Archive

Archive for the ‘Firefox’ Category

Firefox Right Click Context Menu Editor

September 28th, 2008

Mozilla Firefox မှာ Extensions, Plugins တွေက အသုံးဝင်ပါတယ်။ အသုံးဝင်ပေမယ့် တစ်ခါတစ်လေမှာ draw back လေးတွေ ဖြစ်တတ်ပါတယ်။ အဲဒီထဲက တစ်ခုကတော့ Right Click Context Menu က Addons တွေရဲ့ menu တွေနဲ့ ရှုပ်နေတာပါ။ Addon တစ်ခုစီက သူ့ သက်ဆိုင်ရာ အလိုက် (တစ်ချို့က အသုံးမလိုပဲ) Context Menu ထဲကို ထည့်လိုက်တော့ addons များလေ menu ကြီးက ရှည်ပြီး ရှုပ်နေပါတယ်။ ဒါကို…

Read more…

ပျင်းနေသလား ?

July 3rd, 2008

အင်တာနက်ရှိပြီးတော့ Website ကောင်းကောင်းတွေ မရှာတတ် ဖြစ်နေလား ? ရှာတွေ့တာတွေကရော စိတ်ကြိုက် မဖြစ် ဖြစ်နေလား ? ဒါမှမဟုတ် အရမ်းပျင်းနေလား ? 

Read more…

Firefox 3 Sets the World Record!

July 3rd, 2008

ဇွန်လ ၁၇ ရက်နေ့က စပြီးတော့ ဖြန့်လိုက်တဲ့ Firefox 3 က ၂၄ နာရီအတွင်းမှာ Download အများဆုံးဆိုတဲ့ Guinness World Record တင်သွားခဲ့ပါတယ်။ ၁၇ ရက်နေ့ UTC 18:16 မိနစ်ကနေ ၁၈ရက်နေ့ 18:16 မိနစ်အထိ အချိန် ၂၄ နာရီ အပိုင်းအခြား အတွင်းမှာ Download ပေါင်း ၈သန်း ၂ ထောင် နဲ့ ငါးရာ့သုံးဆယ် ရှိခဲ့ပါတယ်။ Detail Here on Spread Firefox

မြန်မာပြည်ကနေ Download ၄ ထောင် ကျော်ရှိခဲ့ပါတယ်။ ကျွန်တော် အဲဒီညက Download ရဖို့ ထိုင်စောင့်နေတာ မနက် ၄ နာရီလောက်မှ အိပ်ဖြစ်ပါတယ် :D ။ Release လုပ်ခါနီးမှာ Firefox Server တွေ overloaded ဖြစ်သွားလို့ အချိန် ၁ နာရီလောက် အနောက်ကိုဆုတ် လိုက်ရပါတယ်။ News on CNet

Congratulations on Guinness World Record!! :)

Block Annoying advertisements with AD Block Plus

December 4th, 2007

အောက်က webpage ကို တစ်ချက်ကြည့်လိုက်ပါ။

Free Service ပေးတာနဲ့အညီ Page တစ်ခုလုံးကို ကြော်ညာတွေ မြင်မကောင်းအောင် ထည့်ထားပါတယ်။ ကြော်ညာ တွေများတော့ ဘာဖြစ်လဲ? (၁) မျက်စိနောက်တယ် ဒါက နည်းနည်း သည်းခံလို့ရသေးတယ်။ (၂) ကြော်ညာတွေကို loading လုပ်နေရလို့ Bandwidth တွေ စားပြီး connection တွေကျတယ်.. ဒါကတော့ ရှိစုမဲ့စု ကွန်နက်ရှင် သမား တွေကို တိုက်ရိုက်ထိခိုက် သွားပါပြီ။ Connection နှေးအောင် လုပ်တဲ့လူက ကျွန်တော်တို့ရဲ့ ရန်သူပါပဲ :) ။ ဒီတော့ စိတ်ညစ်စရာ ကြော်ညာတွေကို ဖျောက်ထားလို့ မရဘူးလား?? သိပ်ရတာပေါ့.. Firefox Addon AD Block Plus ကို သုံးလိုက်လေ။


၁။ ဒီကို ၀င်ပြီး AD Block Plus Addon ကို Install လုပ်ပါ။ ( Install ပြီးရင် FF ကို restart ချပေးရမယ် )

၂။ Restart ချပြီး Firefox ပြန်တက်လာရင် AD List တစ်ခုကို Subscribe ရပါတယ်။ ပုံမှာ ပြထားတဲ့အတိုင်း “EasyList(USA)” ကိုပဲ ရွေးပေးလိုက်ပါ။

၃။ ပြီးရင်တော့ ခုနက ကြော်ညာတွေ သိပ်များပါတယ်ဆိုတဲ့ site တွေကို ပြန်ဝင်ကြည့်လိုက်ပါ။ ကြော်ညာတွေ အကုန်လုံး ပျောက်နေတာ တွေ့ရပါမယ်။ :)

၎။ Browser ရဲ့ အဆင်ပြေတဲ့ တစ်နေရာမှာ AD Block Plus button နေရာယူထားတာတွေ့ရပါမယ်။ အဲဒီ Button ကို နှိပ်ပြီး Page တစ်ခုခြင်းစီအလိုက် Disable လုပ်တာ၊ Domain တစ်ခုလုံး Disable လုပ်တာနဲ့ AD Block ကို Enable/Disable လုပ်တာတွေ လုပ်လို့ရပါတယ်။

၅။ Subscribe လုပ်ထားတဲ့ List ထဲမှာ မပါတဲ့ ကြော်ညာတွေကိုတွေ့ရင်လည်း အဲဒီအပေါ်မှာ Right Click ပြီးတော့ “AD Block Image” “Ad Block iFrame” ရွေးပြီး List ထဲကို ထပ်ထည့်လို့ရပါတယ်။ နောက်ဘယ်တော့မှ ကြော်ညာတွေအတွက် စိတ်ညစ်ခံစရာ မလိုတော့ပါဘူး။ Firefox နဲ့ Ad Block ရှိနေပါပြီ။ :)

Author: Rapster88 Categories: Firefox, Tips Tricks and Tweaks Tags:

Proxy တွေကို အလွယ်တကူ ပြောင်းလို့ရတဲ့ Switch Proxy

October 25th, 2007


Switch Proxy က Firefox ရဲ့ အသုံးဝင်တဲ့ extension တစ်ခုပါ။ Proxy တွေအများကြီးကို ခဏခဏ ပြောင်းပြီးသုံးနေရတယ်ဆိုရင် ဒီ extension ကို သုံးဖို့သင့်ပါတယ်။ ဥပမာအားဖြင့် Bagan ရော MPT မှာပါ Proxy တွေအများကြီးရှိပါတယ်။ Bagan ရဲ့ proxy တွေကလဲ ခဏခဏ ဒေါင်းတတ်ပါတယ် ခဏခဏကို ပြောင်းသုံးရတယ်။ ဒါ့အပြင် YourFreedom နဲ့ UltraSurf လို bypass လုပ်တဲ့ application တွေကလဲ proxy ကို လိုက် ပြောင်းပေးရပါတယ်။ ပုံမှန်ဆိုရင်တော့ Firefox ထဲက Tools > Options > Advanced > Network > Setting ထဲဝင်ပြီး proxy ကို ပြောင်းပေးရပါတယ်။ Switch Proxy ကိုသုံးပြီးတော့ အလွယ်တကူ ပြောင်းလို့ရတာကို အောက်မှာ ဖတ်ကြည့်ပါ.. ;)

၁။ Switch Proxy ကို ဒီမှာ ၀င်ပြီး Install လုပ်ပါ။ (Install ပြီးရင် Firefox ကို restart ချရပါတယ်)
၂။ Firefox ပြန်တက်လာရင် Address Bar အောက်မှာ Switch Proxy Toolbar ပေါ်နေပါပြီ။
၃။ “Add” ကို ကလစ်နှိပ်ပါ။
၎။ Select Proxy Type မှာ “Standard” လို့ပဲရွေးပြီး “Next >>” ကိုနှိပ်ပါ။

၅။ Proxy Label ကိုအဆင်ပြေတဲ့နာမည်ပေးပြီးအောက်မှာ Proxy တွေကို ထည့်ပေးပါ။ (အဓိကက HTTP,SSL,FTP ပါ) ပြီးရင် OK နှိပ်ပါ။(ပုံက ultrasurf proxy ကိုဥပမာပြထားပါ)

၆။ ဒါဆိုရင် အောက်မှာပြထားတဲ့ပုံလိုမျိုး List ထဲမှာ Proxy တွေ ၀င်လာပါပြီ။ ကိုယ်သုံးချင်တဲ့ Proxy ကိုရွေးပြီး “Apply” ကိုနှိပ်လိုက်ရုံပါပဲ။

မှတ်ချက်။ Switch Proxy ရဲ့ bug ကြောင့် တစ်ခါတစ်လေ Firefox crash ဖြစ်ရင် Proxy တွေ အကုန်ပျောက်သွားတတ်ပါတယ်။ (ဒါပေမယ့် ဖြစ်ခဲပါတယ်)
IE မှာ Proxy အလွယ်တကူ ပြောင်းချင်ရင် ဒါကိုဖတ်ပါ။

Author: Rapster88 Categories: Firefox, Proxy, Tips Tricks and Tweaks Tags:

Foxmarks

October 11th, 2007

Foxmarks က Firefox addon ပါ။ Bookmarks တွေကို foxmarks server ပေါ်မှာ account ဖွင့်ပြီး backup (sync) လုပ်လို့ရတဲ့ အတွက် ကိုယ့်ရဲ့ Bookmarks တွေကိုbackup မလုပ်မိပဲ firefox ကို re-install လုပ်မိတာ Windows ကို အသစ်ပြန်တင်လိုက်လို့ bookmarks တွေ ပျောက်သွားတာ မဖြစ်တော့ပါဘူး။ နောက်ထပ် သဘောကျ စရာ တစ်ခုက ကိုယ့် bookmarks တွေကို ကြိုက်တဲ့ စက်ကနေ foxmarks extension မသွင်းထားလဲ ၀င်ကြည့်ပြီး အသစ်ထည့်တာ ဖျက်တာနဲ့ ပြုပြင်တာတွေ လုပ်လို့ရတာပါ။ Backup (Sync) အတွက်ကလဲ foxmarks ကို သွင်းပြီး ကိုယ့်ရဲ့ account ကိုထည့်ထားလိုက်တာနဲ့ အမြဲ sync လုပ်ပေးနေမှာပါ။ သုံးသင့်တဲ့ Addon တစ်ခုပါပဲ။

Foxmarks

Author: Rapster88 Categories: Firefox, Tips Tricks and Tweaks Tags: