make it rain ဆိုတာကို နှိပ်လိုက်ရင် ရပါပြီ။ Cydia တို့ Icy တို့ကို jailbreak လုပ်ပြီးရင် iPod ထဲမှာ blackra1n ဆိုတာ တွေ့ပါမယ်။ အဲဒါကို ဖွင့်ပြီး Cydia ကို ရွေးလိုက်ပါ။
Blackra1n က Windows အတွက်ရော Mac အတွက်ပါ ရှိပါတယ်။
Blackra1n ကို ရေးတဲ့ Geohot ဆိုတာက Apple ရဲ့ ပထမဆုံးသော iPhone 2G ကို ပထမဆုံး hardware unlock လုပ်နိုင်ခဲ့တဲ့ တကယ့် ဆရာပါ။
Warning to iPhone Users: iPhone ယူဇာတွေအတွက်ကတော့ Dev Team ရဲ့ Pwnage tool ကိုပဲသုံးပါလို့ သတိပေးချင်ပါတယ်။ iTunes ကနေ တိုက်ရိုက် firmware ကို update လုပ်ရင် baseband ပါ update ဖြစ်သွားပြီး yellowsn0w သုံးလို့ ရမှာ မဟုတ်ပါဘူး။ Unlock လုပ်စရာ မလိုတဲ့ ဖုန်းတွေကတော့ ပူစရာ မရှိပါဘူး။


အစ်ကိုရေ အစ်ကိုပြောသလို Make it rain ဆိုတာကို click လုပ်လိုက်ပါတယ်..
ပြီးတော့ iPod က restore တွေဘာတွေတောင်းတော့ပေးလိုက်တယ်…
ပြန်တက်လာတော့ ဘာမှမတွေ.ဘူးဗျ… ဘာလိုနေလဲမသိဘူး..
ကူညီပါအုံးဗျာ.. အခုမှ Ipod 2G လေးဝယ်ထားတာ… ဘာမှမသုံးတတ်ဘူးဖြစ်နေလို.ပါ..
Cydia ဆိုတာလိုနေတာလားမသိဘူးခင်ဗျ.. အဲဒါ ဘယ်လိုထည့်ရမယ်ဆိုတာလေးပြောပေးပါအုံး…
ကျေးဇူးတင်ပါတယ်…
iPod ကို iTunes သုံပြီး နောက်ဆုံး firmware (3.1.2) တင်ပြီးပြီလားဗျ။ ပုံမှန်ဆိုရင် make it rain လုပ်ပြီးရင် restore လုပ်ဖို့ မလိုဘူးလေ။ အဲဒါ တစ်ချက်ပြန်စစ်ကြည့်ပါဦး။
ဟုတ်ကဲ့ဗျ firmware (3.1.2)ကတော့ ဟုတ်ပါတယ်…restore မလုပ်ရင် သုံးလို.မရတော့ဘူးဗျ.. ဘာမှကိုမပေါ်တော့တာ.. အကုန်ပျောက်ကုန်တာဗျ.. JB လုပ်လိုက်တာနဲ. အသစ်အတိုင်းဖြစ်သွားရောဗျ..
အစ်ကို အဲဒီ iPod ကို ဘယ်တုန်းက ၀ယ်ထားတာလဲဗျ။ စစချင်း ၀ယ်တုန်းကရော ဘယ် firmware နဲ့ ပါလာလဲ ? ကျွန်တော်သိသလောက် ၂၀၀၉ စက်တင်ဘာလ နောက်ပိုင်း ထွက်တဲ့ iPod နဲ့ iPhone တွေကို Apple က fix လုပ်ထားတယ်လို့ကြားတယ်။ တနည်းအားဖြင့် အခုနည်းနဲ့ Jailbreak လုပ်လို့မရဘူး ဆိုတဲ့ သဘောပေါ့။
@Rapster88
ဟုတ်မယ်ဗျ ကျွန်တော်ဝယ်ထားတာက တစ်လလောက်ပဲရှိသေးတယ်… အင်း… JB လုပ်လို.မရဘူးဆိုလဲ မလုပ်သေးဘူးဗျာ.. ဘာမှလဲ သိပ်မသုံးတတ်သေးပါဘူး.. ကျွန်တော်က PDF ဖိုင်တို… Dictionaries တွေဘာတွေ ထည့်ချင်တာ…တစ်ခြားနည်းရှိရင်ပြောပါအုံးဗျာ… အခုလိုဖြေပေးတာကို အရမ်းကျေးဇူးတင်ပါတယ်..
@စိုင်းအောင်
ကျွန်တော် အခုပဲ နောက်တစ်ခါ ထပ် JB လုပ်ကြည့်တယ်။ အစ်ကို make it rain နှိပ်ပြီးတဲ့အခါကျ iPod ပေါ်မှာ ဘာပြလဲဗျ? Geohot ရဲ့ ပုံကို ပြနေတုန်းမှာ iTunes က restore လုပ်ဖို့တောင်းနေရင် restore မလုပ်ပဲ iTunes ကိုပဲ ပိတ်လိုက်ပါ။ iPod က ခဏနေရင် သူ့ဟာသူ ပြန်ပြီး reboot ဖြစ်သွားလိမ့်မယ်။ ထပ်စမ်းကြည့်လိုက်ပါ။ အဆင်ပြေစေ။
အင်းဗျာ.. ပုံကတော့ Geohot ပုံပေါ်တယ်ဗျ.. အဲဒါပေါ်ပြီးတာနဲ. Restore တောင်းတယ်လေ
ကို Rapster88 ပြောသလိုပဲ Restore မပေးပဲ itunes ပိတ်လိုက်တယ်ဗျ.. ipod ကပိတ်သွားတယ် reboot မဟုတ်ဘူးဗျ.. shutdown ကျသွားတာ.. ပြန်တက်မလာဘူး…ပြန်ဖွင့်တော့ ဘာမှမပေါ်ဘူး iTunes နဲ.ပြန်ဖွင့်တယ် restore ပေးမှရမယ်ဆိုတော့ ပေးလိုက်ရပြန်ရော..
ဒီလိုပဲ မကျေနပ်ဘူးထပ်လုပ်တယ်.. နောက်တစ်ခါတော့ ကြိုးတွေပါ အကုန်ဖြုတ်ပစ်တာဗျ… အဲဒီမှာ ထူးခြားတာကတော့ restore ပေးတာ error တက်သွားတယ်ဗျာ.. ဘာမှကိုတက်မလာတော့တာဗျ.. computer ပါ restart တွေဘာတွေချ ipod ကတော့ မရသေးဘူး…. တစ်ခြားကွန်ပျူတာမှာ သွားလုပ်ရင် အဆင်ပြေမလားဗျ.. ဒါမျိုးဖြစ်ပြီး ပျက်တာတွေဘာတွေရှိလား…. itunes နဲ.လဲ ချိတ်လို.မရတော့ဘူးဖြစ်နေတယ်.. ဆက်လုပ်လိုက်ပါအုံးမယ်ဗျို. ဘာပဲပြောပြော ကျေးဇူးတင်ပါတယ်နော့်..
အစ်ကိုရေ လုပ်လို့တော့ ရသွားတယ် ဘယ်လိုလုပ်လိုက်မိမှန်းကိုမသိဘူး အဲ နောက်တော့ install လုပ်လိုက်တာ reboot drive ပေါ်လာလို့ နှိပ်လိုက်တာ..လုံးဝကို ပြန်မတက်တော့ဘူး…
အဲဒါနဲ့ ပြန် restore လုပ်ရပြန်ရော….ပြန်လုပ်ပြီး ထပ်လုပ်တော့ သူ့ပုံကြီးပေါ်နေပြီး ဘာမှကိုမဖြစ်တော့ဘူး
running လို့တော့ pc ပေါ်က rain မှာပြနေတယ်…ဆက်မတက်တော့ဘူး…
လုပ်ပါအုံး ဘာဖြစ်တာလဲ ဟင်…
@bluespider
What’s your iPod model? If its 3G iPod Touch, you’ll need to use blackra1n to help your ipod boot. Its called tethering jailbreak. You’ll have to use it until those guys come out with another better jailbreak.
အစ်ကိုရေ
ကျနော်က iphone 3GS Firmware3.1.2 ကိုင်ပါတယ်။ ကျနော် blackra1n ကိုသုံးတာ install လုပ်လို့ရပါတယ်။
cydia လည်းပေါ်တယ်။ ဒါပေမဲ့ phone ကို restart လုပ်လိုက်တာနဲ့ recovery mode ပြန်ရောက်သွားပြီးဘာမှဆက်လုပ်လို့မရတော့ဘူးဖြစ်နေတယ်။ဒါနဲ့ restore ပြန်လုပ်ပြီး ထပ်လုပ်ကြည့်တော့လည်း
ဒီအတိုင်းပဲဖြစ်နေတယ်။ အဲဒါဘယ်လိုလုပ်ရမယ်ဆိုတာ ပြောပြပေးပါအုံးနော်။ cydia က function တွေလည်းသုံးလို့ရတယ်။ restart ဘယ်လိုမှလုပ်လို့မရဘူးဖြစ်နေတယ်။ restore ပြန်လုပ်ရတာတော်တော်တောင်များနေပြီ… ဟီး…
restore ခဏခဏလုပ်တာ phone ကိုထိခိုက်နိုင်ပါသလားဆိုတာလေးလည်းမေးချင်ပါတယ်ခင်ဗျာ…
ကျေးဇူးတင်စွာဖြင့်
blackra1n jailbreak detail in there http://www.macforus.com/?p=36&lang=my-my .
iPhone ရဲ့  firmware 3.1.2 ကိုiTune က နေdownload မလုပ်ဘဲ့ တခြားsite လုပ်ပြီး iPhone ကို upgrade ဘယ်လိုလုပ်ရမလဲ။
myanmar ပြည်မှာ connection မကောင်းလို့ ပါ။