Archive

Archive for the ‘Hack’ Category

iPod Touch 3.1.2 Firmware jailbreak guide [Burmese]

October 22nd, 2009

Apple ရဲ့ နောက်ဆုံးထွက် iPhone OS 3.1.2 ကို Jailbreak လုပ်တဲ့နည်းကို ရေးပြသွားမှာ ဖြစ်ပါတယ်။ အရင် 3.0 မှာတုန်းကသုံးခဲ့တဲ့ Dev Team ရဲ့ redsn0w ကို သုံးမှာ မဟုတ်ပဲ GeoHot ရဲ့ blackra1n (Black Rain) ကို သုံးမှာ ဖြစ်ပါတယ်။ GeoHot ရဲ့ blackra1n က iPhone/iPod Touch family အားလုံးကို မိနစ်ဝက် အတွင်း jailbreak လုပ်ပေးနိုင်ပါတယ်။

သဘောကျစရာ တစ်ခုက iPhone/iPod ကို DFU mode သွင်းစရာ မလိုပါဘူး။ iTunes ကနေ အရင်ဆုံး 3.1.2 ဖြစ်အောင် update လုပ်လိုက်ပါ။ ပြီးရင် blackra1n ကို ဖွင့်ပြီး တစ်ခုတည်းသော ခလုပ်ဖြစ်တဲ့ Make it rain ဆိုတာကို နှိပ်လိုက်ရင် ရပါပြီ။ Cydia တို့ Icy တို့ကို jailbreak လုပ်ပြီးရင် iPod ထဲမှာ blackra1n ဆိုတာ တွေ့ပါမယ်။ အဲဒါကို ဖွင့်ပြီး Cydia ကို ရွေးလိုက်ပါ။

Blackra1n က Windows အတွက်ရော Mac အတွက်ပါ ရှိပါတယ်။

Blackra1n ကို ရေးတဲ့ Geohot ဆိုတာက Apple ရဲ့ ပထမဆုံးသော iPhone 2G ကို ပထမဆုံး hardware unlock လုပ်နိုင်ခဲ့တဲ့ တကယ့် ဆရာပါ။

Warning to iPhone Users: iPhone ယူဇာတွေအတွက်ကတော့ Dev Team ရဲ့ Pwnage tool ကိုပဲသုံးပါလို့ သတိပေးချင်ပါတယ်။ iTunes ကနေ တိုက်ရိုက် firmware ကို update လုပ်ရင် baseband ပါ update ဖြစ်သွားပြီး yellowsn0w သုံးလို့ ရမှာ မဟုတ်ပါဘူး။ Unlock လုပ်စရာ မလိုတဲ့ ဖုန်းတွေကတော့ ပူစရာ မရှိပါဘူး။

http://www.blackra1n.com/

Author: Rapster88 Categories: Hack, Tips Tricks and Tweaks, iPod Tags:

iPod Touch Jailbreaking ULTIMATE Guide [In Burmese]

July 20th, 2009

Apple iPod Touch

မင်္ဂလာပါ iPod ပိတ်သတ်ကြီးရေ..

ကျွန်တော် iPod Touch အတွက် Firmware 3.0 အလကားယူနည်း၊ redsn0w နဲ့ Jailbreak လုပ်နည်းနဲ့ Crack App တွေ install လုပ်နည်း စတဲ့ iPod user တွေ သိသင့်တဲ့ အချက်တွေကို အသေးစိတ် ရေးထားပါတယ်။

ps. iPhone user တွေအတွက်လဲ တစ်ချို့အပိုင်းတွေက အထောက်အကူ ဖြစ်မှာပါ။ =)

Read more…

Author: Rapster88 Categories: Hack, Tips Tricks and Tweaks, iPod Tags: ,

How to install Zawgyi on JailBroken iPod/iPhones

February 3rd, 2009

The credit goes to original author

This guide only applies to Jailbroken iPod Touch & iPhones.

အခုရေးမယ့် Guide က Jailbroken လုပ်ထားတဲ့ iPod Touch နဲ့ iPhones တွေပေါ်မှာ Zawgyi Font ကို install လုပ်တဲ့ နည်းဖြစ်ပါတယ်။ Zawgyi font နဲ့ ရေးထားတဲ့ webpages တွေကို ဖတ်လို့ရအောင်ပါ။ အခု guide က Windows ပေါ်မှာ လုပ်နည်းကိုပဲ ရေးသွားပါမယ်။ iPod/iPhone ကတော့ ဘယ် generation မဆို JB ဖြစ်ရင် လုပ်လို့ရပါတယ်။

Read more…

Readme.html

December 14th, 2008

Wordpress ဆိုတဲ့ blogging platform က အခုဆို version 2.7 အထိရောက်လာပါတယ်။ Features အသစ်တွေပါလာသလို security hole တွေကိုလဲ fix လုပ်ထားပါတယ်။ ဒါပေမယ့်လည်း ဘယ်ဟာကမှ perfect မဖြစ်ပါဘူး။ တစ်နေရာရာမှာတော့ ဟာကွက်ဆိုတာ ရှိတတ်ပါတယ်။ Hacker တွေကလဲ အဲဒီလို ဟာကွက်တွေကို အသုံးပြုပြီးတော့ hack လုပ်တတ်ပါတယ်။ ဥပမာ ဒီ milw0rm ဆိုတဲ့ site မှာဆိုရင် Windows ရော Web application အတော်များများရဲ့ ဟာကွက်တွေကို သူ့ version အလိုက်ပြထားပြီးတော့ အဲဒီ ဟာကွက်ကို သုံးပြီး တိုက်ခိုက်နည်းတွေပါ ရှိပါတယ်။

Read more…

How to hack password from Google Talk?!!

December 27th, 2007

ကဲ.. နည်းလမ်းကတော့ ရှာတွေ့သွားပြီ။ သိချင်စိတ်တွေလဲ များနေလောက်ပြီဖြစ်လို့ ရှည်ရှည်ဝေးဝေး ပြောမနေတော့ပဲ အောက်မှာ Read more ကိုသာ နှိပ်ပြီး လေ့လာလိုက်တော့။

သတိ၊ Educational ရည်ရွယ်ချက်ဖြင့်သာ ဤ Post ကို ရေးသားခြင်းဖြစ်သည်။ ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ပြဿနာများမှာ လိုက်နာပြုလုပ်သူနှင့်သာ လုံးဝသက်ဆိုင်ပါသည်။ ရေးသားသူ ကျွန်တော်နှင့် R Blog..! မှ ဤ Post ကြောင့် ဖြစ်လာနိုင်မည့် ပြဿနာများကို လုံးဝ (လုံးဝ) တာဝန်ယူမည် မဟုတ်ကြောင်း ကြိုတင် အသိပေး ပါသည်။ ယခု Hack အား မည့်သို့ ကာကွယ်ရမည်ကိုလည်း Post တစ်နေရာတွင် ရေးသားထားပါသည်။ English version will available soon!

- ဘာတွေ လိုအပ်မလဲ ??

၁။ ကိုယ်သိချင်တဲ့လူက ကိုယ်နဲ့ နီးနီးနားနားမှာ ရှိနေရပါမယ်။ (ကွန်ပြူတာနဲ့ Internet ချိတ်ထားပြီး Google Talk ကို သုံးနေရပါမယ်)
၂။ အချိန် အနည်းဆုံး ၁၀ မိနစ် ခန့် လိုအပ်ပါတယ်။ များလေ ကောင်းလေပါပဲ။
၃။ Passware က အခမဲ့ ထုတ်တဲ့ Asterisk Key ဆိုတဲ့ application တစ်ခုလိုအပ်ပါမယ်။ Portable ဖြစ်အောင် ကျွန်တော်လုပ်ပေးထားပါတယ်။ ဒီမှာ နဲ့ ဒီမှာ Download လို့ရပါတယ်။
၎။ အရေးအကြီးဆုံးတစ်ခုဖြစ်တဲ့ လူမိသွားရင် ကိုယ်ဖြစ်ကိုယ်ခံ လုပ်ရဲရင် ခံရဲရမယ် ဆိုတဲ့ စိတ်ထား။

- ဘာတွေ လုပ်လို့မရဘူးလဲ ??

၁။ ဒီနည်းနဲ့ အဝေးကနေ လှမ်းပြီး Crack လုပ်လို့ မရပါဘူး။

- ဒီလို လုပ်ပါ။

၁။ ကိုယ် hack ချင်တဲ့ လူဟာ google talk ကို login ၀င်ထားပြီး အဝေးခဏ သွားနေတဲ့ အချိန်မှာ စပြီး hack လုပ်ပါမယ်။

၂။ Dial up ဆိုရင် internet ကနေ disconnect လိုက်ပါ။ ADSL တို့ Local Network ဆိုရင်တော့ Network ကြိုးကို ဆွဲဖြုတ်လိုက်ပါ။ ဒါမှမဟုတ် Network ကို Control Panel ထဲကနေ ၀င်ပြီး
Disable လုပ်လိုက်ပါ။

၃။ ကြိုးဖြုတ် (သို့) disconnect လိုက်ရင် Google talk က online ဆက်ပြီး ရှိနေဦးပါမယ်။ စောင့်လိုက်ပါ။ ခဏနေရင် Google Talk က “Reconnecting.. 3 seconds” လို့ စပြီး ပေါ်လာပါလိမ့်မယ်။ ခဏ ထပ်စောင့်လိုက်ပါဦး။

၎။ Google talk က အောက်မှာ Contacts တွေ ပေါ်နေတာကနေ Login နေရာ (User name နဲ့ password ကို ရိုက်ရတဲ့နေရာ) ကို ပြန်ရောက်သွားရင်

၅။ Asterisk Key ကို run လိုက်ပါ။ ပြီးရင် “Recover” (or press Ctrl + O) ကို နှိပ်လိုက်ရင် အောက်မှာ Password: ဆိုပြီး ပေါ်နေမှာကို တွေ့ရမှာဖြစ်ပါတယ်။

၆။ Password ကို အမြန်ကူး ဒါမှမဟုတ် မှတ်လိုက်ပြီး အကုန်ပြန်ထွက်လိုက်ပါ။ Dial up ဆိုရင် connection ပြန်ချိတ်ပါ။ Network cable ပြန်တပ်ပါ။ Asterisk key ကို uninstall လုပ်ပါ။

၇။ အမူအရာ မပျက် ကိုယ့်နေရာကို ပြန်နေလိုက်ပါ။ ဒါဆိုရင် သူများ password ကို ရပြီဖြစ်ပါတယ်။ :)

- ကိုယ့်ကို ဒီလို အလုပ်မခံရအောင် ဘယ်လို ကာကွယ်မလဲ?

၁။ အကောင်းဆုံးကတော့ ကွန်ပြူနားက ခဏထသွားမယ်ဆိုရင် Google Talk ကနေ log off လုပ်ခဲ့ပါ။


၂။ နောက်တစ်နည်းက Windows Login မှာ password ခံထားပြီး ခဏထသွားမယ်ဆိုရင် ကွန်ပြူတာကို Lock or Sleep mode ကို ပြောင်းထားခဲ့ပါ။ ဒါဆိုရင် စိတ်ချရပါတယ်။

ဒီနည်းကို ဘယ်လိုရှာတွေ့လည်းလို့ မေးရင် ကျွန်တော်က Internet Connection ကြောင့်လို့ ဖြေရမှာပါ။ :P ဟုတ်တယ်လေ.. ကွန်နက်ရှင်က ခဏခဏ ဒေါင်းတော့ Reconnecting တွေ ဖြစ်တာကို ထိုင်ကြည့်ရင်း အကြံရ သွားတာပဲ။ Google Talk ရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး လုပ်တာဖြစ်လို့ နောက်တစ်ခါ Google ကနေ Google Talk Version အသစ်ဖြန့်တဲ့အခါ ဒီ flaw ကို ပြင်ထားမယ်လို့ ယူဆရပါတယ်။

P.S: R Blog..! ရဲ့ ၁၀၀ မြောက် Post ဖြစ်ပါတယ်။!!

Author: Rapster88 Categories: Hack, Tips Tricks and Tweaks Tags:

Windows XP ကို ၆ မိနစ်အတွင်း Hack လုပ်ချင်း

November 15th, 2007

ဟုတ်ပါတယ်.. ၆ မိနစ်ထဲပါ။ UK အစိုးရ ထောက်လှမ်းရေးအဖွဲ့ရဲ့ Serious Organized Crime Agency မှာ အလုပ်လုပ်နေတဲ့ Security Experts ၂ ယောက်က Microsoft က လူတွေရှေ့မှာ လုပ်သွားတာပါ။ Windows XP Service Pack 1 ကို Security Patch တွေနဲ့ Security Application (Antivirus, Firewall etc) တွေတစ်ခုမှ မတင်ပဲ Unsecured Wireless Connection တစ်ခုပေါ်ကနေ Hack လုပ်ပြီး complete control လုပ်ခဲ့တာပါ။ Hack လုပ်မယ့် စက်ရဲ့ IP Address ကို Scan လုပ်လို့ ရသွားတဲ့အခါ Internet ပေါ်ကနေ download လုပ်လို့ရတယ် open source hack tool ကို သုံးပြီး စက်ရဲ့ အားနည်းချက်ကို scan ထပ်ရှာပါတယ်။ နောက်ထပ် Tools တစ်ခုကို အသုံးပြုပြီး စက်ရဲ့ Security Hole တွေကို attack လုပ်နိုင်မယ့် exploit ကို build လုပ်ပြီး attack ကို စလိုက်ပါတယ်။ အဲဒီ အလုပ်တွေအားလုံးကို ၆ မိနစ်ပဲ အချိန်ယူပါတယ်။

“မျက်စိရှေ့မှာတင် Windows XP ကို Hack လုပ်ခဲ့တာဟာ အသိပညာတွေရသလို တုန်လှုပ်စရာလဲ ကောင်းပါတယ်” လို့ Microsoft UK ရဲ့ Platform Strategy Director Nick McGrath ကပြော သွားပါတယ်။ “ဒါပေမယ့် Hack လုပ် ခဲ့တဲ့ စက်က အကာအကွယ် ဘာမှမရှိတဲ့ စက်ပါ” လို့လဲ သူက ထပ်ပြီးပြောသွားခဲ့ပါတယ်။ Service Pack 2 ကို နောက်ဆုံး Security Patch တွေနဲ့ upgrade လုပ်လိုက်တဲ့အခါ အားနည်းချက်တွေ အနည်းငယ်လျော့သွားပါတယ်။ Microsoft ရဲ့ နောက်ဆုံးထုတ် OS ဖြစ်တဲ့ Vista မှာကတော့ Security ပိုင်းကို ပိုမိုစိတ်ချရအောင် လုပ်ထားပါတယ်။

Keznews.com မှ “One More Reason to Upgrade to Vista: 6-Minute XP Hack Is Frightening!” ကို တတ်သလောက် အဆင်ပြေသလို ဘာသာပြန်သည်။

Author: Rapster88 Categories: Hack, News Tags:

Someone D.O.S Me?

October 14th, 2007

digg_url = ‘rapster88.blogspot.com’;

မနေ့ကညနေမှာ ကျွန်တော် Blog က hit count တွေ ၂၀၀ ကျော်ထိုးတက်သွားပါတယ်။ Connection ပုံမှန် ရနေတဲ့အချိန်မှာ တက်သွားတာက ဖြစ်နိုင်ပေမယ့် ဒီအချိန်မှာ တက်တာက ထူးခြားပါတယ်။ Hit Counter ကို မသေချာလို့ Google Analytics နဲ့ထပ်စစ်လိုက်တော့ ဟုတ်ပါတယ် Hit Count က ၂၀၀ ကို ကျော်ပြီး ၃၀၀ နားကပ်သွားတယ်။ ဖြစ်နိုင်ခြေတစ်ခုကတော့ ကျွန်တော့် Blog ကို Denial Of Service Attack လုပ်ခံရယ်လို့ ယူဆပါတယ်။(D.O.S အကြောင်းကို နောက် post တစ်ခုရေးပေးပါမယ်။)

အမှန်အတိုင်း ၀န်ခံရရင် ကျွန်တော့် blog လေးကို လူဝင်နည်းနေသေးလို့ စိတ်ညစ်နေတာပါ။ အခုလို (DoS တကယ် လုပ်ခံရရင်) အလုပ်ခံရလို့ Hit count တွေ တက်သွားလို့ တော်တော်ကို စိတ်ချမ်းသာ သွားပါတယ်။ နောက်ပြီး ကျွန်တော်လုံးဝကို ဒီလောက် DoS ကို မမှုပါဘူး ဘာလို့လဲဆိုတော့ blogspot က Google server ပေါ်မှာ တင်ထားတာလေ။ DoS 300 လောက်ကိုတော့ Google Server တွေက သနားတယ်ပဲပြောရပါမယ်။

Author: Rapster88 Categories: Blog, Hack Tags:

Internet Explorer Crash

October 11th, 2007

အဲဒီ html code ပါတဲ့ page တွေကို Internet Browser နဲ့ (6,7, or may be comming 8) နဲ့ဖွင့်မိတာနဲ့ IE crash ဖြစ်သွားနိုင်ပါတယ်။ IE 6 မှာ crash ဖြစ်တာကို မပြောလို ပေမယ့် IE 7 မှာဖြစ်တာကို တော့ သိပ်ပြီး သဘောမကျပါဘူး။ အင်းပေါ့လေ.. ဒါကြောင့်လဲ Firefox က ပိုပြီး အသုံးများ ကြတာ။

စာကြွင်း။ အဲဒီ html code ကို မြန်မာပြည်က blog တစ်ခုက တွေ့တာပါ။ address မမှတ်မိတော့လို့ credit မပေးနိုင် တာခွင့်လွှတ်ပါ။ ဖတ်မိလို့ သိတဲ့သူတွေရှိရင် comment မှာဝင်ရေး ပေးပါ။ ကျွန်တော် ချက်ချင်း credit ပေးပါမယ်။

Author: Rapster88 Categories: Hack, Scripts Tags:

Remembered Password မေ့သွားလား?

September 22nd, 2007

Browser တွေထဲမှာ Remember Password ပေးမိတယ် ဒါပေမယ့် နောက်ကြာသွားတော့ မေ့သွားရော။ အဲဒါဘယ်လို ပြန်ဖေါ်မလဲ? Firefox သုံးတဲ့လူ ဆိုရင်တော့ ဖော်ရတာလွယ်ပါတယ်။ IE သမားတွေလဲ စိတ်မပူပါနဲ့။ အောက်မှာဖတ်ပြီး အဖြေရှာလိုက်ပါ။

၁။ Firefox only – Tools > Options > Security > Show Passwords > Show Passwords.. > Show Passwords ဆိုရင် saved လုပ်ထားတဲ့ password တွေ အကုန်ပြန်ပြ ပါတယ်။

၂။ IE နဲ့ Firefox – ဒီစာကြောင်းကို ကူးပြီး Saved လုပ်ထားတဲ့ Page ရဲ့ Address bar ထဲကို
ထည့်ပြီး Enter ခေါက်လိုက်ရင် Password ပြန်ထွက်လာပါမယ်။

၃။ Firefox ကို Master Password မေ့သွားလား?? မေ့သွားရင် အပေါ်ကနည်းနဲ့ Password ကို ပြန်ခေါ်လို့
မရဘူး။ ဒါဆို အောက်ကစာကြောင်းကို copy လုပ် Tab အသစ်ဖွင့်ပြီး paste n enter နှိပ်လိုက်ပါ။
(သတိ – ဒီနည်းက Master Password အပြင် Saved Password တွေကိုပါ အကုန် ရှင်းလိုက်တာပါ။)

chrome://pippki/content/resetpassword.xul

source: raymond.cc

Author: Rapster88 Categories: Hack, Tips Tricks and Tweaks Tags: