ကျွန်တော်တို့ရဲ့ mail box တွေထဲကို ခဏခဏ ၀င်လာတတ်တဲ့စာပါ။ Mail attachment ထဲမှာ Life is beautiful.ppt ဆိုတဲ့ powerpoint file ပါလာရင် မဖွင့်ဖို့၊ အဲဒီဖိုင်က ဖျက်အားပြင်းပြီး Mail account ကိုပါ ခိုးယူနိုင်တယ်လို့ ရေးပြီး သတိပေးတဲ့စာပေါ့။ ဒီက ဂျာနယ်တွေ မဂ္ဂဇင်းတွေမှာတောင် တစ်ခါက ပါလာလိုက်ပါသေးတယ်။
အဲဒီစာကို မြင်ရတာ များလာပေမယ့် တစ်ခါမှ မကြုံဖူးတော့ မယုံလို့ Google မှာ ရှာကြည့်တော့မှ အဲဒီ virus က Hoax ဖြစ်နေမှန်းသိရပါတယ်။ Hoax ဆိုတာကို ဘယ်လို အဓိပ္ပါယ်ဖွင့်လဲဆိုတော့ ကောလဟာလပေမယ့် ယုံကြည် သွား လောက်အောင် ပြုလုပ်ထားလို့ တကယ်အစစ်လို့ ထင်ယောက်ထင်မှားဖြစ်စေတဲ့အရာ လို့ဖွင့်ပါမယ်။
ဒီ Hoax ကို မြင်ဖူးတဲ့သူများ ရှိသလို မမြင်ဖူးတဲ့လူတွေလဲ ရှိနိုင်သေးတဲ့အတွက် ကျွန်တော်က နည်းနည်းအကျဉ်းချုံးပြီး မြန်မာလို ရေးပေးလိုက်ပါတယ်။ Mail က warning အနေနဲ့ လာတဲ့စာပုံစံပေါ့။ စာထဲမှာက “ဒီအကြောင်းကြားချက်ကို ဒီမနက်တင် Microsoft နဲ့ Norton ဆီက ရောက်လာတဲ့အကြောင်း၊ ခင်ဗျားတို့ရဲ့ Mail ထဲကို life is beautiful.ppt ဆိုတဲ့ power point attachment ပါလာရင် လုံးဝ မဖွင့်ဖို့၊ ဖွင့်မိရင် “It is too late now, your life is no longer beautiful” ဆိုတဲ့ message က screen ပေါ်မှာ ပေါ်လာပြီး ကွန်ပြူတာထဲမှာ ရှိသမျှ ဖိုင်တွေ အားလုံးကို ဆုံးရှုံးကုန်မှာ ဖြစ်တဲ့အပြင် email account ရဲ့ user name တွေ password တွေကို ဒီစာကို ပို့လိုက်တဲ့ လူက control လုပ်နိုင်မှာဖြစ်တဲ့အတွက် ဒီ virus ကို ဖြစ်နိုင်သမျှ တားဆီးရမှာဖြစ်ကြောင်း၊ ဒီ virus က စနေနေ့ (ဘယ်စနေနေ့လဲ ရေရေရာရာ မပါ) နေ့လည်မှာ စပြီး ပြန့်နှံပြီး AOL ကတောင် အတည်ပြုပြီး လက်ရှိ အသုံးပြုနေတဲ့ anitivirus တစ်ခုမှ ဖျက်ဆီးနိုင်မှာ မဟုတ်ကြောင်း၊ Virus ကို “life owner” ဆိုတဲ့ Hacker ကရေးသားခဲ့ပြီး Microsoft နဲ့တောင် တရားရုံးမှာ တရားရင်ဆိုင်နေတဲ့ အကြောင်းတွေ ပါပါတယ်။ ဒါ့အပြင် ဒီ hoax ရဲ့ အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ ဒီစာကို ကိုယ်နဲ့ သိတဲ့ internet အသုံးပြုသူ အားလုံးဆီကို forward လုပ်ပေးခိုင်းပါတယ်။
Wikipedia နဲ့ Norton အရ ဒီ Hoax က ၂၀၀၂ ဇန်န၀ါရီ ၁၅ ရက်နေ့က စပြီး ထွက်ပေါ်ခဲ့ပါတယ်တဲ့။ စပိန်၊ ပေါ်တူဂီ၊ တရုတ် နဲ့ ဂျာမာန် ဘာသာစကားနဲ့ ရေးထားတဲ့ စာများလည်း ရှိတယ်လို့ သိရပါတယ်။တကယ်အပြင်မှာတော့ အဲဒီ virus ဟာ တွေ့ရှိမူနဲ့ ကူးစက်မှု မရှိခဲ့ပါဘူး။
- R Blog..! အာဘော်
ဒီတော့ အခုအချိန်ကစပြီး ကိုယ့် mail box ထဲကို ဒီစာ ၀င်လာခဲ့ရင် သူခိုင်းတဲ့အတိုင်း forward မလုပ်ပဲနဲ့ တစ်ခါတည်း အမှိုက်ပုံးထဲကို လစ်ခိုင်းလိုက်ပါ။ Hoax တွေရဲ့ အဓိက ရည်ရွယ်ချက်က အဲဒီလို တစ်ယောက်နဲ့ တစ်ယောက် တဆင့်ပြီး တစ်ဆင့် ပြန့်သွားစေချင်တာပါ။ နောက်ပြီးတော့ ကျွန်တော်တို့တတွေ အခုသုံးနေတဲ့ Mail service တွေဖြစ်တဲ့ Yahoo, Google တို့ဟာ နည်းပညာပိုင်းမှာ လန်ထွက်နေတယ်လို့ ပြောလို့ရပါတယ်။ သူတို့ရဲ့ mail service တွေမှာလဲ အစွမ်းထက် virus scanner တွေကို ထည့်သွင်းပေးထားပါတယ်။ သာမာန် virus တစ်ခုဟာ ဘယ်လိုနည်းနဲ့မှ အဲဒီ mail service တွေမှာ အသက်မရှင်နိုင်ပါဘူး။
ဒါ့အပြင် Virus တစ်ခုဟာ ထွက်ပေါ်ခဲ့ပြီး (ဖျက်အားမပြင်းရင်) နာရီပိုင်းအတွင်း Antivirus ကုမ္ပဏီတွေက (such as Norton, F-Secure, Kaspersky) ချက်ချင်းကို Patch, Update, Removal Tool ထုတ်ပေးနိုင်ပါတယ်။ ကိုယ့်စက်ကို Virus Defination update ပုံမှန်လုပ်ထားရင် စိတ်ချရပါတယ်။ နောက်ဆုံးအနေနဲ့ ထွက်ပေါ်ခဲ့တဲ့ ဖျက်အားပြင်း worm (virus) ဖြစ်တဲ့ Sasser (၂၀၀၄ မှာ ထွက်ပေါ်ခဲ့ပါတယ်) နောက်ပိုင်းမှာ ဖျက်အားပြင်း virus တွေ ထွက်ပေါ်လာတဲ့နှုန်း သိသိသာသာ ကျသွားတာကို ကြည့်
ချင်းအားဖြင့် Antivirus တွေ ကာကွယ်နိုင်စွမ်း တက်လာတာကို သတိထားမိနိုင်ပါတယ်။ ကျွန်တော်ထပ်ပြောလိုက်ပါတယ်.. နှစ်ခါ မစဉ်းစားပဲ ဖျက်လိုက်ပါ။
Ref: Google, Norton, Wiki, Hoax Slayer, Break The Chain
Keznews.com မှာ ဖတ်ရတဲ့ Article လေးတစ်ခုနဲ့ အဲဒီ articles ရဲ့ comment ထဲမှာ reader တစ်ယောက် ပြန်ပြီး ၀င်ရေးသွားတာကို သဘောကျလို့ အဆင်ပြေသလို ကျွန်တော်က ပြန်ရေးလိုက်ပါတယ်။
၂၀၀၇ ဇန်န၀ါရီလမှာ Windows Vista ရဲ့ တရားဝင်ဖြန့်ချီရေး စခဲ့ပြီးနောက်မှာ Vista နဲ့ ပတ်သတ်တဲ့ ဝေဖန်သံတွေ ချီးမွန်းသံတွေ အမျိုးမျိုး ထွက်ပေါ်လာခဲ့ပါတယ်။ ထုတ်လုပ်သူ Mircosoft ကိုယ်တိုင်ကတော့ Vista ကို ချီးမွန်းခန်း အပြီအပြင်ကို ဖွင့်ခဲ့ပြီး (“Wow” ဆိုတဲ့ စကားလုံးနဲ့) ရောင်းချခဲ့ပေမယ့် Windows Vista ဟာ ထင်သလောက် မဟုတ်ခဲ့ပါဘူး။ ဘာတွေကို ထင်သလောက် မဟုတ်ခဲ့ပြီး ဘာတွေကတော့ တကယ်ကို တိုးတက်ကောင်းမွန် လာတယ် ဆိုတာကို ကြည့်ရအောင်..
Vista ကို သုံးဖို့ System Requirement တောင်းတာ မြင့်နေတဲ့ အချက်က Vista ကို ဝေဖန်ချက်တွေထဲမှာ အကြီးဆုံးဖြစ်ပါတယ်။ Vista ထွက်ထွက်ခြင်းမှာ လူအများစုရဲ့ System တွေက Vista ကို Run တယ်ဆိုရုံလောက်ပဲ ရှိနေကြပါတယ်။ နောက်တစ်ချက်က Vista အတွက် software တွေ (အထူးသဖြင့် Antivirus လို Security application တွေ) နဲ့ Hardware တွေအတွက် Drivers တွေ အဆင်သင့်မရှိခဲ့သေးတာပါ။ Windows XP ကို အမြဲသုံးနေတဲ့လူတစ်ယောက်ရဲ့လက်ထဲကို Vista ထည့်ပေးပြီး အလုပ်လုပ်ခိုင်းကြည့်ရင် ရွာလည်နေတာကိုတွေ့ရမှာပါ။ Vista ရဲ့ Interface က XP နဲ့ အနည်းငယ်ပဲ ဆင်တူပြီး တစ်ချို့နေရာတွေမှာတော့ လုံးဝကို ပြောင်းလဲသွားတာတွေ ရှိပါတယ်။( ဥပမာအားဖြင့် IP ထည့်ဖို့အတွက် Network Connection setting ကို သွားဖို့ ကြားထဲမှာ ၂ ဆင့်လောက်ခံနေရတာတွေ.. နောက်ပြီး Dial up ချိတ်ဆက်ထားတဲ့အခါမှာ သုံးပြီးတဲ့အချိန်ကို Status ကြည့်ရင် XP လောက် မလွယ်ကူတာတွေ )။
Vista ရဲ့ UAC ဆိုတဲ့ feature ကလဲ user တွေကို ရွေးစရာ လမ်းမရှိအောင် လုပ်ထားသလိုဖြစ်နေပါတယ်။ Security ကောင်းချင်လို့ UAC ဖွင့်ထားခဲ့ရင် အမြဲလိုလို ဘာလုပ်လုပ် Permission ကို allow ပေးရတာ အလုပ်ချိန်ကို နှောင့်နှေး စေပါတယ်။ ဒါကို မကြိုက်ရင် တစ်ခြားရွေးစရာ နည်းမရှိပဲ UAC ကို လုံးဝ ပိတ်ထားရပါမယ်။ Do or Die လို့ user ကို ရွေးခိုင်းသလိုပါပဲ။ Windows XP မှာ အလုပ်လုပ်ရတာ မြန်ဆန်ပေမယ့် Vista မှာတော့ အဲဒီလို features တွေကြောင့် XP မှာလောက် မမြန်ဆန်နိုင်သေးပါဘူး။
Vista အတွက် အရေးပါတဲ့ စိန်ခေါ်မှုတစ်ခုကတော့ Linux လဲမဟုတ် Apple ရဲ့ Mac လဲ မဟုတ်ပဲ Windows XP ဖြစ်နေပါတယ်။ ထွက်ခဲ့သမျှ Windows တွေထဲမှာ အကောင်းဆုံးဖြစ်ခဲ့တဲ့ Windows XP ရဲ့ အောင်မြင်မှုကို Vista က ပြန်ပြီး ယှဉ်ပြိုင်နေရပါတယ်။ ဒါ့အပြင် လက်ရှိအချိန်မှာ Software vendor တွေနဲ့ hardware vendor တွေအပြင် Internet ပေါ်မှာ ရှိတဲ့ Tech Support Forum တွေ နဲ့ ဒီ မြန်မာပြည်က အားလုံးသော Computer Service ပေးတဲ့ ဆိုင်တွေဟာ user တွေကို Windows XP နဲ့ ပတ်သတ်ပြီးတော့ Support ကောင်းကောင်း ပေးနိုင်ပေမယ့် Vista ကို ပေးနိုင်ဖို့အတွက်ကတော့ လုံလောက်တဲ့ အချိန်အတိုင်းအတာ တစ်ခုအထိ စောင့်ရဦးမှာပါ။
နောက်ပြီး Vista ဟာ Timing out သွားခဲ့တယ်။ ဘယ်လိုနည်းနဲ့ သိနိုင်ခဲ့လဲဆိုတော့ US နဲ့ ဥရောပ တိုင်းပြည် တွေမှာက ဘယ်ပစ္စည်းမဆို အသစ်အဆန်းထွက်ရင် နွေဦးနဲ့ X’mas မတိုင်ခင် ဆောင်းတွင်းမှာ ကြော်ညာပြီး ရောင်းချ တတ်ပါတယ်။ ဒါဆိုဘာလို့ Vista က နွေဦးမှာရော ဆောင်းဦးမှာပါ မထွက်ခဲ့ပဲ ကိုးလို့ ကန့်လန် အချိန် January ကျမှ ထွက်ခဲ့တာလဲ (RTM ကိုတောင် November မှ ထွက်နိုင်ခဲ့တယ်)?? ဒီမှာ စဉ်းစားစရာ ပေါ်လာတယ်.. Vista ဟာ သူ့ရဲ့ ပြီးရမယ့် အချိန်မှာ မပြီးခဲ့လို့လား??
ဒါ့အပြင် Microsoft က Windows Vista အတွက် Developer မဟုတ်တဲ့ လူပေါင်းမြောက်များစွာ အသုံးပြုခဲ့ပါတယ်။ စီးပွားရေး နည်းပညာနဲ့ ပတ်သတ်တဲ့ ဂုရုတွေ၊ Microsoft ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ Beta testers and customers တွေများစွာရဲ့ အကြံပေးချက်တွေကို လေ့လာပြီး Vista အတွက် Features အသစ်တွေ စဉ်းစားပြုလုပ်ခဲ့ပါတယ်
Windows Vista SP1 က အခုဆိုရင် RC (Release Candidate) အဆင့်ထိ ထွက်လာပါပြီ။ Bug Fix, Performance Boost တွေနဲ့ ဒီနှစ်ကုန်၊ ၂၀၀၈ နှစ်ဆန်းမှာ ထွက်လာမယ့် Vista Service Pack 1 မှာ အခု လက်ရှိသုံးနေကြတဲ့ Timer Crack နဲ့ OEM Bios Patch(One click crack) တွေကို အလုပ်မလုပ်အောင် ပြုပြင်ထားမယ်လို့ Microsoft က သတင်းထုတ်ထားပါတယ်။ Windows Vista က Windows XP ထက် အဆင့်မြင့်မြင့် ထွက်လာခဲ့ပေမယ့် Pirate Version ကို Genuine ဖြစ်အောင် crack လုပ်တဲ့အပိုင်းမှာတော့ Windows XP ထက် အများကြီးပိုလွယ်တာကို Crack ကိုယ်တိုင်လုပ်ဖူးတဲ့ သူတိုင်း အသိပါပဲ။ Vista ကို တစ်ခါ crack လိုက်ရင် XP လို ခဏခဏ crack တွေ product key တွေ လိုက်ပြောင်းစရာမလိုတော့ပါဘူး။
OEM Bios Patch (one click crack) ဆိုတာက Windows Vista ရဲ့ System file အချို့နဲ့ Mother Board ရဲ့ Bios ကို Modify လုပ်ပြီး “Asus, Toshiba, Dell, ..etc” တို့လို OEM Manufacturer တွေရဲ့ စက်တွေမှာပါတဲ့ Pre-Installed OS တွေလို အယောင်ဆောင်ပြီး Genuine Windows ဖြစ်အောင် လုပ်တဲ့ crack ပါ။ Timer Crack က တော့ Vista က Activate မလုပ်ပဲ ၁ လ အစမ်း (Trial) ပေးသုံးတာကို အခွင့်ကောင်းယူပြီး Trail time ကို 2099 ခုနှစ်ထိ ရောက်အောင် ရွှေ့ထားတဲ့ သဘောပါ။ (ဒီ crack ကိုတော့ ကျွန်တော် မသုံးဖူးလို့ သေချာမသိပါဘူး။)
Windows က Genuine (အစစ်) ဖြစ်တော့ ဘာတွေ ထူးသလဲလို့ မေးချင်ရင် မေးကြမှာပေါ့။ ဘာထူးသလဲဆိုတော့ Genuine ဖြစ်နေတဲ့ Windows က Microsoft Windows Update ကနေ ထုတ်တဲ့ Windows Update တွေကို Install လုပ်လို့ရပါတယ်။ Windows Update တွေတင်တော့ ဘာထူးလဲဆိုတော့ Security ပိုကောင်းလာပါတယ်၊ Bug Fix တွေနဲ့ Performance ကောင်းအောင် လုပ်တာတွေ ထူးလာပါတယ်လို့ ပြောရမှာပေါ့။ အခုနောက်ပိုင်းဆိုရင် Windows Media Player 11 နဲ့ IE 7 က Windows Genuine ဖြစ်မှ Install ပေးလုပ်တာမျိုးတွေ လုပ်လာပါတယ်။
Window XP မှာဆိုရင် Windows Genuine Advantage (WGA) လိုခေါ်တဲ့ anti-piracy system လေးက Windows Genuine မဖြစ်ရင် တဂျီဂျီ ပြဿနာပေးတတ်ပါတယ်။
ဘယ်လိုပဲ ပြောပြော.. Microsoft ကလဲ သူ့အကြောင်းတော့ သူသိပါတယ်။ Windows Vista ကို 2006 နိုဝင်ဘာ ၈ရက် မှာ RTM Version ထွက်ပါတယ်။ 2007 ဒီဇင်ဘာမှာ Dr. Chan ဆိုတဲ့ ပထမဦးဆုံး vista crack စပြီး ထွက်လာပါတယ်။ 30th January 2008 မှာတော့ Official Retail ကို အပီအပြင် ထုတ်ခဲ့ပါတယ်။ အဲဒါပြီး သိပ်မကြာပါဘူး.. တစ်လ၀န်းကျင်လောက်မှာပဲ Timer Crack နဲ့ OEM Crack ရှေ့ဆင့်နောက်ဆင့် ထွက်လာခဲ့တာကို ကြည့်ရင် အခုထွက်မယ့် SP1 လဲ ဘယ်လောက်ခံမလဲဆိုတာ သိနိုင်ပါတယ်။
ဒီတော့ Pirated OS user တွေက ရွေးစရာ တစ်လမ်းပဲရှိပါတယ်။ SP1 Official release ထွက်ရင် install မလုပ်သေးပဲ crack ထွက်လာတဲ့အထိ စောင့်နေပြီး crack ထွက်လာမှ SP1 ကို install လုပ်ဖို့ပါပဲ။ SP1 မှာကလည်း စိတ်ဝင်စားစရာ performance boost such as improving network speed လိုမျိုးတွေပါနေတော့ စမ်းချင်နေတဲ့လူတွေတော့ ခဏ အောင့်ထားပါဦးလို့ပဲ ပြောရမှာပါပဲ။