Archive

Archive for the ‘Myself’ Category

စွန့်လွှတ်လိုက်ပြီ

October 12th, 2007

စွန်လွှတ်တာ မဟုတ်ပါ။ စွန့်လွှတ်လိုက်တာပါ။ ကျွန်တော်ဖက်က တာဝန်ကျေခဲ့တဲ့ အတွက် ကျွန်တော် လိပ်ပြာသန့်တယ်။ ဒီခေတ်ကြီးမှာ ကျွန်တော့်အဖြစ်က ငပိန်းကောင် လို့အပြော ခံရင်လဲ ခံရနိုင်ပေမယ့် ကျွန်တော် လုပ်ခဲ့တာတွေ အားလုံးကို ကျွန်တော်ကျေနပ်တယ်။ ၁၀၀% တာဝန်ကျေတယ်။ အခုတော့ ကျွန်တော့်ကို ကျွန်တော် ချစ်သင့် ပြီလို့ ယူဆလိုက်တဲ့အတွက် စွန့်လွှတ်လိုက်ပါပြီ။ အကြွေစေ့လေး ကို ဟိုဖက်ဒီဖက် လှန်လိုက်သလို ပဲပေါ့။ (တစ်ဖက်မှာတော့ အနာတွေ ကျန်ရင် ကျန်ခဲ့မယ်လေ)။

Author: Rapster88 Categories: Myself Tags:

ကံဆိုးချင်းများစွာနဲ့ ကျွန်တော်

October 10th, 2007

ကံမကောင်းတာလား ကံဆိုးတာလား နှစ်ခုစလုံးပဲ ဆိုပါတော့ဗျာ ဖြစ်ပုံက မနေ့ညကပေါ့ အဲဒီက စတယ် အဖေ့ အသိ တစ်ယောက်က သူ့ Nokia အဟောင်းကြီးထဲကနေ Contacts တွေကို backup လုပ်ပေးဖို့ အကူအညီ တောင်းတာနဲ့ လုပ်ပေးတယ် ဘာစပြီး ဖြစ်လဲဆိုတော့ handset က SIM Card မပါပဲနဲ့ ဘာ function မှ ခေါ်လို့မရဘူး ဒါနဲ့ အိမ်က SIM Card နဲ့ပဲ ထည့်ပြီး power on လိုက်တယ် ရသွားတယ် ဒါပေမယ့် နောက်တစ်မျိုးထပ်တွေ့တယ် Cable မပါလာဘူး တော်သေးတယ် သူ့ Laptop က BlueTooth ပါတယ် အဲဒါနဲ့ အဆင်ပြေသလို ပြန်ဖြစ်သွားပြန်ရော။ မကြာပါဘူးဗျာ software တွေ အကုန်သွင်း backup လုပ်ဖို့ Key Pair လုပ်လဲ ပြီးရော စပြီး ဖောက်ပါလေရော ဘာလဲသိလား Backup လုပ်နေရင်းနဲ့ တ၀က်ရောက်ရင် Connection to phone lost ဆိုပြီး လစ်သွားရော အမျိုးမျိုး ကြိုးစားတယ် အဆင်မပြေဘူး စိတ်ပျက်ပြီး လက်လျှော့လိုက်တယ် အိမ်က cable နဲ့လဲအဆင်မပြေဘူး။ နောက်ခဏနေ တော့ internet ရသွားတယ် ရသွားတော့ အလုပ်တွေလုပ်ရော ပြီးလဲပြီးရော ထင်ထားတဲ့ ပြသနာတွေ တက်ပါ လေရောဗျာ အဲဒါနဲ့ ည ၂ နာရီကျော်သွားတယ်။ အိပ်တော့လဲ တော်တော်နဲ့ အိပ်မရဘူး ခေါင်းတွေ ကိုက်လာလို့ စိတ်ကိုငြိမ်အောင် ထိန်းပြီး အိပ်မှ အိပ်ပျော်သွားတယ်။ မနက်နိုးတော့ စိတ်ထဲမှာ တစ်မျိုးကြီးပဲ အိမ်ကလူတွေက သူ့ဟာသူ လှုပ်ရှားနေကြ သလိုပဲလို့ စိတ်ထဲ တစ်မျိုးဖြစ်လာလို့ နာရီကို လှမ်းကြည့်လိုက်တော.. လာလား.. ၈ နာရီတောင် ခွဲနေပြီ လာမနိုးကြဘူး အိပ်ယာထဲက အလူးအလဲထ လာတော့ ဘာလုပ်မလို့လဲတဲ့ဗျာ အမေက မေးတယ် ရုံးတက်မယ်လေ အမေရဲ့ ဆိုတော့မှ တက်မလို့လားတဲ့။ ဖြစ်ချင်တော့ မနေ့ ကျွန်တော်က နေမကောင်းလို့ ရုံးမတက်ဘူးလေ။ ထလဲထလိုက်ရော ခေါင်းက ဘယ်ဖက်ကိုလှည့်လိုမရဘူး..ဒါနဲ့ ကမန်းကတန်း ရေချိုး အ၀တ်အစား လဲ ပြီး Taxi နဲ့ပြေးတာတောင် ၁၀ နာရီမတ်တင်းမှ ရုံးရောက်တယ်။

ဒီလိုနဲ့ ရုံးရောက်တော့ စိတ်ထဲမှာ လေးနေတယ်။ internet က မရလို့ ရုံးက စက်တစ်လုံးထိုင်ပြင်တော့လဲ ရွာပတ်နေတယ်။ Board ကဖြစ်သလိုလို Graphic Card က ကြောင်သလိုလိုနဲ့။ နေ့လည်ရောက်တော့ အောက်ခဏ ဆင်းမယ်လဲလုပ်ရော သေရောဗျာ…. ဖိနပ်မရှိတော့ဘူး… တော်တော်ကို စိတ်လေသွားတယ်။ စီးတာမှ အလွန်ဆုံးရှိ ၄ လပေါ့။ ဖိနပ်စင်ကို အပြင်ထုတ်ထားတာ ၃ ရက်မြောက်မှာ ကျွန်တော် ထီပေါက်သွားတာပဲ။ Schole အနီလေးဗျာ… သွားရော.. နေဦး ဒီထက်စိတ်ညစ် စရာပြောပြမယ်။ ဒီတော့ ဖိနပ်အသစ်သွားဝယ်တာ ၄ ဆိုင်သာ ကုန်သွားတယ် လိုချင်တဲ့ အရောင်နဲ့ Size မရဘူး။ ၇ ပဲရှိတယ်တဲ့.. ကျွန်တော်က ၈ စီးတာ။ အဲဒီမှာကျမှ ခိုးသွားတဲ့ကောင်ကို တော်တော်ကို ကျိန်ဆဲပစ်လိုက်တယ်(အစက စိတ်ထဲမှာ လှူတယ်လို့ပဲ မှတ်လိုက်တာ)။ Boss က သူစီးနေတဲ့ ဖိနပ် အဟောင်းလေး စီးသွားတဲ့။ ကံက အဲဒါတောင် ဆိုးသေးတယ် အဲဒီယူစီးလာတဲ့ ဖိနပ်က သံထွက်လာပြီး ခြေချောင်းကို လာစူးသေးတယ်။ ကဲ ကျွန်တော်ဘာဖြစ်နေလဲ ပြောကြပါဦးဗျာ….(ဒါတောင် ကြားထဲမှာ မရေးပဲချန်ခဲ့တာတွေရှိသေး)

Author: Rapster88 Categories: Myself Tags:

လက်နာနေတဲ့ ကျွန်တော်

September 21st, 2007

တနေ့တနေ့ ကွန်ပြူတာရှေ့မှာပဲ အချိန်ကုန်နေတဲ့ ကျွန်တော် အရင်ကတော့ ဘာမှ သိပ်ပြီးမသိသာပေမယ့် အခုနောက်ပိုင်း ဘယ်ဖက် ပခုံးက တော်တော်လေးကို နာလာတယ်။ လှုပ်ရှားလိုက်ရင် ခဏတော့ သက်သာသွားပြီး နောက်ခဏနေရင် ပြန်ဖြစ်တာပဲ။ ညတိုင်းလဲ ဆေးလိမ်းတယ်။ ဒါပေမယ့်လဲ သိပ်မသိသာဘူး။ ထိုင်တဲ့ပုံစံ မမှန်လို့ ဖြစ်တာလို့ အမေက ပြောတယ်။ ဆေးနည်းလေးများ ရှိရင်ကူညီပါဦး။ Comment ကနေတဆင့် ဒါမှမဟုတ် cBox ကနေ ၀င်ရေးပေးပါ။

Author: Rapster88 Categories: Myself Tags:

Me & My Blog

July 22nd, 2007

အော်…ကျွန်တော်နဲ့..ကျွန်တော့် ဘလော့အကြောင်းကိုမိတ်ဆက်ပေးရဦးမယ်…ကျွန်တော်ကရန်ကုန်ကပါ. အသက် ကတော့ လက်ရှိ ၁၈ နှစ်ရှိပါပြီ. အရပ်ရှည်ရှည်.. ရုပ်ချောချောပေါ့ဗျာ ;D . အဲ..ကျွန်တော့်ပုံလား.. အဲဒီပုံက Rapid City ဆိုတဲ့ online RPG game အတွက်ရိုက်ထားတာပါ..game က လူမိုက်လုပ်ရတဲ့ game ဆိုတော့ မျက်နှာကိုအ၀တ်စည်းပြီးရိုက်လိုက်တာ..နောက်ပုံအသစ်ရတော့လဲအသစ်ထပ်တင်ပေးမယ်.. ကျွန်တော်က အငယ်တန်း Web Developer တစ်ယောက်ပါ… IT နည်းပညာကိုလဲစိတ်ဝင်စားပါတယ်..ဒီဘလော့မှာလဲ ကျွန်တော် သူများကို မျှဝေချင်တာတွေ…ကျွန်တော်ရှာဖွေတွေ့ ရှိချက်တွေကိုရေးပေးမှာပါ…

ဒီဘလော့ကိုကျွန်တော်လုပ်တာ ဒါနဲ့ဆိုရင် ၃ ခါမြောက်ပါ… အစလုပ်လိုက်..နောက်ပျင်းတာနဲ့ဆက်မရေး ဖြစ်တော့တာ…နောက်တစ်ခါဆက်ရေးမယ်ဆိုပြီးအသစ်ပြန်လုပ်လိုက်နဲ့ဒါတတိယမြောက်ပါ။ ဒီတစ်ခါတော့ တစိုက် မတ်မတ်ရေးဖြစ်မယ်လို့ယူဆရပါတယ်..ကြိုးစားလဲကြိုးစားပါ့မယ်။ ပြန်ရေးဖြစ်တဲ့အကြောင်းလား??? ဒွေးရဲ့နာရေး ကစတယ်လို့ ပဲပြောရမယ်ထင်တယ်… သူဆုံးတဲ့ နေ့ က ည ၈နာရီကျော်ကျော်လောက်..ကျွန်တော်က Shopping Center တစ်ခုကိုရောက်နေတယ်..အဲဒီအချိန်မှာကျွန်တော့်ဦးလေးကိုသူ သူငယ်ချင်းက ဖုန်းဆက်ပြီး ပြောတယ်..ဒွေးဆုံးသွားပြီတဲ့..ကျွန်တော်အိမ်ပြန်ရောက်တော့..Online တက်ပြီး လိုက်ရှာတော့ Blog တစ်ခုကိုစတွေ့ တယ်…ဘယ် news ကမှမတင်သေးဘူး.. blogger တွေကစပြီးတင်ပြီ.. အဲဒီမှာကျွန်တော်လည်း ပိုးဝင်သွားတယ်..ကိုယ်ပြောချင်တာတစ်ခုကိုချက်ချင်းကိုပြောလို့ ရတယ်ဆိုပြီးတော့…

Blogger.com ကိုစပြီးတွေ့ ဖူးတဲ့အချိန် ၂၀၀၅ နှစ်စပိုင်းလောက်က..ကျွန်တော်နဲ့ ကျူရှင်တူတူတက်တဲ့ ကောင်မလေးက လာပြောတယ်..“ငါ website တစ်ခုလုပ်ထားတယ်တဲ့” ကျွန်တော်သူ့ကိုအထင်လဲကြီး သွားတယ်… စိတ်လဲဝင်စားသွားတယ်… တယ်ဟုတ်ပါ့လားပေါ့..ဘယ်ကရလဲဆိုတော့ သူ့အစ်မတစ်ယောက်က လုပ်ပေးတာ တဲ့..“ငါအများကြီးဆက်ရေးရဦးမယ်တဲ့” ဘယ်ကလုပ်လဲဆိုပြီး.. sign up လိုက်တယ်..တကယ်ပါ..အဲဒီတုံးက blog ဆိုတာဘာမှန်းကိုမသိခဲ့ဘူး…အင်တာနက်ကလဲစပြီးသုံးခါစ..free email အကောင့်လေးတစ်ခုရတာ တောင်တော် တော်ကိုကျေနပ်နေတာ.. free personal site builder တွေရှိတာလဲမသိ..blog ဆိုတာလဲမသိ .နောက်တော့ လဲကျောင်းစာတွေပိလာပြီး..ဘာမှကိုဆက်မရေးဖြစ်တော့ဘူး..ကဲအခုတော့ရေးဖြစ်သွားပြန်ပြီ…ဆက်ပြီးအားပေးကြပါဦး…

Author: Rapster88 Categories: Blog, Myself Tags:

အလုပ်လုပ်ရတော့မယ်

July 21st, 2007

Monday ကနေစပြီးအလုပ်ဝင်ရတော့မယ်.. လှည်းတန်းမှာ.. ဘာမှတော့မဟုတ်ပေမဲ့စိတ်လှုပ်ရှားနေတယ်..အခုမှကိုယ်တကယ်ကိုလုပ်ချင်တဲ့
အလုပ်ကိုလုပ်ရတော့မယ်.. အစမ်းခန့် ၃ လတဲ့..
Bus car နှစ်ဆင့်စီးရမယ်..အဲဒါကိုမလုပ်ချင်ဆုံးပဲ…

Author: Rapster88 Categories: Myself Tags: