Archive

Archive for the ‘Announcement’ Category

No Post These Days

October 12th, 2008

ကျွန်တော် ဒီရက်ပိုင်းတွေမှာ မအားလို့ Post အသစ်တွေ မတင်နိုင်လောက်သေးပါဘူး။ ကျောင်းပိတ်ထားပေမယ့် ကိုယ်ရေးကိုယ်တာ ကိစ္စတွေနဲ့ မအားတာရယ် နောက်ပြီး Internet Connection က ဒုက္ခပေးနေလို့ ပါ။ ရှေ့အပါတ်ထဲမှာတော့ အသစ် တင်နိုင်မယ် ထင်ပါတယ်။ နေ့တိုင်း လာကြည့်ပြီး အားပေးတဲ့သူတွေကိုလဲ ကျေးဇူးတင်ပါတယ်။ RSS Feed ယူထားရင်တော့ ကျွန်တော် အသစ်တင်ရင် အကြောင်းကြားပေးမှာပါ။

p.s Connection က အခုရေးနေရင်းနဲ့တောင် ကျလိုက် တက်လိုက် ဖြစ်နေပါတယ်။ (FTTH Connection လဲ ရတော့မယ်လေ :P )

Author: Rapster88 Categories: Announcement Tags:

Blog may goes offline for few days!

June 21st, 2008

Blogger ကနေ Wordpress ကို ပြောင်းတဲ့ အချိန်အတွင်းမှာ Blog ကို “http://rapster88.blogspot.com” ကနေပဲ access လုပ်လို့ ရပါမယ်။

Author: Rapster88 Categories: Announcement, Blog Tags:

Blog ရေးတာကို ခဏ ရပ်ချင်တယ်။

February 26th, 2008

ကျွန်တော်ရဲ့ ရှေ့ရေးနဲ့ ကျောင်းကိစ္စတွေကြောင့် Blogging ကို ၁ လ သို့မဟုတ် ၂ လလောက် ခဏ ရပ်ထားချင်ပါတယ်။ အမှန်အတိုင်းဆိုရင်တော့ ကျွန်တော်လဲ မရပ်ချင်ပါဘူး ဒါပေမယ့် အခြေအနေက ဒီအလုပ်တွေကို ခဏ ရပ်ပြီး ဟိုဖက်ကို အာရုံစိုက်ရမှာကြောင့်ပါ။

လက်ရှိ ရေးဖို့ ကျန်နေတဲ့ Post ၃ ခုလောက်ကိုတော့ ရအောင် တင်သွားပါမယ်။ ဒါပြီးရင်တော့ ခဏရပ်ပါတော့မယ်။ နေ့စဉ် နေ့တိုင်း ကျွန်တော့် Blog ကို လာအားပေးတဲ့ ပရိတ်သတ်ကိုလည်း တောင်းပန်ပါတယ်။ ဒါပေမယ့် စိတ်ချပါ။ ကျွန်တော် ခဏပဲ ရပ်တာပါ။ အဆင်ပြေတာနဲ့ ချက်ချင်း ပြန်ရေးသွားမှာပါ။ Blog ရေးရတာကို နှစ်သက်ပါတယ်။

ဒီ Blog ကို နေ့တိုင်း ၀င်ကြည့်တဲ့သူတွေကို Feed Burner မှာ Subscribe မလုပ်ရသေးရင် လုပ်ထားပါလို့ တိုက်တွန်းပါတယ်။ ကျွန်တော့် Blog ရဲ့ အောက်နားကို ဆင်းလိုက်ရင် ( ပုံမှာ ပြထားတဲ့အတိုင်း ) email လိပ်စာ ထည့်ပြီး Feed ကို subscribe လုပ်လို့ရပါတယ်။ ဒါဆိုရင် ကျွန်တော့်ဖက်က Post အသစ်တက်တဲ့အခါ email နဲ့ auto အကြောင်းကြားမှာ ဖြစ်ပါတယ်။


Author: Rapster88 Categories: Announcement, Blog, Myself Tags:

ဖိုးဝမှာ ကိုယ့် Blog ကို List လုပ်ထားမယ်

November 8th, 2007

မြန်မာ Portal တစ်ခုဖြစ်တဲ့ ဖိုးဝ ရဲ့ Web Directory မှာ မြန်မာ Blog တွေရဲ့ Link တွေကို ထည့်လို့ရတယ် Feature ရှိပါတယ်။ List လုပ်ပေးထားတဲ့ Feature တွေအပြင် ကိုယ့် Link ကို ၀င်ကြည့်တဲ့ Hit, Ratings ကိုပါ ပြပေးမှာဖြစ်ပြီး ဖိုးဝ ရဲ့ Home Page မှာလဲ အလှည့်ကျ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

Submit Your Blog
၁။ ဖိုးဝရဲ့ Web Directory ကို ၀င်လိုက်ပါ။

၂။ Page ရဲ့ ညာဖက် အပေါ်နားမှာ “Submit a Website” ကို ၀င်လိုက်ပါ။

၃။ Category ခွဲတဲ့ Page ကို ရောက်သွားပြီဆိုရင် “Myanmar” ကိုနှိပ်လိုက်ပါ။

၎။ Submit Form ကိုရောက်သွားရင်တော့ “Select a Sub-Category:” မှာ Blog လို့ရွေးလိုက်ပါ။ (** All fields are required ဖြစ်တဲ့အတွက် Fields တွေကို အကုန်ဖြည့်ပေးရပါမယ်။)

၅။ Link Name မှာတော့ ကိုယ့်ရဲ့ Blog နာမည်ပေါ့ (ဥပမာ. ကျွန်တော်ဆိုရင် ကျွန်တော့် Blog Title ဖြစ်တဲ့ R Blog..! ကိုထည့်ပါတယ်)။

၆။ Email ကိုတော့ ကိုယ့်ရဲ့ valid ဖြစ်တဲ့ mail address ကို ထည့်ပေးရပါတယ်။

၇။ URL နေရာမှတော့ Blog address ကို ထည့်ပေးပါ။

၈။ Description ကတော့ ကိုယ့် Blog ရဲ့ အကြောင်းကို စာလုံးရေ ၂၅၀ ထက် မပိုစေရပဲ ရေးပေးလို့ရပါတယ်။ (Zawgyi Supported)

၉။ Enter Code: ကိုတော့ အပေါ်မှ ပေါ်နေတဲ့ Security Code အတိုင်း ရိုက်ထည့်ပေးလိုက်ပြီး Submit ကို နှိပ်လိုက်ရင် ရပါပြီ။

၁၀။ Approve ကတော့ ၁ ရက် လောက်ပဲ အချိန်ယူပါတယ်။ Review လုပ်ပြီးတာနဲ့ သင့်တော်ရင် Approve လုပ်ပေးပါတယ်။

Author: Rapster88 Categories: Announcement, Blog, Tips Tricks and Tweaks Tags:

New Domain For My Blog

October 14th, 2007

အားလုံးသိကြတဲ့ အတိုင်း Blogspot ကို Bagan Teleport ကနေ လွန်ခဲ့တဲ့လက Ban လိုက်တဲ့အတွက် Blogger တွေ အကုန် ကွဲကုန်ကြတယ်။ Myanmar Teleport (MPT) connection မှာတော့ အချို့ blog တွေကိုပဲ ban ထားလို့ တော်တော်များများ ၀င်ကြည့်လို့ရပါသေးတယ်။ ဒါပေမယ့်လဲ မြန်မာပြည်က အသုံးများတာက Bagan Connection ဆိုတော့ Bypass လုပ်ရင်တော့ ရပေမယ့် ဒီထက်ပိုပြီး ၀င်ရတာ အဆင်ပြေအောင် ကျွန်တော် http://www.rblog.tk ဆိုတဲ့ Domain တစ်ခုလုပ်ထားလိုက်တယ်။ အဲဒါကို Bagan Connection နဲ့ဆိုရင် bypass လုပ်စရာမလို တော့အောင် ကျွန်တော်က bypass လုပ်ပေးထားတာလေ။

အဲဒီ domain ကနေ၀င်ရင် cbox အလုပ် မလုပ်နိုင်ပါဘူး နောက်ပြီး ကြော်ညာတွေ အရမ်းများတယ်။ ကြော်ညာ မပါပဲ bypass လုပ်ပေးနိုင်တဲ့ service အသစ်ထပ်တွေ့ရင်တော့ ပိုပြီး အဆင်ပြေ သွားမှာပါ။ ဒီအတိုင်း post တွေ ဖတ်မယ်ဆိုရင်တော့ အဆင်ပြေပါတယ်။

>> http://www.rblog.tk

Author: Rapster88 Categories: Announcement, Blog Tags:

Blog မှ ခဏ အနားယူမယ်

September 25th, 2007

ပြည်တွင်းမှာ ရှုပ်ထွေးနေတဲ့ အခြေအနေများကြောင့် Bagan Cyber Teleport ကနေ Blogger ကို Ban လုပ်လိုက်ပါ တယ်။ MPT connection မှာတော့ ၀င်လို့ ရနေပါတယ်။ ဒီအတွက် ဒီရက်ပိုင်း ကျွန်တော် Blogging ခဏ ရပ်ပါမယ်။

Update: အဆင်ပြေရင် ပြေသလို ရေးသွားပါမယ်။ အရင်ကလောက်တော့ Post တက်တာ မမြန် နိုင်တော့ဘူး။ တစ်နေ့ တစ်ခုလောက်တော့ တင်နိုင်မယ် ထင်ပါတယ်။

Author: Rapster88 Categories: Announcement, Blog Tags: