Archive

Archive for the ‘Myself’ Category

Ho Ho Di Di

September 12th, 2009

ပျင်းနေလို့ စာလျှောက်ရေးမယ် စဉ်းစားပြီး ရေးလိုက်တယ်။ တကယ်တော့ အိပ်သင့်နေတာ ကြာပါပြီ။ ဒါပေမယ့် အိပ်မယ် လုပ်ခါနီးမှာ MNL က ဘောလုံးပွဲတွေရဲ့ video highlight တွေ တွေ့လို့ download ဆွဲပြီး အပြီကြည့်နေတာနဲ့ မအိပ်ဖြစ်သေးဘူး။ Highlight ၄ ခုကို IDM နဲ့ အပြိုင်ဆွဲလိုက်တာ နဲနဲလွန်သွားတယ်ထင်တယ်၊ ကျွန်တှော့ house mate ကြီး router/modem ကို သွားပြီး reboot လုပ်ချလိုက်ပါလေရော။ ဒါနဲ့ပဲ တစ်ခြား ဆွဲဖို့ ရှိတာလေးတွေ ခဏငြိမ်နေလိုက်တယ်။ သူအိပ်တဲ့ အချိန်လောက်မှ ပြန်စရမယ်။ Call Of Duty 5 နဲ့ GTA 4 ကို ဆွဲနေတာဗျ။ ၂ ခွေပေါင်း 12 GB လောက်တော့ ရှိမယ်ထင်တယ်။ အခွေတွေက ထွက်တာ ကြာနေပေမယ့် အခြေအနေ မပေးလို့ မဆော့ဖြစ်ခဲ့တာ ခုတော့ အခွင့်အရေးလေး ပြန်ရတုန်း ပြန်ဆော့မလို့လေ။

Read more…

Author: Rapster88 Categories: Myself Tags:

ကျွန်တော့် ဘ၀ ပထမ နေ့ရက်များ ( ၁ )

June 24th, 2008

အမေက ကျွန်တော့် ပါးကို နမ်းလိုက်တုန်း အဖေကလဲ နောက်တစ်ဖက်ကို နမ်းလိုက်တယ်… စိတ်ထဲမှာ ၀မ်းနည်းသလို ဖြစ်လာလို့ မျက်နှာကို တစ်ဖက်ကို လှည့်ပြီး အဖေနဲ့ အမေ့ကို ပြန်ပဲ ဖက်လိုက်တယ်။ ကျွန်တော်တို့ သုံးယောက်ကြားမှာ အ၀ါရောင် လိုင်းလေးက ခြားထားတယ်။ ကျွန်တော်က တစ်ဖက်.. ဟိုဖက်မှာက အဖေနဲ့အမေပေါ့။

"Good Luck" တဲ့.. အဖေက ပြောတယ်။ ဒါနဲ့ ကျွန်တော်လဲ ချထားတဲ့ အိတ်အနီလေးကို ကောက်ဆွဲပြီး သူတို့နဲ့ မျက်နှာခြင်းဆိုင်ကို ထွက်ပြီး Passport Control Counter ကို ကျော်ခဲ့ တယ်။လှည့်ကြည့်ချင်ပေမယ့် အားတင်းပြီးတော့ ဆက်လျှောက်နေရင်း လက်ပဲ မြှောက်ပြလိုက်တယ်။ စိတ်ထဲမှာတော့ အရမ်းကို ကြီးမားတဲ့ ကွင်းပြင်ကြီးထဲကို အမှုန်အမွှား သေးသေးလေးတစ်ခု စပြီး တိုးဝင်ြပီလို့ တွေးနေရင်းပဲ အချုပ်အနှောင် တစ်ခုကနေ လွတ်လပ်စ ပြုသလိုလဲ ခံစားရတယ်…. Read more…

Author: Rapster88 Categories: Myself, Special Events Tags: , , ,

Blog ရေးတာကို ခဏ ရပ်ချင်တယ်။

February 26th, 2008

ကျွန်တော်ရဲ့ ရှေ့ရေးနဲ့ ကျောင်းကိစ္စတွေကြောင့် Blogging ကို ၁ လ သို့မဟုတ် ၂ လလောက် ခဏ ရပ်ထားချင်ပါတယ်။ အမှန်အတိုင်းဆိုရင်တော့ ကျွန်တော်လဲ မရပ်ချင်ပါဘူး ဒါပေမယ့် အခြေအနေက ဒီအလုပ်တွေကို ခဏ ရပ်ပြီး ဟိုဖက်ကို အာရုံစိုက်ရမှာကြောင့်ပါ။

လက်ရှိ ရေးဖို့ ကျန်နေတဲ့ Post ၃ ခုလောက်ကိုတော့ ရအောင် တင်သွားပါမယ်။ ဒါပြီးရင်တော့ ခဏရပ်ပါတော့မယ်။ နေ့စဉ် နေ့တိုင်း ကျွန်တော့် Blog ကို လာအားပေးတဲ့ ပရိတ်သတ်ကိုလည်း တောင်းပန်ပါတယ်။ ဒါပေမယ့် စိတ်ချပါ။ ကျွန်တော် ခဏပဲ ရပ်တာပါ။ အဆင်ပြေတာနဲ့ ချက်ချင်း ပြန်ရေးသွားမှာပါ။ Blog ရေးရတာကို နှစ်သက်ပါတယ်။

ဒီ Blog ကို နေ့တိုင်း ၀င်ကြည့်တဲ့သူတွေကို Feed Burner မှာ Subscribe မလုပ်ရသေးရင် လုပ်ထားပါလို့ တိုက်တွန်းပါတယ်။ ကျွန်တော့် Blog ရဲ့ အောက်နားကို ဆင်းလိုက်ရင် ( ပုံမှာ ပြထားတဲ့အတိုင်း ) email လိပ်စာ ထည့်ပြီး Feed ကို subscribe လုပ်လို့ရပါတယ်။ ဒါဆိုရင် ကျွန်တော့်ဖက်က Post အသစ်တက်တဲ့အခါ email နဲ့ auto အကြောင်းကြားမှာ ဖြစ်ပါတယ်။


Author: Rapster88 Categories: Announcement, Blog, Myself Tags:

ကမ်းခြေ အပန်းဖြေ…

January 18th, 2008

ဟုတ်ပါတယ်ခင်ဗျာ.. ကျွန်တော် မနက်ဖြန် ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ မြန်မာပြည်ရဲ့ နာမည်ကြီး ကမ်းခြေတစ်ခုမှာ အပန်းဖြေမလို့ပါ။ ဒီတော့ ဒီရက်ပိုင်းမှာ Post အသစ်တွေ တက်နိုင်မယ် မဟုတ်ပါလို့ (ဒီတိုင်းလဲ တက်တာပဲ မဟုတ်ပဲနဲ့ :P ) ။ အပန်းပြေပြီး ပြန်လာတဲ့ခါတော့ Post အလန်းတွေကို အရမ်းတင်နိုင်မယ်လို့လဲ မျှော်လင့်ထားပါတယ်။ ကဲအားလုံးပဲ.. ကျွန်တော် လစ်ပြီ။

Rapster
9:46 PM (MST)
18/1/2008

Author: Rapster88 Categories: Blog, Myself, Special Events Tags:

This.Analyze("Rapster88") သို့မဟုတ် ငါ ဘာကောင်လဲ?? + ဘူးဒူး

November 22nd, 2007

ဟိုးအရင်ကတည်းက တက်ခ်(Tag) ထားတဲ့ ကိုတေဇာ ရဲ့ Tag ကို ရေးမယ်ရေးမယ်နဲ့ နေ့ရွှေ့ ညရွှေ့ လုပ်လိုက်တာ အခုတော့ ကို Zero Trash ကလဲ Tag ပြန်တော့ ၂ ခုပေါင်းပြီး တစ်ခါ တည်း Reply ပြန်လိုက်ပါတယ်။

ကို Zero Trash ရဲ့ Tag က တော့ ငါ..ဘာကောင်လဲ? ဆိုတဲ့ Tag ပါ။ ကိုတေဇာကတော့ ကိုယ့်ပုံကို ပြန်ဆွဲခိုင်းတာပါ။

ဒီနေရာမှာ တောင်းပန်ချင်တာက ကျွန်တော်က ကျွန်တော်ရဲ့ Personal အကြောင်းတွေကို Blog (Also online) မှာ အသေး စိတ်ဖေါ်ပြလိုစိတ် မရှိတဲ့အတွက် အခြား ဘလော့ဂါတွေ ရေးသလိုတော့ ဖတ်လို့စုံမယ် မထင်ပါဘူး။ ကဲစပြီ…

ပုံပန်းသဏ္ဍန်

- အရပ်ရှည်တယ်
- ပိန်တယ် ( Appeton Weight Gain ကြော်ညာထဲက ပုံနဲ့တူတယ်)
- မျက်မှန်အမြဲတပ်တယ် ( ၉ တန်းတုန်းက Game အရမ်းကစားလို့ မျက်စိ မှုန်သွားတာ)

စိတ်နေစိတ်ထား

- များသောအားဖြင့် သဘောကောင်းတယ်
- တော်ရုံ စိတ်မဆိုးတတ်ဘူး ဒါပေမယ့် စိတ်ဆိုးရင် ဒေါသကြီးတယ်
- မသိတဲ့လူတွေနဲ့ တွေ့ရင် စကားနည်းတယ်
- မျက်နှာထား ခပ်တည်တည် နေတတ်တယ် (အိမ်မှာဆိုရင်တော့ မဟုတ်ဘူး)

အထွေထွေ

- ဦးဏှောက် နည်းနည်း ပျက်နေတယ်။ (ငယ်ငယ်တုန်းက ကျောင်းမှာ ခေါင်းကို ခဏခဏ ခပ်ပျင်းပျင်း အတီးခံလို့ လို့ ထင်တာပဲ)
- Monitor ပေါ်မှာ Icon မလိုတဲ့ Icon တွေ တစ်ခုမှ မထားဘူး။
- အချိန်တိုင်း လိုလို အိပ်ငိုက်နေတတ်တယ်။
- စိတ်ခံစားချက်ပေါ်မှာ မူတည်ပြီး သီချင်း အမျိုးစုံ နားထောင်တယ်။
- Internet ထဲမှာ လိုက်မွှေနေရတာကို သိပ် ၀ါသနာ ထုံတယ်။

တွေးကြည့်ပြီး ထွက်လာတာတွေကို ပြန်စိစစ်လိုက်ပြီး ရေးထားတာပါ။ အောက်မှာ ဆွဲထားတဲ့ ပုံကတော့ ကျွန်တော်နဲ့ ဆံပင်က လွဲလို့ တော်တော်များများ တူပါတယ်။ ဒီပုံကို အပင်ပန်းခံ ပြီး ၂ ခါတောင် ဆွဲပေးတဲ့ Piyo Piyo ကိုလည်း ကျေးဇူး အကြီးကြီး တင်ပါတယ် :) ။ ဖိနပ်နားမှာ ရေးထားတဲ့ စာက “This is my scholl” ပါ။ ကျွန်တော်ရဲ့ ဖိနပ်ပြဿနာကို ဖတ်ချင်ရင် ဒီမှာ နဲ့ ဒီမှာ ဖတ်လို့ရပါတယ်။

ကဲ.. Tag အကြွေးတွေတော့ ရှင်းသွားပါပြီ။ စိတ်ထဲမှာ အခုမှပဲ ပေါ့သွားပါတော့တယ်။ (မဟုတ်ရင် ကို ZeroTrash က နေ့တိုင်း အိမ်စာ လာလာစစ်နေတာ။)

Author: Rapster88 Categories: Myself, Tag Games Tags:

I’m going offline for a few days

November 13th, 2007

ကျွန်တော် နေမကောင်းဖြစ်နေတဲ့ အတွက် ဒီရက်ပိုင်း Post တွေ မတက်နိုင်ဖြစ်ရင် ခွင့်လွှတ်ပေးပါလို့ တောင်းပန် ချင်ပါတယ်။ ဒါပေမယ့် မတင်ဖြစ်လဲ အလွန်ဆုံး ၂ ရက် ၃ ရက်ပေါ့ :) ။ နေကောင်းသွားရင် အရင်လို ပြန်ပြီး တင်သွားမှာပါ။ အခုတော့ ခေါင်းမူးတာ ချာချာကို လည်နေတာပဲ။

Author: Rapster88 Categories: Blog, Health, Myself Tags:

ဘယ်လိုလဲ?

November 9th, 2007

စိတ်မကောက်ပါနဲ့ကွာ…
ဒါကိုလဲ ငါ ခဏခဏပြောရတယ်…
မင်းကလဲ နားမထောင်ချင်ဘူး…
ခက်တာက..
မင်းစိတ်ကောက်တာကလဲ..
လွန်လွန်းတယ်..

မင်းစိတ်ကောက်လို့ ..
ငါဘာတွေ ဖြစ်နေရလဲ မင်းသိလား..
ငါ့ အလုပ်တွေ ပျက်ရတယ်..
ညဖက်တွေ အိပ်မရဖြစ်နေရတယ်..
ကြာရင် လူလဲ ပိန်ချုံးပြီး ဂီလာန ဖြစ်တော့မယ်..

အမှန်အတိုင်း ၀န်ခံဆိုရင် ၀န်ခံပါတယ်..
ငါမင်းနဲ့ ဘယ်လိုမှ မခွဲနိုင်ဘူး..
ငါမင်းကို အရမ်းကိုမြတ်နိုးတယ်..
ဒါကို မင်းက သိလို့လဲ အခုလို အနိုင်ယူတာပေါ့..

မင်းကို စွဲလမ်းစေတတ်တဲ့
မင်းရဲ့ ပညာ..
မင်းရဲ့ အစွမ်းသတ္တိ..
အဲဒါကိုတွေကို..
ငါ သဘောလဲကျတယ်..
ကြောက်လဲကြောက်တယ်..

ဒီစာလေးကို ရေးနေတဲ့ အချိန်မှာတော့
မင်းက သဘောကောင်းနေပြန်ရော..
ဒီအတိုင်းပဲ အမြဲတမ်း နေသွားပါလားဟင်..
ကြည့်လေ…ငါ့မျက်နှာကြီး ပြုံးနေတာမမြင်ဘူးလား..

တစ်ဖက်နဲ့ တစ်ဖက် နားလည်နိုင်ရင်
အကောင်းဆုံးပေါ့..

ငါ့ဖက်ကတော့ ပြတ်သားတယ်..
တစ်သက်လုံး မင်းရှိမှဖြစ်မယ်..
မင်းကရော ဘယ်လိုလဲ..
ငါလခွီး Internet ရယ်.. :D

Rapster88
12:34 AM
Nov 9, 07

ဒီနေ့ရော.. မနေ့ညကပါ.. Connection တွေက စွတ်ပြီး ကောင်းနေလို့ အမှတ်တရ ရေးလိုက်တာပါ။ မကောင်းဘူးလို့ခံစားရပါတယ်။ ဖတ်ရတာ မကြိုက်ရင်လဲ Cbox ထဲမှာ ၀င်ဆဲသွားလို့ ရပါတယ်။ :D

Author: Rapster88 Categories: Fun, Myself Tags:

သရဲ

October 31st, 2007

အမှန်အတိုင်း ၀န်ခံရရင်တော့ Halloween ကို သိပ်ပြီးမခံစားတတ်ဘူး။ ကျွန်တော်တို့ မြန်မာ့ဓလေ့ မဟုတ်လို့ပါ။ ဒါပေမယ့်လည်း နောက်ပိုင်းကတော့ ယဉ်ကျေးမှုတွေ ကူးစက်ကြတာလာတော့ ဟောလိုးဝင်းကလည်း ပျော်ပွဲရွှင်ပွဲတစ်ခုဖြစ်လာပဲ။ ကျွန်တော်အခုပြောချင်တာက အဲဒီအကြောင်းမဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ကြုံဖူးတဲ့ အတွေ့အကြုံလေးပါ။ ကျွန်တော်နဲ့ နီးစပ်တဲ့ သူငယ်ချင်းတွေကိုတော့ ပြောပြခဲ့ဖူးပါတယ်။

ဖြစ်ပုံကဒီလို… ကျွန်တော် ဆယ်တန်းဖြေပြီးကာစ အချိန်ပေါ့.. Internet ကလည်း Unlimited ပေးနေတုန်းပဲဆိုတော့ ညဖက်ပိုင်းတွေမှာ အသည်းအသန်ကို သုံးတာပေါ့။ ညတိုင်းလိုလို ည ၁၂ ခွဲ ၁ နာရီ လောက်မှ အိပ်တာ (အခုတော့ ဒီထက်နောက်ကျတယ်.. :P )။ တစ်ရက်.. အင်တာနက်သုံးနေရင်း အိပ်ချင်လို့အိပ်မယ်လုပ်တော့ ည ၁၂ ခွဲကျော်နေပြီ။ ကွန်ပြူတာကိုပိတ် အိမ်အနောက်ဖက်က ရေချိုးခန်းမှာ မျက်နှာသစ် သွားတိုက်လုပ်တာပေါ့ ပြီးတော့ အိမ်ရှေ့ပိုင်းကိုပြန်လာတယ်.. ကျွန်တော်တို့ အိမ်က အိမ်ရှေ့နဲ့ အိမ်အနောက်ဖက်ကို ညဖက်ဆိုရင် တံခါးပိတ်ထားလေ့ရှိတော့ ကျွန်တော်ကိုယ်တိုင် သေချာကို အဲဒီတံခါးကို ပိတ်ထားခဲ့တယ်။ မီးအားမြှင့်စက်ကိုကျတော့ အိမ်ရှေ့အပြင်ဖက် ၀ရံတာမှာထားတော့ အပြင်ထွက်ပြီး မီးအားချတယ် ပြီးတော့ ဧည့်ခန်းထဲလဲ ပြန်ဝင်လာရော…. ခုနကလေးတင် ကျွန်တော်ပိတ်ခဲ့တဲ့ တံခါးက ပွင့်နေတယ်.. ဒါပေမယ့် မီးတွေကလဲ အားလုံးပိတ်ထားတော့ သိပ်မမြင်ရဘူး.. မျက်မှန်ကလည်း ချွတ်ထားတော့…ဒါနဲ့ သေချာအောင်လို့ အရှေ့နည်းနည်း တိုးပြီးကြည့်လိုက်တော့ တံခါးပွင့်နေတာ လုံးဝသေချာတဲ့အပြင် တံခါးနားမှာ ဖြူဖြူကြီးတစ်ခု လှုပ်နေတာ.. I was totally shocked! လုံးဝပဲ..ဆံပင်တွေပါထောင်တက်လာတယ်… ငါတော့ သရဲအခြောက်ခံရပြီဆိုပြီးတော့.. နှလုံးခုန်လည်း ချက်ချင်းကို မြန်တက်လာတယ်.. ဒါပေမယ့် ဘာလို့ လူက ဆက်ပြီး အရှေ့ကို တိုးနေလည်း မသိဘူး။ နောက်ထပ် ၃ လှမ်းလောက်လဲ လှမ်းမိရော ကျွန်တော်စကားပြောသံ တစ်ခုကို ပီပီသသ ကြားလိုက်ရတယ်……

“သား.. မအိပ်သေးဘူးလား” တဲ့… အောင်မလေး.. ကျွန်တော့် အမေဖြစ်နေတာကိုး.. :D အမေက ညဖက်ဝတ်တဲ့ ဂါဝန်အရှည်အဖြူရောင်ကြီး ၀တ်ပြီး ထလာတာ…. ဟားဟား..အဲဒီတော့မှပဲ ကျွန်တော်လဲ လန့်တာ ပျောက်သွားတော့တယ်…

Author: Rapster88 Categories: Myself, Special Events Tags:

ကျွန်တော်ဘာလို့ ပျောက်နေတာလဲ

October 29th, 2007

ဒီရက်ပိုင်း ကျွန်တော် ဘလော့မရေးဖြစ်တာ ၃ ရက်လောက်ရှိသွားတယ်။ အဓိကကတော့ မအားလို့ပါဗျာ။ မအားလို့ရယ်။ ပင်ပန်းလို့ရယ် ပျင်းလို့ရတယ် အဲဒါသုံးခု ပေါင်းသွားတာ :P ဒါနဲ့ဆိုရင် ကျွန်တော် ဘလော့ရေးဖို့ပျင်းတာ ၂ ခါမြောက်ပဲ.. ဟိုတစ်လောကလည်း တစ်ခါဖြစ်တယ်။ ၂ ရက်လောက် ရပ်ထားပြီးတော့မှ ပြန်ရေးကြည့်ရင်း အရှိန်ပြန်ရသွားတာ။ အခုလဲ အဲဒီလိုဖြစ်လာလို့ မနည်းကို စိတ်ကိုပြန်ထိန်းပြီး ဒီပိုစ့်လေးကိုရေးလိုက်တာပါ။ ပထမဦးဆုံးပျင်းရတဲ့ အကြောင်း အရင်းကိုပြောပြမယ်။ သီတင်းကျွတ်လပြည့်နေ့ပေါ့။ ရုံးလဲပိတ်ရက်ဆိုတော့ ပျင်းပျင်းနဲ့ ဘာမှမလုပ်ပဲ အိမ်မှာ နားနေလိုက်တာ လုံးဝကို မှားသွားတယ်။ ဒါက ပျင်းတဲ့အကြောင်း :D ။ နောက်တစ်နေ့ (စနေ) ရုံးလဲပြန်ဖွင့်ရော လုပ်ရမယ့် အလုပ်တွေက တောင်လိုပုံသွားတယ်။ ဒီကြားထဲ စိတ်တိုစရာကိစ္စတွေက ပေါ်လာသေးတယ်။ လူကအလုပ် တွေများလို့ အချိန်လုပြီး အသည်းအသန်လုပ်နေပါတယ်ဆိုမှ အဲဒီမဖြစ်သင့်တဲ့ ကိစ္စတစ်ခုကိုလုပ်လိုက်တာ အလုပ်ချိန် တွေပါသွားတယ်။( အဲဒီစိတ်တိုစရာ အကြောင်းကိုလဲ ရေးသင့်ရင်ရေးရမယ် )။ အဲဒီနေ့က အလုပ်ပိသွားတာ ညနေ ၇ နာရီထိုးမှ အလုပ်ပြီးတယ်။ တစ်ကိုယ်လုံးလဲ ကိုက်ခဲနေတာပဲ။ သူများကို အကူအညီတောင်းရင် ရပေမယ့် ကိုယ့်အလုပ်ကို ကိုယ့်ဟာကိုပဲလုပ်ချင်လို့။

ဒါနဲ့ စနေညက ဘလော့ရေးမယ့် အစီအစဉ်လဲ ပျက်သွားတယ်။ ဒီနေ့ ကျတော့လဲ ဘလော့ရေးဖို့ကို စိတ်ဘယ်လိုမှကို သွင်းလို့မရပဲ အပျင်းတစ်နေတာနဲ့ တစ်နေကုန်သွားတယ် :D ။ အပျင်းတစ်လိုက်တာ လပြည့်နေကလဲ ဘလော့မှာ မီးပုံးလေးတွေ တင်မလို့စီစဉ်ထားတာလဲ အကုန်ပျက်။ Blog ကလည်း အသစ်မရေးရင် သိသာတယ်။ လူအ၀င် hit count က သိသိသာသာကို ကျသွားတယ်။ မဖြစ်ချေဘူးဆိုပြီး အခုပြန်ရေးနေပါပြီဗျာ :) ။ (ဟိုက်.. ၃ ရက် မဟုတ်ဘူးဗျ…၄ ရက်တောင်)

Author: Rapster88 Categories: Blog, Myself Tags:

ဖိနပ်ပြန်ရပြီ :D

October 22nd, 2007

ဒီလ လဆန်းပိုင်းလောက်က ကံဆိုးချင်းများစွာနဲ့ကျွန်တော် ဆိုတဲ့ post ရဲ့အဆက်ပေါ့ဗျာ။ ဒီတစ်ခါတော့ ကံဆိုးတာမဟုတ်တော့ဘူး။ ပျောက်သွားတဲ့ဖိနပ်အတိုင်း ဆင်တူကို ဒီနေ့ပဲ ၀ယ်လိုက်တယ်။ ကဲသူခိုးရေ.. ဒီတစ်ခါတော့ ငါလဲမပျောက်အောင် ဂရုစိုက်မယ်.. မင်းလဲမခိုးနဲ့တော့.. ငါက အစွဲအလမ်းကြီးတော့ ပုံစံတူ ဖိနပ်ကို ပြန်လိုက်ရှာရရတာ ခက်တယ်ကွ ;)






Author: Rapster88 Categories: Myself Tags: