ကျွန်တော် Post အသစ် မရေးဖြစ်တာ အတော်ကြီးကို ကြာသွားပါပြီ။ ကျောင်းတစ်ဖက် အလုပ်တစ်ဖက်နဲ့ဖြစ်နေတော့ blog ကို ပစ်ထားမိတာကနေ ရေးဖို့ စိတ်လဲ အရင်ကလို သိပ်မပါတော့တာကြောင့်ပါ။ အခုတော့ ရန်ကုန်ခဏပြန်ရောက်ပြီး အချိန်ပိုလေးတွေ ရှိနေလို့ post အသစ်တွေ ပြန်တင်နိုင်အောင် ကြိုးစားကြည့်ပါမယ်။ ဒီရက်ပိုင်း ကျွန်တော့်ကို ရင်းနီးသူတွေက ကွန်ပြူတာနဲ့ ပတ်သတ်တဲ့ အကူအညီတွေ လာပြီးတောင်းကြပါတယ်။ များသောအာဖြင့်က စက်က လေးနေတာတို့၊ Virus ကိုက်နေတာတို့ကို ဖြေရှင်းခိုင်းတာပါ။
စက်သုံးရတာ လေးနေတာက ဖြေရှင်းဖို့လွယ်ပါတယ်။ Startup ထဲက မလိုတဲ့ entry တွေဖြုတ်ချ၊ CCleaner နဲ့ Auslogics ရဲ့ Disk Defrag ကိုသုံး။ Vista ဆိုရင် Vishal ရဲ့ Vista guide ကို သုံးပြီးတော့ စက်မလေးအောင် လုပ်ပေးလို့ရပါတယ်။ ဒါပေမယ့် Antivirus ကတော့ ပြဿနာပါ။
Read more…
This is no longer working!
Raymond ဆိုတာ ကျွန်တော် နေ့တိုင်း ၀င်ဖတ်နေတဲ့ Blog တစ်ခုပါ။ ဒီနေ့မှာတော့ သူ့ Blog မှာ အလွန်ကို စိတ်ဝင်စားစရာ အကြောင်းအရာ တစ်ခုကို တွေ့လိုက်ပါတယ်။ အဲဒါကတော့ ကျွန်တော်ရဲ့ Favourite Antivirus ဖြစ်တဲ့ Kaspersky Antivirus 7.0 အတွက် Liscense Key အစစ်တွေကို FREE ပေးနေတယ်ဆိုတာပါ။
ဟုတ်ပါတယ်။ တကယ်ကို Free ပေးနေတာပါ။ တရုတ်နိုင်ငံမှာ ရုံးခွဲထားတဲ့ Kaspersky က တရုတ်နှစ်ကူး အထိမ်းအမှတ်အဖြစ် Kaspersky Website မှာ Register လုပ်တဲ့သူတိုင်းကို Key အစစ်တွေ Free ပေးနေတာပါ။ ဒါပေမယ့် အဲဒီ Key တွေကို ၂ ပါတ်အတွင်း သုံးရမယ်လို့ သိရပါတယ်။ မသုံးရင်တော့ Blacklist လုပ်သွားပါလိမ့်မယ်။
တရုတ်လို မဖတ်တတ်ရင်လဲ ကိစ္စမရှိပါဘူး။ Raymond Blog မှာ ဘယ်ဟာတွေကို ဘယ်လိုနှိပ်ပြီး သွားရမလဲဆိုတာကို အသေးစိတ်ရေးပြထားပါတယ်။
Click HERE to Visit Raymond Blog!
အောက်မှာပြထားတဲ့ပုံအတိုင်း Kaspersky Antivirus 7 ရဲ့ Setting ကို ပြောင်းပေးလိုက်ရင် System ရဲ့ Resource သုံးတာ နည်းပြီး စက်က ပိုပြီးမြန်လာပါမယ်။ Kaspersky ရဲ့ Startup Scan ကို ပိတ်ချင်ရင် ဒီမှာ ဖတ်ပါ။

Kaspersky က Antivirus မှာ တကယ့်ထိပ်တန်းပါပဲ။ ကျွန်တော်အရင်က Norton သုံးခဲ့ပေမယ့် Kaspersky Antivirus 6 ကို တွေ့တဲ့အချိန်က စပြီး Norton ဖက်ကို ပြန်မလှည့်တော့ပါဘူး။ အခုဆိုရင် Kaspersky 7 ကို Windows Vista ပေါ်မှာ သုံးနေပါတယ်။ Kaspersky မှာ Auto Startup Scan ဆိုတဲ့ Feature တစ်ခုပါတယ်။ စက်ကို စပြီးဖွင့်ရင်ပဲဖြစ်ဖြစ် reboot ချလိုက်ရင်ပဲဖြစ်ဖြစ် စက်ပြန်တက်လာချင်းမှာ System Memory, Startup Objects နဲ့ Disk Boot Sectors တွေကို scan စစ်ပါတယ်။ Windows XP မှာ အဲဒါက ပြဿနာ မတက်ပေမယ့် Vista မှာ Startup Scan ကပြဿနာလာပေးပါတယ်။ Startup Scan က scan စစ်တာ မပြီးတော့ဘူးဖြစ်နေတဲ့ ပြဿနာပါ။ Kaspersky ထဲကိုဝင်ပြီး Stop ကိုနှိပ်လိုက်ရင်လဲ Stopping.. လို့ပဲပြပြီး မရပ်တော့ဘူး။ တစ်ခြား Application တွေလဲ နှေးသွားတယ်။ ဘယ်လိုမှ ရပ်လို့မရလို့ နောက်ဆုံး Hard Reset ချလိုက်ရတတ်ပါတယ်။ ဒီတော့ Startup Scan ကို အောက်မှာ ဖတ်ပြီး Disable လုပ်လို့ရတယ်။ (စက်အတက်လဲ ပိုပြီးမြန်သွားတာပေါ့)
Open Kaspersky Antivirus
Go to Settings
Select “Startup objects”
Uncheck “At application startup”
Drag the Security Level to lowest to get better startup performance.
