R Blog..! 2.0 ကို စတင်နိုင်တဲ့ အထိမ်းအမှတ်အဖြစ် R Blog..! ကို နောက်ထပ် domain တစ်ခု ၀ယ်ပေးလိုက်ပါတယ်
။ အရင်က ၂ ခုနဲ့ ဆိုရင် စုစုပေါင်း ၃ ခုဖြစ်သွားပါပြီ။ ဘယ် domain ကနေ ၀င်ဝင် အကုန်လုံးကတော့ ဒီနေရာကို redirect လုပ်ပေးသွားမှာပါ။ သုံးရတဲ့ reader တွေ အဆင်ပြေအောင်သာ domain တွေ ထပ်ပြီး တိုးလိုက်တာပါ။ Here is the list of domains..
- http://blog.atomicdevelopment.net – The original domain
- http://www.rblog.tk – အပေါ်က domain က ရှည်လို့ မသုံးချင်ရင် ဒါကို သုံးလို့ရပါတယ်။ ကြော်ညာတွေတော့ ပါတယ်။
- http://blog.rapster88.net – Newly added domain
ကျွန်တော် blogspot မှာ ရေးတုန်းက reader တစ်ယောက်က ကျွန်တော့် Post တွေကများလာလို့ search feature တစ်ခု ထည့်ဖို့ တိုက်တွန်းဖူးပါတယ်။ အဲဒီကတည်းက search ကို ထည့်ပေးချင်ပေမယ့် မထည့်ပေးဖြစ်ခဲ့ပါဘူး။ R Blog..! version 2 မှာတော့…
Read more…
Google Talk က Service တစ်ခု ဖြစ်တဲ့ Google Talk chatback ကို သုံးပြီးတော့ Blog Reader တွေအနေနဲ့ ကျွန်တော့်ကို ဆက်သွယ်လို့ရမှာပါ။ ညာဖက်က side bar ကို ကြည့်လိုက်ပါ။ ဒါပေမယ့် ကျွန်တော် Busy sign ပြထားရင်တော့ ဆက်သွယ်လို့ရမှာ မဟုတ်ပါဘူး။
ဒါပေမယ့် ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို Spam တွေ မပို့ပါနဲ့
။ နောက်ပြီးတော့ ကျွန်တော့်ရဲ့ Personal အကြောင်းတွေ မေးတာကိုလဲ သီးခံပေးပါ။ တကယ်တမ်း ပြောစရာ/တောင်းစရာ အကူအညီ ရှိမှ သုံးပါလို့ ကျွန်တော် တိုက်တွန်းလိုပါတယ်။ ( Again, please don't come and ask me "ASL?"
)
မင်္ဂလာပါ Wordpress ကိုတော့ Install လုပ်ပြီးသွားပါပြီ။ လုပ်စရာတွေကတော့ နည်းနည်း ကျန်ပါသေးတယ်။ Blogger က Post အဟောင်းတွေကို Import လုပ်ဖို့ မလုပ်ဖို့ကို စဉ်းစားနေပါတယ်။ အဆင်ပြေရင် ဒီထဲကို Import လုပ်ပေးပါမယ်။ မရရင်တော့ Blog က address ၂ ခု ဖြစ်သွားပါမယ်။ အခု Wordpress မှာ လုပ်ဖို့ ကျန်တာတွေက –
- Font Assign – Done
- Theme – Done
- Plugins – Done (70%)
- Feeds – Done
- ADs
- Favicon
Blogger ကနေ Wordpress ကို ပြောင်းတဲ့ အချိန်အတွင်းမှာ Blog ကို “http://rapster88.blogspot.com” ကနေပဲ access လုပ်လို့ ရပါမယ်။
ကျွန်တော့်ရဲ့ Blog အသစ်ကို June 1 ရက်နေ့မှာ တင်ပေးမယ်လို့ ပြောထားခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် ဖြစ်မလာခဲ့ပါဘူး။ ကြုံခဲ့တဲ့ ပြဿနာတွေကတော့
- MM Geeks ကနေ Host လုပ်ပေးတဲ့ wordpress blog ကို domain ပြောင်းဖို့ လုပ်နေတဲ့အချိန်မှာပဲ Nargis ၀င်သွားပါတယ်။
- Nargis ပြီးလို့ ကွန်နက်ရှင်တွေ ပြန်ရတဲ့အချိန်မှာ ကျွန်တော်က နိုင်ငံရပ်ခြားမှာ ကျောင်းတက်ဖို့ လှုပ်ရှားနေရလို့ Blog ကို လုံးဝ ပစ်ထားခဲ့ရပါတယ်။
- ကျွန်တော် အခု ဒီမှာ settle ဖြစ်ပြီးတဲ့အချိန်ကျတော့ ကျွန်တော့်ရဲ့ wordpress ကို access လုပ်လို့မရတော့ပါ။
- MM Geeks ကို Techinical အကူအညီတောင်းပေမယ့် Hosting ပိုင်းကိုင်တဲ့ တာဝန်ရှိသူတွေ မအားလပ်လို့ fix မလုပ်နိုင်သေးတာပါ။ (I’m not blaming the mm geeks
)
အခုတော့ ကျွန်တော့်ကိုယ်ပိုင် Windows Hosting ကို Linux ပြောင်းပြီး wordpress နဲ့ run ပါတော့မယ်။ (Switching is in process)။ ဒီအတွက် Reader တွေက ဘာမှ လုပ်စရာမလိုပါဘူး။ Domain ကလဲ အခုအတိုင်းပဲ (“blog.atomicdevelopment.net”) ရှိပါလိမ့်မယ်။
နောက်အကျဆုံး ဇူလိုင်လ ကုန်လို့ မှန်းထားပါတယ်။ ဒီတစ်ခါတော့ နောက်မကျစေရပါဘူး
ခပ်တိုတိုပဲ ပြောပါမယ်။ ကျွန်တော် Blog ပြန်ရေးတဲ့အချိန်ကစပြီး R Blog..! ကို Version အသစ်၊ အသွင်အပြင် အသစ်တွေနဲ့ တွေ့ရပါမယ်။ မေလ ၁ ရက်နေ့မှာ အဆင်သင့်ဖြစ်အောင် ကြိုးစားသွားပါမယ်။
ကျွန်တော်ရဲ့ ရှေ့ရေးနဲ့ ကျောင်းကိစ္စတွေကြောင့် Blogging ကို ၁ လ သို့မဟုတ် ၂ လလောက် ခဏ ရပ်ထားချင်ပါတယ်။ အမှန်အတိုင်းဆိုရင်တော့ ကျွန်တော်လဲ မရပ်ချင်ပါဘူး ဒါပေမယ့် အခြေအနေက ဒီအလုပ်တွေကို ခဏ ရပ်ပြီး ဟိုဖက်ကို အာရုံစိုက်ရမှာကြောင့်ပါ။
လက်ရှိ ရေးဖို့ ကျန်နေတဲ့ Post ၃ ခုလောက်ကိုတော့ ရအောင် တင်သွားပါမယ်။ ဒါပြီးရင်တော့ ခဏရပ်ပါတော့မယ်။ နေ့စဉ် နေ့တိုင်း ကျွန်တော့် Blog ကို လာအားပေးတဲ့ ပရိတ်သတ်ကိုလည်း တောင်းပန်ပါတယ်။ ဒါပေမယ့် စိတ်ချပါ။ ကျွန်တော် ခဏပဲ ရပ်တာပါ။ အဆင်ပြေတာနဲ့ ချက်ချင်း ပြန်ရေးသွားမှာပါ။ Blog ရေးရတာကို နှစ်သက်ပါတယ်။
ဒီ Blog ကို နေ့တိုင်း ၀င်ကြည့်တဲ့သူတွေကို Feed Burner မှာ Subscribe မလုပ်ရသေးရင် လုပ်ထားပါလို့ တိုက်တွန်းပါတယ်။ ကျွန်တော့် Blog ရဲ့ အောက်နားကို ဆင်းလိုက်ရင် ( ပုံမှာ ပြထားတဲ့အတိုင်း ) email လိပ်စာ ထည့်ပြီး Feed ကို subscribe လုပ်လို့ရပါတယ်။ ဒါဆိုရင် ကျွန်တော့်ဖက်က Post အသစ်တက်တဲ့အခါ email နဲ့ auto အကြောင်းကြားမှာ ဖြစ်ပါတယ်။

ဒီနေ့တော့ ကျွန်တော်ပျင်းနေတာနဲ့ Google မှာ “R Blog” လို့ ရိုက်ထည့်ပြီး ရှာကြည့်လိုက်တော့ Google ရဲ့ Results မှာ ကျွန်တော် Blog က Page 1 ရဲ့ ၄ နေရာမြောက်မှာ ရောက်နေတာကို တွေ့ရပါတယ်။

ကျွန်တော် ဒီ Blog ကို စပြီးရေးကာစ အချိန်ကဆိုရင် “R Blog” လို့ ရိုက်ထည့်ပြီး ရှာကြည့်ရင် Page 7 လောက်ရောက်မှ ကျွန်တော့်ရဲ့ Blog ကိုတွေ့ရခဲ့တာပါ။
ကျွန်တော် တော်တော်ကို ပျော်သွားပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော့် Blog address က နည်းနည်း ရှည်ပြီး ရှုပ်ပါတယ်။ ဒီတော့ အရင်ကဆိုရင် လိပ်စာမသိပဲ ကျွန်တော် Blog ကို လာဖို့နည်းနည်း ခက်နေကြပါတယ်။ အခုတော့ လိပ်စာ မေ့သွားခဲ့ရင်တောင် Google မှာ အလွယ်တကူ ရှာလို့ ရနေပါပြီ။
ကျွန်တော့်ရဲ့ Blog လဲ တဖြည်းဖြည်းနဲ့ လူသိများပြီး လူဝင်များလာတဲ့အတွက် Page Rank တွေလဲ တက်လာပါတယ်။ ဒီလို ရလဒ်တွေအားလုံးက R Blog ကို အမြဲဝင်လေ့လာနေတဲ့ User တွေရဲ့ ကျေးဇူးလို့ ကျွန်တော်က ဆိုချင်ပါတယ်။ ဟုတ်တယ်လေ… ကျွန်တော် ဘယ်လောက် ရေးထားရေးထား.. ၀င်ကြည့်တဲ့သူ မရှိရင် အလကားပဲလေ။
ကျွန်တော် Blog ရဲ့ သက်တမ်း ၈ လအကြာမှာ Hit Count တစ်သောင်းနဲ့ ၇ ထောင်လောက် ရှိလာပါပြီ။ ဒီ ammount ဟာ နည်းသေးတယ်လို့ ပြောရင် ပြောလို့ရပါတယ်။ တစ်နေ့ကို လူအ၀င် ၂၀၀ ပါတ်ဝန်းကျင် နီးပါးကို ကျွန်တော် ကျေနပ်နေမှာမဟုတ်ပဲ ဒီထက် ဒီထက် ပိုကြိုးစားပြီး အသုံးဝင်တဲ့ Post တွေ တင်နိုင်အောင် လုပ်သွားပါမယ်။ Google Search Results ရဲ့ ထိပ်ဆုံးကိုလဲ ရောက်အောင် တတ်နိုင်သလောက် ကြိုးစားသွားပါမယ်ခင်ဗျာ။
Rapster
Feb 12 2008 1:33 AM
ဟုတ်ပါတယ်ခင်ဗျာ.. ကျွန်တော် မနက်ဖြန် ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ မြန်မာပြည်ရဲ့ နာမည်ကြီး ကမ်းခြေတစ်ခုမှာ အပန်းဖြေမလို့ပါ။ ဒီတော့ ဒီရက်ပိုင်းမှာ Post အသစ်တွေ တက်နိုင်မယ် မဟုတ်ပါလို့ (ဒီတိုင်းလဲ တက်တာပဲ မဟုတ်ပဲနဲ့
) ။ အပန်းပြေပြီး ပြန်လာတဲ့ခါတော့ Post အလန်းတွေကို အရမ်းတင်နိုင်မယ်လို့လဲ မျှော်လင့်ထားပါတယ်။ ကဲအားလုံးပဲ.. ကျွန်တော် လစ်ပြီ။
Rapster
9:46 PM (MST)
18/1/2008