Archive
Hacker Puzzle – Answers
သတိ!- Post ရဲ့အောက်ဆုံးမှာ Level တစ်ခုချင်းစီရဲ့ ဖြေပုံဖြေနည်းတွေကို ရေးထားတဲ့အတွက် အဖြေမသိချင်ပဲ ကိုယ့် သဘောနဲ့ ကိုယ်ဖြေချင်သူများ Scroll ကို သတိထားပြီး ဆွဲပါ။
ဟိုနေ့က ကိုမျက်လုံး ဆီကို ပထမဦးဆုံးအလည်ရောက်သွားတယ်။ ရောက်ရောက်ချင်းပဲ စိတ်ဝင်စားစရာ Game တစ်ခုကို တွေ့တယ်။ Hacker Puzzle တဲ့။ HTML based Text game လေးပါ။ Game သေးတယ်ဆိုပြီး အထင်သေး လို့မရပါဘူး။ တကယ်ကို ဦးနှောက်,Google နဲ့ Yahoo ၃ ခုပေါင်းသုံးပြီး အဖြေထွက်အောင် ရှာရပါတယ်။ Hacker လို့သုံးထားပေမယ့် တကယ်က IQ Test လို မျိုးပါ။ Internet နဲ့ URL အကြောင်း သေးသေးလေး သိရင် ကစားလို့ ရပါတယ်။ ရှေ့နောက် ဆက်စပ်တွေးတတ်ရမယ်။ နောက်ပြီး General Knowledge ရှိရမယ်။ ဒါဆိုရင် ကစားလို့ရပါပြီ။
စနေညနေမှာ စပြီးကစားလိုက်တာ စနေညမှ ခဏနားတယ်။ နောက်ဒီနေ့ တစ်နေကုန်နားပြီး အခုပြန်ကစားတာ အောင်မြင်သွားပါပြီ။ စုစုပေါင်း Level ၂၃ ခုရှိပါတယ်။ ထုံးစံအတိုင်း တဆင့်ချင်းဆီ ခက်အောင်လုပ်သွားတဲ့ ပုံစံပါ။ တစ်ချို့ Level တွေမှာ တော်တော်ကြာကြာ တစ်သွားတာမျိုးရှိပါတယ်။ Google မှာရှာလိုက်ရင် တခြား ဖြေပြီးလို့ အောင် သွားတဲ့လူတွေရဲ့ Website တွေ Blog တွေရှိပေမယ့် ၀င်မကြည့်ခဲ့ပါဘူး။ ဒါမှလည်း ကစားရတာ ပိုပြီးအရသာရှိပါတယ်။ အောက်မှာ အဖြေတွေကို ရေးထားပေးတယ်ဆိုတာက Level တစ်ခုကို လုံးဝ မဖြေနိုင်တော့မှ ၀င်ကြည့်လို့ရအောင်ပါ။ (ဒီအတွက် အဆင်ပြေအောင် အဖြေတစ်ခုကြည့်ရင် နောက်တစ်ခုကိုသွားမတွေ့အောင် အဖြေတွေကို အကျယ်ကြီး ခြားထားပေးပါတယ်။)
ကိုမျက်လုံးရဲ့ Original Post ကို ဒီမှာ ၀င်ဖတ်လို့ရပါတယ်။
ကဲ.. အောက်မှတော့ အဖြေတွေနော်.. စိတ်မခိုင်ရင် ဆက်မဖတ်ကြနဲ့တော့
++++++++++ Hacker Puzzle Answers written by Rapster ++++++++++
Level 1
ဒါကတော့ Intro Page ပါ။ ၀င်လိုက်ရင် “1″ လို့ အကြီးကြီးရေးထားတာ တွေ့ရလိမ့်မယ်။ အဲဒါက Game ရဲ့ အဓိက Quiz နဲ့ Solution ပါပဲ။ နောက်ပိုင်း Level တွေမှာ အဲဒီ အလယ်မှာ ပေးထားမယ့် စာတွေနဲ့ လက်ရှိကိုယ်ရောက်နေတဲ့ Level number. နောက်ပြီး ရှေ့ဆက်တက်ရမယ့် Level Number ကို ဆက်ပြီးတွေးယူရမှာပါ။
Hint ဆိုပြီးပေးထားပါတယ်။ Page 2 ကိုရောက်အောင် သွားဖို့ Link မရှိဘူးတဲ့။ Hacker လိုတွေးပြီး URL တွေကို ကလိပြီးသွားပါတဲ့။ ဒါဆို URL တွေကို ကြည့်ရအောင်။ “http://www.freestuffhotdeals.com/hacker/1.html” Browser Addressbar ထဲမှာ တွေ့ပါတယ်။ Link နောက်ဆုံးအပိုင်းကိုကြည့်ရင် 1.html တဲ့။ အလယ်မှာ ပေးထားတဲ့ စာလုံးကြီးကလဲ 1 တဲ့။ ဒီတော့လွယ်ပါတယ် နောက်တ page ကိုသွားဖို့ အလယ်မှာပေးထားတဲ့ စာလုံးပုံစံနဲ့ တူရမယ်။ ဒီတော့ “1.html” ကို 2.html လို့ပြင်ပြီး Enter ခေါက်လိုက်။ ဒါဆို Level 2 ကိုရောက်ပြီ။
Level 2
Level 2 မှာတော့ အလယ်က စာလုံးကြီးကို “two” လို့ရေးထားတယ်။ ဒီတော့ Page 3 ကို သွားဖို့ အဲဒီစာလုံးပုံစံအတိုင်း ယူရမယ်။ 2.html ကို three.html လို့ပြင်လိုက်ရင် Level 3 ကိုရောက်တယ်။
Level 3
Level 3 ကတော့ အလယ်မှာ “iii” ဆိုတာရှိတယ်။ အဲဒါက ရောမခေတ်သုံး ဂဏန်းပါ။ ဒီတော့ Page 4 ကိုသွားမယ်ဆိုရင် three.html ကို ရောမဂဏန်း ၄ ဖြစ်တဲ့ “iv” ထည့်လိုက်။ ဒါဆို “iv.html” ဖြစ်ပြီး Level 4 ကိုရောက်ပြီ
Level 4
ဒီ Level ပြီးသွားရင် နောက်ထပ် Hint မရှိတော့ပါဘူး။ ကိုယ့်ဟာကိုတွေးရမယ့် အဆင့်တွေပါ။ အလယ်မှာဘာရေးထားလဲ? “ruof” တဲ့။ ပြောင်းပြန်ပြန်ဖတ်ကြည့် “ruof = four” ။ ဒါဆို “five” ကို ပြောင်းပြန်ဆိုရင် “evif” လေ။ URL ကို evif.html လို့ပြောင်းလိုက်။
Level 5
“ffiivvee” စာလုံး တစ်ခုဆီကို ၂ ခါစီရေးပေးထားတယ်။ ဒီတော့ လွယ်ပါတယ် သူ့ပုံအတိုင်း six ကို “ssiixx.html” လို့ ပြင်လိုက်ပေါ့။
Level 6
အပေါ်က Level နဲ့ဆင်တယ
ဘယ်လိုလဲ?
စိတ်မကောက်ပါနဲ့ကွာ…
ဒါကိုလဲ ငါ ခဏခဏပြောရတယ်…
မင်းကလဲ နားမထောင်ချင်ဘူး…
ခက်တာက..
မင်းစိတ်ကောက်တာကလဲ..
လွန်လွန်းတယ်..
မင်းစိတ်ကောက်လို့ ..
ငါဘာတွေ ဖြစ်နေရလဲ မင်းသိလား..
ငါ့ အလုပ်တွေ ပျက်ရတယ်..
ညဖက်တွေ အိပ်မရဖြစ်နေရတယ်..
ကြာရင် လူလဲ ပိန်ချုံးပြီး ဂီလာန ဖြစ်တော့မယ်..
အမှန်အတိုင်း ၀န်ခံဆိုရင် ၀န်ခံပါတယ်..
ငါမင်းနဲ့ ဘယ်လိုမှ မခွဲနိုင်ဘူး..
ငါမင်းကို အရမ်းကိုမြတ်နိုးတယ်..
ဒါကို မင်းက သိလို့လဲ အခုလို အနိုင်ယူတာပေါ့..
မင်းကို စွဲလမ်းစေတတ်တဲ့
မင်းရဲ့ ပညာ..
မင်းရဲ့ အစွမ်းသတ္တိ..
အဲဒါကိုတွေကို..
ငါ သဘောလဲကျတယ်..
ကြောက်လဲကြောက်တယ်..
ဒီစာလေးကို ရေးနေတဲ့ အချိန်မှာတော့
မင်းက သဘောကောင်းနေပြန်ရော..
ဒီအတိုင်းပဲ အမြဲတမ်း နေသွားပါလားဟင်..
ကြည့်လေ…ငါ့မျက်နှာကြီး ပြုံးနေတာမမြင်ဘူးလား..
တစ်ဖက်နဲ့ တစ်ဖက် နားလည်နိုင်ရင်
အကောင်းဆုံးပေါ့..
ငါ့ဖက်ကတော့ ပြတ်သားတယ်..
တစ်သက်လုံး မင်းရှိမှဖြစ်မယ်..
မင်းကရော ဘယ်လိုလဲ..
ငါလခွီး Internet ရယ်..
Rapster88
12:34 AM
Nov 9, 07
ဒီနေ့ရော.. မနေ့ညကပါ.. Connection တွေက စွတ်ပြီး ကောင်းနေလို့ အမှတ်တရ ရေးလိုက်တာပါ။ မကောင်းဘူးလို့ခံစားရပါတယ်။ ဖတ်ရတာ မကြိုက်ရင်လဲ Cbox ထဲမှာ ၀င်ဆဲသွားလို့ ရပါတယ်။
Back to old days with Nintendo Games!
Mario ကစားဖူးလား?? ကစားဖူးတာပေါ့ ဟုတ်တယ်မလား ဒါဆို Contra ရော? နောက်ပြီး Double Dragon နဲ့ Battle City ဒါတွေရော ဟိုးအရင် ကလေးဘ၀တုန်းက မက်မက်မောမာ ကစားခဲ့ဖူးတယ်မဟုတ်လား?? အဲဒါတွေက Nintendo games တွေလေ ဒီမှာကတော့ Family Game လို့ခေါ်ကြတယ်.. ကဲ.. အခုလူကြီးဖြစ်တော့မှ ထပ်ပြီး ကစားချင် တယ်ဆိုရင် အောက်မှသာဖတ်ပေတော့
။
အရင်ဆုံး Emulator လို့ခေါ်တဲ့ application လေးကို အရင် install လုပ်ရတယ်။ ဒါမှ Nintendo games လေးတွေကို ကစားလို့ရမှာ။ Emulator ထဲမှာ ကျွန်တော်က Nestopia ကို သဘောကျတယ်။ Interface ကရှင်းတယ်လွယ်တယ် Function စုံတယ်, Joypad နဲ့တွဲဆော့လဲရတယ် Save မှတ်လို့လဲရတယ် Cheat လုပ်ဖို့လဲလွယ်တယ် Vista မှာလဲ run ပါတယ်။ စမယ်..
Download Nestopia, Nintendo Emulator
၁။ ဒီကို(vimm.net) အရင် ဆုံးဝင်လိုက်ပါ။ Page ရဲ့အလည်မှာ Emulation Lair ထဲကို ထပ်ဝင်ပါ။
၂။ Nestopia ကိုတွေ့ရင် Windows အတွက် အပေါ်က “Download” ကိုနှိပ်ပြီး Mac အတွက်ဆိုရင် အောက်က button ကိုနှိပ်ပါ။
၃။ Nestopia ကို install လုပ်လိုက်ပါ။ လွယ်ပါတယ် next တွေသာဆက်တိုက်နှိပ်သွားရင် ရပါပြီ။
၎။ Install လုပ်ပြီးလို့ Desktop ပေါ်မှာရော Start Menu မှာပါ Nestopia ကို မတွေ့ရင် “C :\Program Files\NES\Nestopia\nestopia.exe” ကို short cut ထုတ်လိုက်ပါ။
Download Games
၁။ Vimm ရဲ့ page ဘယ်ဖက်မှာ “The Vault” ထဲကိုဝင်ပါ။
၂။ အ၀ိုင်းလေးတွေထဲက ဘယ်ဖက်က “Nintendo” ကို နှိပ်လိုက်ပါ။
၃။ ဒါဆိုရင် game တွေရဲ့ download page ကိုရောက်ပါပြီ။ အပေါ်နားက “# A B C D ” ကနေ Alphabet အလိုက်သွားလို့ရသလို Search ကိုသုံးပြီး လိုချင်တဲ့ game ကိုရှာလဲရပါတယ်။
၎။ Download ချင်တာကို click နှိပ်ပြီး နောက် page ရောက်ရင် “Download” သာထပ်ပြီးနှိပ်လိုက်ပါ။ အဲဒီ page မှာတော့ game ရဲ့ information တစ်ချို့နဲ့ cheat ရှိရင် cheat တွေရေးထားပါတယ်။
၅။ Download ပြီးရင် zip ဖိုင်ကို Win Zip or Win RAR သုံးပြီးဖြည်လိုက်ပါ။
Load game into NES
၁။ Nestopia(NES) ကို run ပါ။
၂။ Click File > Open ကနေ download လုပ်ထားတဲ့ game ဆီကို browse လုပ်သွားလိုက်ပါ (Game တွေက .nes extension format ဖြစ်တာများတယ်)
၃။ Game load ဖြစ်သွားရင် ကစားလို့ရပါပြီ
A few configs in NES
၁။ Click Options> Preferences > ပြီးရင် File Association ထဲက .nes, .unf တွေကို အကုန်လုံး check ပေးလိုက်ပါ။ ဒါဆိုရင် File ကနေ browse လုပ်စရာမလိုပဲ game ကို double click ပြီး တစ်ခါတည်း run လို့ရပါတယ်။
ကဲ ဒါပါပဲ။ ကျန်တဲ့ Settings တွေအားလုံးက Options အောက်မှာရှိပါတယ်။ အဲ..တစ်ခုတော့ မှာလိုက်ပါရစေ.. ကလေးဘ၀က game တွေကို ရုံးမှပြန်ဆော့လို့ ငယ်သွေးပြန်ဝင်ပြီး ပါးစပ်ကနေ ငယ်ငယ်က အော်သလို ပြန်အော်မိတဲ့အခါ ဘေးက လုပ်ဖော်ကိုင်ဖက်တွေက ကိုယ်သူငယ်ပြန်သွားပြီလို့ထင်ရင်တော့ ကျွန်တော်တာဝန် မယူနိုင်ဘူးနော်….
။
Warhead!
Beijing Olympic 2008
ဟိုတစ်နေ့က ရုံးက server ထဲကို ၀င်ပြီး မွှေကြည့်တာ အောက်က EXE နဲ့ animation ဖိုင်လေးတစ်ဖိုင် ထွက်လာတယ် ကြည့်လိုက်တော့ တော်တော်ကို ရီရတယ် တိုက်တိုက်ဆိုင်ဆိုင်ပဲ သူကလဲ Olympic အကြောင်းကိုလုပ်ထားတာ ဖြစ်လို့ (ဘယ်တုန်းကတည်းက လုပ်ထားတာလဲတော့မသိ) Beijing Olympic ကို ဂုဏ်ပြုတဲ့ အနေနဲ့ Share လုပ်ပေးလိုက်။ မြန်မာပြည်က ၀င်ပြိုင်မယ့် ကစားသမားတွေလဲ အောင်မြင်ပါစေ။
ps. File does not contains any virus.I’ve check with Kaspersky Internet Security 7. Kill me if contains any virus
.
Funny Pics
Flight Simulator in Google Earth (4.2.0180.1134 Beta)
ဒါလဲ နည်းနည်းတော့ ဟောင်းနေပြီ။ ဟိုတလောကတည်းက ရေးမယ်လုပ်ပြီး မရေးဖြစ်လို့ out of date ဖြစ်သွားတာ။ Google Earth ရဲ့ version 4.2.0180.1134 ကနေစပြီး Flight Simulator ကို easter egg အနေနဲ့ ထည့်ထားပေးပါတယ်။ ဒီမှာ နောက်ဆုံး version ကို download လုပ်ပြီး install လုပ်လိုက်ပါ။ ပြီးရင် Google Earth ထဲကိုဝင် ပြီးရင် ကိုယ်စပြီးမောင်းချင်တဲ့နေရာကို သွားပြီး Ctrl + Alt + A ကိုနှိပ်လိုက်ရင် အောက်မှာပြထားသလို လေယာဉ် ကိုရွေး ပြီးရင် Select your start position မှာ Current View ကို ရွေးပြီး Start ကိုနှိပ်လိုက်ရင် စပြီး မောင်းလို့ ရပါပြီ။ ဒီမှာ Control list အပြည့်အစုံရှိပါတယ်။ ပျော်ပျော်ပါးပါး မောင်းကြပါစေ.. (ပျက်တော့ မကျစေနဲ့ပေါ့
)
ခေတ်ဟောင်း ကို အလည်သွားကြမယ်
ဟိုးအရင် အင်တာနက်စပြီး ပေါ်ကစအချိန်က Yahoo ကို အလည်သွားကြမလား?? Google ရဲ့ ၁၉၉၈ က ပထမဦးဆုံး Page ကို ရော သွားကြည့်ကြမလား?? WayBack Machine ကိုဝင်Box လေးထဲမှာ ၀င်ချင်တဲ့လိပ်စာကို ရိုက်.. Take Me Back! ဆိုတာလေးကိုနှိပ်လိုက်.. ဒါဆို ခုနှစ် တွေထွက်လာမယ်။အဲဒီထဲက ကိုယ်သွားချင်တဲ့ ခုနှစ်ကို ရွေးပြီ ကြည့်ပေတော့။ တစ်ခုတော့ရှိတယ် Website တိုင်း တော့ အလုပ်လုပ်မှာမဟုတ်ဘူး။
Picture တွေထဲမှာ သီချင်းတွေကို ပေါင်းထည့်မယ်..
စဉ်းစားကြည့်လိုက်… ကိုယ့်ရည်းစားက ကိုယ့်ဆီကို ပုံလေးတစ်ပုံ ပို့ လိုက်တယ်။ ဒီအတိုင်း ပုံကို double click လုပ်ပြီးဖွင့်ရင်ပုံလေးပဲတက်လာပြီးတော့ အဲဒီပုံလေးကို WinAMP လိုမျိုး Music Player ထဲကို ဆွဲထည့်လိုက်လို့  ကိုယ့်အကြိုက်ဆုံး သီချင်းသံလေးထွက်လာတယ်ဆိုရင် စိတ်ထဲမှာကြည်နူးသွားမယ်။ အဲ.. တစ်ခါမှ အဲဒီလို အပို့  မခံရဘူးလား ?? ဒါဆို အောက်မှာ ဖတ်ကြည့်ပြီးတော့ အခုချက်ချင်းပဲ တစ်ခုလုပ် ပြီးရင် ကိုယ့်အနှစ်သက်ဆုံးဆီကို ပို့  လိုက်ပေတော့…
၁။ ပြင်ဆင်ခြင်း
- ကိုယ်ထည့်ချင်တဲ့ ပုံနဲ့ သီချင်းဖိုင်ကို C:\ ထဲကိုကူးထည့်လိုက်။ (လုပ်ရလွယ်အောင် C:\ ထဲကိုထည့်တာ။ )
- သီချင်းဖိုင်ကို song လို့ ပဲ rename လုပ်လိုက်ပါ။ နောက်ပြီး ပုံကိုလဲ pic ပေါ့
- Windows Key + R တွဲနှိပ်လိုက်ရင် Run ဆိုတဲ့ box လေး ဘယ်ဖက် အောက်မှာ ပေါ်လာမယ်။ cmd လို့ ရိုက်ထည့် ပြီးEnter ခေါက်လိုက်။
- cmd ဆိုတဲ့ command prompt တက်လာမယ်။ cd C:\ လို့ ရိုက်ပြီး enter ခေါက်လိုက်။ ဒါဆိုရင် C:\> ဆိုပြီး ပေါ်နေပြီ။၂။ စပြီ
- copy pic.jpeg /b + song.mp3 /b combined.jpg လို့ ရိုက်ပြီး enter ခေါက်လိုက်
- C: Drive ထဲကို ၀င်ကြည့်လိုက်ရင် combined ဆိုတဲ့  jpg ဖိုင်လေးတစ်ဖိုင်ရောက်နေလိမ့်မယ်။
- အဲဒါကို double click လိုက်ရင် pic ဆိုတဲ့ ပုံလေးပဲတက်လာပြီး WinAMP လို music player ထဲကိုဆွဲထည့်ရင်တော့
သီချင်းသံလေးထွက်လာမှာပါ။ ပို့ မယ်ဆိုရင် combined ဆိုတဲ့ file ကိုပဲ ပို့ စရာလိုတယ်။ ကျန်တဲ့ ၂ ခု ကို ပို့ စရာမလိုဘူး။၃။ မှတ်ချက်များ
- Windows Media Player မှာ တော့ ဖွင့်လို့ မရဘူး။ WinAMP နဲ့ ပဲဖွင့်ပါ။ တခြား Media Player တွေ နဲ့ ဖွင့်လို့  ရလဲ ရနိုင်တယ်။
- JPEG, GIF, PNG, BMP, TIFF ပုံတွေကို MP3 နဲ့ ပေါင်းလို့ ရပါတယ်။ Wav,WMA နဲ့ ပေါင်းလို့  မရဘူး။
- WimAMP ထဲကို ဆွဲထည့်တယ်ဆိုတာ WinAMP ကိုဖွင့်, File ကို Drag n Drop လုပ်ပြီး ထည့်တာကို ပြောတာ။
- ဒီနည်းကို terrorist တွေ အချင်းချင်း သတင်းပို့ တဲ့အခါမှာ သုံးကြတယ်လို့လဲ သိရပါတယ်။ ဟုတ်မဟုတ်တော့မသိဘူး.
Update: အတော်များများက လုပ်တာ မအောင်မြင်ဘူးလို့ Feed back တွေပြန်လာနေလို့ သတိပြုရမယ့်အချက်
လေးတွေကို ထပ်ပြီး ထည့်ပေးလိုက်တယ်။
၁။ File Extension ကိုသေချာစစ်ပါ။ JPEG လို့ပြပေမယ့်လဲ .jpg ဖြစ်ရင်ဖြစ်နေတတ်တယ်။ Tools > Folder Options
View> Uncheck “Hide extensions for known file types” ဆိုတာကို uncheck လိုက်ပြီး apply နှိပ် လိုက်ရင်
File name အနောက်မှာ extension ကိုတွေ့ရမှာပါ။ (Folder Options ပျောက်နေလား?? ဒါကို ဖတ်ပါ။)
အောက်မှာ နမူနာ အနေနဲ့ ကျွန်တော်လုပ်ထားတဲ့ ပုံကိုထည့်ပေးလိုက်တယ်။ WinAMP ကို ဒီမှာ Download လုပ်ပါ။


























