Just now Google released it’s New Web Browser called “Chrome” .Obviously, it’s in beta. The current version is 0.2.149.27 . Oh btw, it is not joke. It’s neither Google’s or my joke. It’s serious. I’ve been waiting since I read about Chrome on Google’s Blog.
Read more…
Winamp ကို သုံးပြီး Google Talk မှာ “Show current music track” လို့ ရွေးလိုက်ရင် တစ်ချို့စက်တွေမှာ Google Talk က Crash ဖြစ်သွားတတ်ပါတယ်။ ကျွန်တော့်အထင်တော့ WinAMP version အမြင့်ကြောင့် ဖြစ်တာထင်ပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေ iTunes, Windows Media Player တွေနဲ့သုံးလဲ ဖြစ်ပါတယ်။
သိပ်မကြာသေးခင်က ကျွန်တော် Windows Vista ပြန်တင်ပြီး နောက်ပိုင်းမှာ အဲဒီ error က အမြဲဖြစ်ပါတယ်။ အစကတော့ Vista ကြောင့်လို့ ထင်ပေမယ့် XP ပေါ်မှာလဲ ဖြစ်တာတွေ့ရပါတယ်။ ဒါနဲ့ လျှောက်ရှာကြည့်တော့ Fix လုပ်တဲ့နည်းကို တွေ့ပါတယ်။
Read more…
စက်တင်ဘာလထဲမှာကတည်းက သတင်းထွက်နေတဲ့ Gmail version အသစ်အကြောင်းကို ကျွန်တော် ရေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ အောက်တိုဘာ ၃၀ မှာတော့ Google ကနေ Gmail Version အသစ်ကို အချို့ User တွေကို ပေးသုံးခဲ့ ပါတယ်။ နောက်ပိုင်းတစ်ဖြည်းဖြည်းနဲ့ user အာလုံးမှာ version အသစ်ရလာမှာဖြစ်ပါတယ်။ အကုန်လုံးက တစ်ပြိုင်တည်း မပေးတဲ့ရည်ရွယ်ချက်က version အသစ်ကို စမ်းသပ်စဲ ကာလဖြစ်နေလို့ပါ။ ဒီအတွက်လဲ bug အနည်းငယ်ရှိပါတယ်။ အောက်တိုဘာ ၃၀ ရက်နေ့တည်းက ကျွန်တော်စောင့်နေလိုက်တာ ဒီနေ့ ညနေကမှ ကျွန်တော် account က new version သုံးခွင့်ရသွားပါတယ်။ ကဲ.. GMail အသစ်မှာ ဘာတွေထူးခြားလည်း ကြည့်ရအောင်…
စပြီးထွက်တဲ့ ၃၀ ရက်နေ့ကတည်းက Google System ဆိုတဲ့ Blog က GMail အသစ်မှာ သိသိသာသာအပြောင်းအလဲ မပါဘူးလို့ဆိုထားပါတယ်။ တကယ်လည်းဟုတ်ပါတယ်။ သာမာန်သတိမထား မိဘူးဆိုရင် ကိုယ့် account အသစ်ဖြစ်သွားတာ သိချင်မှသိပါမယ်။
ပထမဦးဆုံးအပြောင်းအလဲက Login ၀င်ရင် ပုံမှန်ထက် နည်းနည်းလေးပဲ ပိုကြာပြီး “Loading” ဆိုတဲ့စာသားလေး နေရာပြောင်းသွားပါတယ်။ Login ၀င်တာ ကြာရတဲ့ အကြောင်းအရင်းကတော့ Prefetch ဆိုတဲ့ Feature အသစ်ကြောင့်ပါ။ Prefetch feature က mail တွေကို ကြိုပြီး loading လုပ်ပေးထားတဲ့အတွက် ဖွင့်ဖွင့်ချင်းမှာ မဆိုစလောက် အချိန်ကြာသွားပြီး inbox ထဲရောက်သွား တဲ့အခါမှာတော့ စာတွေကို ဖွင့်ကြည့်တဲ့နေရာမှာ အရင် version ထက်သိသိသာသာ မြန်သွားပါတယ်။ Old Version ကို ပြန်ပြောင်းချင်ရင်လဲ ပြောင်းလို့ရတဲ့ Link ပေးထားပါတယ်(ဒါပေမယ့် နောက်တစ်ခေါက်ပြန်ဝင်ရင် Version အသစ်နဲ့ပဲ ပြန်တက်မှာပါ။ မကြိုက်ရင် ထပ်ပြောင်းပေးရပါတယ်။)

ဒုတိယအပြောင်းအလဲက Page ရဲ့အောက်ဆုံးကို ဆင်းလိုက်ရင် Gmail View: ဆိုတာက အရင် version နဲ့မတူပဲ အ သစ်ဖြစ်သွားပါတယ်။ အရင် version မှာဆိုရင် Standard နဲ့ Standard without chat ကိုပြောင်းရင် Page တစ်ခုလုံး refresh ဖြစ်သွားပြီးမှ effect ဖြစ်ပြီး အခု version ကတော့ “Turn on/off chat” ကိုနှိပ်ရင် page refresh မဖြစ်ပဲ ဘယ်ဖက်က gmail chat ကပဲအပိတ်အဖွင့် လုပ်သွားပါတယ်။

တတိယအပြောင်းအလဲက Mail တွေပေါ်မှာ mouse pointer တင်ထားလိုက်ရင် contact manage ကိုလွယ်လွယ်ကူကူ လုပ်လို့ရတဲ့ feature ပါ။

စတုတ္ထကတော့ Contacts ကိုဝင်လိုက်ရင် Contact Manager လုံးဝ အသစ်ဖြစ်သွားတာပါ။
အသေးစား အပြောင်းအလဲလေးတွေကတော့ Settings > General > Change Picture ကိုဖွင့်လိုက်ရင် Upload ပုံစံအသစ်ဖြစ်သွားပါတယ်။ Google ရဲ့ Service တစ်ခုဖြစ်တဲ့ Picasa ကနေပုံတွေကို ခေါ်တင်လို့လဲရသွားပါတယ်။
ဘာတွေအားနည်းချက် ရှိသွားလဲဆိုတော့ Glite service တွေက Version အသစ်ပြောင်းသွားတဲ့ mail accout တွေကို ဖွင့်လို့မရပါဘူး Gmail Connection Error တက်ပါတယ်။ ဒီအတွက် MPT User တွေ connection ကျနေတဲ့အချိန်မှာ gmail ကို glite ကနေ ၀င်လို့မရတော့ပါဘူး (Glite ကတော့ ဒီရက်ပိုင်းအတွင်း ပြင်ပေးမယ်လို့ဆိုပါတယ်)။ Mozilla Firefox 2 နဲ့ IE 7 ပဲ Version အသစ်က support လုပ်ပါသေးတယ်။ Firefox 1.5 or IE 6 နဲ့ဆိုရင် အရင် version အဟောင်းပဲပြန်တက်လာပါတယ်။
အားလုံးကိုချုံပြီးပြေရမယ်ဆိုတော့ Version အသစ်က တော်တော်ကို မိုက်ပါတယ်။ Login ၀င်ဝင်ချင်း နောက်ပြီး Inbox ကနေ Chats or Settings လိုမျိုး တစ်ခုခုကို ပထမဦးဆုံးအကြိမ်နှိပ်မယ်ဆိုရင်တော့ နည်းနည်းလေး စောင့်ရပြီး နောက် ပိုင်းမှာတော့ သွက်သွားပါတယ်။ Version အသစ်မရသေးရင်လည်း ခဏပဲ စောင့်ရမှာပါ။ နောက်ပိုင်းမှာ အကုန်လုံး version အသစ်ဖြစ်သွားပါလိမ့်မယ်။ Google System မှာရေးထားသလို Setting ထဲက Language ကို “US” လို့ ပြောင်းလိုက်ရင် version အသစ်တက်တယ်ဆိုတာ မဟုတ်ပါဘူး။

October 23 ရက်ရောက်ရင် ကျွန်တော် တို့ရဲ့ Gmail Storage ကို 4Gb (4231 MB) အထိတိုးမြှင့်ပေးပါမယ်။ January 4, 2007 ရောက်ရင်တော့ တစ်နေ့ကို 3.3 MB နှုန်း (လက်ရှိ rate ရဲ့ 10 ဆ) နဲ့တိုးပေးသွားမှာ ဖြစ်ပါတယ်။ ဒါဆိုရင် 2008 ရောက်တဲ့အခါ Gmail Storage က 6 Gb ကို ရောက်ရှိသွားမှာဖြစ်ပါတယ်။ အခုလက်ရှိက 3GB (3246Mb) ပါ။ ဒါကိုမှ မလုံလောက်သေးဘူးဆိုတဲ့ user တွေအတွက်ကတော့ ဒီမှာ ထပ်ပြီး storage ကို ပိုဝယ်လို့ရပါတယ်။ ဈေးနှ်ုးတွေကတော့ 10 GB for $20/year, 40 GB for $75/year, 150 GB for $250/year and 400 GB for $500/year ပါ။ ပုံမှန်အသုံးပြုနေတဲ့ လူတွေအတွက်ကတော့ အခုပေးထားတဲ့ storage အတွက်လုံလောက် နေပါပြီ။
ဒါက လက်ရှိ ကျွန်တော့် account ရဲ့ usage ပါ။ ဒီ account ကို သုံးနေတာ ၂ နှစ်ရှိပါပြီ။

Source: Google System
အင်တာနက်သုံးသူတိုင်း ပထမဦးဆုံးဖွင့်တဲ့ Page, Browser တိုင်း နီးပါးရဲ့ Default Homepage တစ်ခုခုရှာလိုသူတိုင်းရဲ့ အစွမ်း ထက် Search Engine ၊ အလွန်လျှင်မြန်တဲ့ Gmail ရဲ့ ဖခင် ၊ ရှင်း လင်းရိုး သားပြီး ကြော်ညာလုံးဝ မပါတဲ့ Google Talk ကိုတီထွင်တဲ့ Googleဟာ သက်တမ်း ၉ နှစ်ကိုပြည့်ခဲ့ ပါပြီ။ ၁၉၉၈ ခုနှစ် စက်တင်ဘာ လ မှ စတင်ခဲ့တာ ဖြစ်ပြီး တည်ထောင်ခဲ့သူ၂ ဦးက တော့ တကယ့် အင်တာ နက် ဆရာကြီးများဖြစ်တဲ့ Larry Page နဲ့ Sergey Brin တို့ပဲဖြစ်ပါ တယ်။ Google Domain ကို စက်တင်ဘာ ၁၅ ရက် ၁၉၉၇ ခုနှစ်မှာ စပြီးဝယ်ယူခဲ့ပါတယ်။ Google လို့ အမည်မတွင် ခင် အရင်နာမည်က “BackRub”ပါ။ ဒီလိုနဲ့ တဖြည်း ဖြည်း နှစ်တွေကြာ တိုးတက်လာပြီး အခုဆိုရင်တော့ အင်တာနက်သုံး သူတိုင်း သိတဲ့ Google အဖြစ်ကိုရောက်ရှိနေပါပြီ။ နောက်လဲ အမြဲကို တိုးတက်အောင်မြင်နေမယ့် Happy Birthday Google!!!
- Google ရဲ့ 1998 က မြင်ကွင်း
- More about Google on Wiki
- More about Google on Google
Google System ဆိုတဲ့ Google Products တွေ အကြောင်းကို အမြဲစောင့်ကြည့် နေတဲ့ Blog ရဲ့ ရေးသားချက်အရ Gmail က Version အသစ် 2.0 ကို ထုတ်တော့မှာလား ဆိုတာပါ။ 2.0 မှာ ဘာတွေ အသစ် ပါနိုင်လဲ ဆိုတာကိုတော့ အတိအကျ မသိရသေးပေမယ့် ဖြစ်နိုင်တာက New Interface (Design အသစ်) နဲ့ Offline feature ဖြစ်ဖို့များ ပါတယ်။ Offline feature ဆိုတာ Google ရဲ့ Technology အသစ် ဖြစ်ပြီး Google ရဲ့ Offline Technology နဲ့ တည်ဆောက်ထားတဲ့ web applications (website) တွေကို internet connection မရှိပဲနဲ့ offline မှာ အလုပ်လုပ် နိုင်အောင် ပြုလုပ်ထားတဲ့ Technology ပါ။ အခုအချိန်မှာတော့ အဲဒီ Offline Technology ကို အသုံးချထားတာက Google Reader ပါ။ RSS Feeds တွေကို offline ထဲမှာ ကြည့်လို့ရပါတယ်။
Offline Technology ကိုရှင်းတာနဲ့ လမ်းကြောင်း လွဲသွားတယ်။ Gmail 2.0 မှာ Offline ကို ဘယ်လို အသုံးချနိုင်လဲ ဆိုတော့ ကျွန်တော်တို့ရဲ့ Inbox ထဲက နောက်ပြီး Chat history ထဲက စာတွေ Contact book ထဲက contact’s mail address တွေကို အင်တာနက် ကွန်နက်ရှင် ရှိစရာ မလိုပဲ offline မှာ ကြည့်နိုင်မှာပါ။ Email တွေကိုလဲ ရိုက်ထားနိုင်ပြီး Online ပြန်ရောက်ရင် ပို့လိုက်ရုံပါပဲ။
နောက်ထပ် feature အသစ်တွေ လဲထပ်ပါ နိုင်မှာပါ။ Google ရဲ့အကြောင်းကိုလဲ သိကြတယ်မှလား