Archive

Archive for the ‘News’ Category

Zawgyi Installed On iPod Touch 2G

February 2nd, 2009

iPod Touch 2nd Generation အတွက် Jail Break (Tethered) ထွက်ထွက်ချင်းမှာပဲ ကျွန်တော့် iPod ကို JB(Jail Break) လုပ်ကြည့်ခဲ့ပါတယ်။ JB လုပ်ချင်တဲ့ အကြောင်းကတော့ Spring Board လို့ခေါ်တဲ့ Menu ပေါ်က Application icon တွေကို Category ခွဲချင်တာနဲ့ နောက်ပြီး Safari မှာ ဇော်ဂျီ ဖောင့် နဲ့ စာဖတ်လို့ရအောင် လုပ်ချင်တာပါ။ RedSn0w က Tethred ဖြစ်လို့ iPod ကို reboot လုပ်တိုင်း JB ပြန်လုပ်ပေးနေရပါတယ်။

ဒီ Guide ကို ဖတ်ပြီးတော့ လိုက်လုပ်လိုက်တာ အခု အောက်မှာ မြင်ရတဲ့အတိုင်း ဇော်ဂျီနဲ့ ရေးထားတဲ့ site တွေကို ဖတ်လို့ရပါပြီ။

p1010308.jpg p1010310.jpg

Author: Rapster88 Categories: News, iPod Tags: ,

Fibre to The Home တကယ်ရတော့မလား??

September 3rd, 2008

MMITpro ကဖတ်မိတဲ့ သတင်းအရ ရန်ကုန်မှာ Fibre to The Home ( FTTH ) တွေကို မကြာခင်မှာ ချပေးတော့မယ်လို့ သိရပါတယ်။ ဒီသတင်းသာ မှန်ခဲ့ရင်တော့ ၀မ်းသာစရာပါပဲ။ FTTH ဆိုတာ ADSL လို Phone Line ကနေ မဟုတ်ပဲ Fibre Optic Cable ကို သုံးတဲ့အတွက် ပိုပြီး မြန်ပါတယ်။ Copper Wire လိုမျိုး အပြင်က noice မရှိတဲ့အတွက် data transfer rate က သာမာန် ADSL ထက် အဆပေါင်းများစွာ data ကို transmit လုပ်လို့ရပါတယ်။

Read more…

Author: Rapster88 Categories: News Tags: , ,

Google Goes Into Browser War with Chrome!

September 3rd, 2008

Just now Google released it’s New Web Browser called “Chrome” .Obviously, it’s in beta. The current version is 0.2.149.27 . Oh btw, it is not joke. It’s neither Google’s or my joke. It’s serious. I’ve been waiting since I read about Chrome on Google’s Blog.

Read more…

Firefox 3 Sets the World Record!

July 3rd, 2008

ဇွန်လ ၁၇ ရက်နေ့က စပြီးတော့ ဖြန့်လိုက်တဲ့ Firefox 3 က ၂၄ နာရီအတွင်းမှာ Download အများဆုံးဆိုတဲ့ Guinness World Record တင်သွားခဲ့ပါတယ်။ ၁၇ ရက်နေ့ UTC 18:16 မိနစ်ကနေ ၁၈ရက်နေ့ 18:16 မိနစ်အထိ အချိန် ၂၄ နာရီ အပိုင်းအခြား အတွင်းမှာ Download ပေါင်း ၈သန်း ၂ ထောင် နဲ့ ငါးရာ့သုံးဆယ် ရှိခဲ့ပါတယ်။ Detail Here on Spread Firefox

မြန်မာပြည်ကနေ Download ၄ ထောင် ကျော်ရှိခဲ့ပါတယ်။ ကျွန်တော် အဲဒီညက Download ရဖို့ ထိုင်စောင့်နေတာ မနက် ၄ နာရီလောက်မှ အိပ်ဖြစ်ပါတယ် :D ။ Release လုပ်ခါနီးမှာ Firefox Server တွေ overloaded ဖြစ်သွားလို့ အချိန် ၁ နာရီလောက် အနောက်ကိုဆုတ် လိုက်ရပါတယ်။ News on CNet

Congratulations on Guinness World Record!! :)

MySM is FREE now!

February 21st, 2008

My Myanmar Unicode ကို ထုတ်လုပ်တဲ့ Technomation Studios ရဲ့ Product ဖြစ်တဲ့ MySM ဆိုတာ Mobile ဖုန်းတွေမှာ မြန်မာစာနဲ့ SMS ပို့နိုင်အောင် လုပ်ထားတဲ့ Mobile Application ပါ။

အခုတော့ အဲဒီ MySM ကို Technomation Studios ကနေ အခမဲ့ ဖြန့်ချီပေးလိုက်ပါပြီ။ အသေးစိတ်ကို ဒီမှာ ဖတ်နိုင်ပါတယ်။ Free ဖြန့်ပေးတာကို အသုံးပြုပြီးလို့ သဘောကျတယ် နှစ်ခြိုက်တယ်လို့ ခံစားရလို့ Technomation Studios ကို အခကြေးငွေ ပေးချင်တယ်ဆိုရင်လဲ ပေးလို့ရပါတယ်(ငွေ ammount မသတ်မှတ်ထားပါဘူး) ။ ဒီလို ရရှိလာတဲ့ ငွေများကိုလဲ မြန်မာ တပြည်လုံးမှာရှိတဲ့ မိဘမဲ့ကလေးများအတွက် ရည်စူးပြီး လှူဒါန်းသွားမယ်လို့ သိရ ပါတယ်။

MySM ကို ဒီနေရာမှာ Download ၀င်လုပ်လို့ရပါတယ်။ Download လုပ်ပြီးတဲ့ Jar file ကို ကိုယ့်ရဲ့ Mobile ထဲကို ရွှေ့ပြီး Install လုပ်နိုင်ပါတယ်။ Mobile ကနေ Internet Access ရှိရင်တော့ wap.messx.net ကို ၀င်ပြီး MySM ကို Install လုပ်လို့လဲ ရပါတယ်။

Author: Rapster88 Categories: Mobile, News Tags:

Windows Vista SP1 and Windows XP SP3 Official Release Date.

February 10th, 2008

လွန်ခဲ့တဲ့ Feb 4 ရက်နေ့မှာ Windows Vista ရဲ့ Service Pack အသစ်ဖြစ်တဲ့ Service Pack 1 ကို RTM အဖြစ်နဲ့ ထုတ်ဝေခဲ့ပါတယ်။ RTM ဆိုတာက Release To Manufactures ဖြစ်ပြီး Sony, HP, Toshiba တို့လို OEM Computer ထုတ်လုပ်သူတွေအတွက် ထုတ်ပေးတဲ့ Version ဖြစ်ပါတယ်။

ဒါ့အပြင် Microsoft ရဲ့ ထုတ်ပြန်ချက်အရ Vista Service Pack 1 RC2 (Refresh) က RTM နဲ့ အတူတူပါပဲလို့ သိရပါတယ်။

Official Release ကို Vista SP1 အတွက် February 18th or 19th နဲ့ XP SP3 အတွက် March 23rd or 24th လို့ သတ်မှတ်ထားပါတယ်။

လက်ရှိအချိန်မှာ မစောင့်နိုင်ပဲ RTM ကို Update လုပ်ချင်ရင်တော့ ဒီနည်းကို ဖတ်ပြီး Windows Live Update ကို Hack လုပ်လို့ရပါတယ်။ (ဒီနည်းက အချိန် သိပ်ကြာနိုင်ပါတယ်။)

Author: Rapster88 Categories: News, OS Tags:

Microsoft Extends Second Shot till June 30, 2008!

January 30th, 2008

မနှစ်က စက်တင်ဘာလမှာ စပြီး ပေးခဲ့တဲ့ Microsoft ရဲ့ Second Shot အခွင့်အရေးဟာ ၂၀၀၈ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ သက်တမ်း တိုးပေးလိုက်တယ်လို့ အကြောင်းကြားစာအရ သိရပါတယ်။

Second Shot ဆိုတာက Microsft ရဲ့ မည့်သည့် Certification Exam မှာ တစ်ကြိမ်ဖြေလို့ မအောင်ပဲ ကျသွားခဲ့ရင် နောက်ထပ် တစ်ကြိမ်ကို စာမေးပွဲကြေး ထပ်မံသွင်းစရာ မလိုပဲ Free ထပ်ဖြေခွင့် ပေးတဲ့ အခွင့်အရေးကောင်း တစ်ခုဖြစ်ပါတယ်။

ဒီနေရာကို နှိပ်ပြီး Register လုပ်နိုင်ပါတယ်။ ဒါမှမဟုတ် ရန်ကုန်မှာရှိတဲ့ Prometric Exam Center တွေဖြစ်တဲ့ GlobalNet နဲ့ Myanmar Inspiration မှာလဲ Register လုပ်နိုင်ပါတယ်။

Author: Rapster88 Categories: News Tags:

ဒီရက်ပိုင်း SMS ပို့လို့မရ ဖြစ်နေပါသလား?? ဒီလိုလုပ်ပါ။

December 15th, 2007

ဒီရက်ပိုင်းမှာ ရန်ကုန်က GSM ဖုန်းအချို့ SMS ပို့လို့ မရတာ ဖြစ်နေပါတယ်။ +9595920003 Service Center ကို သုံးနေတဲ့ ဖုန်းတွေက ပို့မရတာပါ။ +9595910003 လို့ ပြောင်းလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ်။ :)

Thanks to Ko ZeroTrash for testing sms with me.

Author: Rapster88 Categories: News, Tips Tricks and Tweaks Tags:

Reliability & Performance Update for Vista

December 13th, 2007

Windows Vista အတွက် Performace Update အသစ်တစ်ခုကို Microsoft က ဒီဇင်ဘာ ၁၀ ရက်နေ့က Release လုပ်ပေးခဲ့ပါတယ်။ Hibernate/sleep လုပ်တဲ့အခါမှ တစ်ခါတစ်လေ ဖြစ်တတ်တဲ့ ပြဿနာရယ်၊ Laptops တွေမှာ Battery အစားသက်သာအောင် Hardisk လည်ပတ်မှုကို လျှော့ချပေးနိုင်တာရယ် နောက်တစ်ခုကတော့ File တွေကို Copy/move/delete လုပ်တဲ့အခါ အရင်ထက် ၁၅ % ပိုပြီး မြန်ဆန်အောင် လုပ်ပေးထားတယ်လို့ သိရပါတယ်။ Download size က 2.47 MB ပဲရှိပါတယ်။ Download လုပ်ဖို့အတွက် Genuine Check လဲ လုပ်ဖို့မလို ပါဘူး။ Install လုပ်ပြီးရင်တော့ Restart တစ်ခေါက်ချပေးရပါတယ်။

File Name: Windows6.0-KB943899-x86.msu
Version: 943899
Knowledge Base (KB) KB943899
Date Published: 12/10/2007
Language: English
Download Size: 2.5 MB

Author: Rapster88 Categories: News, Tips Tricks and Tweaks Tags:

Windows Vista Pirated Users, Get ready to get another crack!

December 7th, 2007

Windows Vista SP1 က အခုဆိုရင် RC (Release Candidate) အဆင့်ထိ ထွက်လာပါပြီ။ Bug Fix, Performance Boost တွေနဲ့ ဒီနှစ်ကုန်၊ ၂၀၀၈ နှစ်ဆန်းမှာ ထွက်လာမယ့် Vista Service Pack 1 မှာ အခု လက်ရှိသုံးနေကြတဲ့ Timer Crack နဲ့ OEM Bios Patch(One click crack) တွေကို အလုပ်မလုပ်အောင် ပြုပြင်ထားမယ်လို့ Microsoft က သတင်းထုတ်ထားပါတယ်။ Windows Vista က Windows XP ထက် အဆင့်မြင့်မြင့် ထွက်လာခဲ့ပေမယ့် Pirate Version ကို Genuine ဖြစ်အောင် crack လုပ်တဲ့အပိုင်းမှာတော့ Windows XP ထက် အများကြီးပိုလွယ်တာကို Crack ကိုယ်တိုင်လုပ်ဖူးတဲ့ သူတိုင်း အသိပါပဲ။ Vista ကို တစ်ခါ crack လိုက်ရင် XP လို ခဏခဏ crack တွေ product key တွေ လိုက်ပြောင်းစရာမလိုတော့ပါဘူး။

OEM Bios Patch (one click crack) ဆိုတာက Windows Vista ရဲ့ System file အချို့နဲ့ Mother Board ရဲ့ Bios ကို Modify လုပ်ပြီး “Asus, Toshiba, Dell, ..etc” တို့လို OEM Manufacturer တွေရဲ့ စက်တွေမှာပါတဲ့ Pre-Installed OS တွေလို အယောင်ဆောင်ပြီး Genuine Windows ဖြစ်အောင် လုပ်တဲ့ crack ပါ။ Timer Crack က တော့ Vista က Activate မလုပ်ပဲ ၁ လ အစမ်း (Trial) ပေးသုံးတာကို အခွင့်ကောင်းယူပြီး Trail time ကို 2099 ခုနှစ်ထိ ရောက်အောင် ရွှေ့ထားတဲ့ သဘောပါ။ (ဒီ crack ကိုတော့ ကျွန်တော် မသုံးဖူးလို့ သေချာမသိပါဘူး။)

Windows က Genuine (အစစ်) ဖြစ်တော့ ဘာတွေ ထူးသလဲလို့ မေးချင်ရင် မေးကြမှာပေါ့။ ဘာထူးသလဲဆိုတော့ Genuine ဖြစ်နေတဲ့ Windows က Microsoft Windows Update ကနေ ထုတ်တဲ့ Windows Update တွေကို Install လုပ်လို့ရပါတယ်။ Windows Update တွေတင်တော့ ဘာထူးလဲဆိုတော့ Security ပိုကောင်းလာပါတယ်၊ Bug Fix တွေနဲ့ Performance ကောင်းအောင် လုပ်တာတွေ ထူးလာပါတယ်လို့ ပြောရမှာပေါ့။ အခုနောက်ပိုင်းဆိုရင် Windows Media Player 11 နဲ့ IE 7 က Windows Genuine ဖြစ်မှ Install ပေးလုပ်တာမျိုးတွေ လုပ်လာပါတယ်။
Window XP မှာဆိုရင် Windows Genuine Advantage (WGA) လိုခေါ်တဲ့ anti-piracy system လေးက Windows Genuine မဖြစ်ရင် တဂျီဂျီ ပြဿနာပေးတတ်ပါတယ်။

ဘယ်လိုပဲ ပြောပြော.. Microsoft ကလဲ သူ့အကြောင်းတော့ သူသိပါတယ်။ Windows Vista ကို 2006 နိုဝင်ဘာ ၈ရက် မှာ RTM Version ထွက်ပါတယ်။ 2007 ဒီဇင်ဘာမှာ Dr. Chan ဆိုတဲ့ ပထမဦးဆုံး vista crack စပြီး ထွက်လာပါတယ်။ 30th January 2008 မှာတော့ Official Retail ကို အပီအပြင် ထုတ်ခဲ့ပါတယ်။ အဲဒါပြီး သိပ်မကြာပါဘူး.. တစ်လ၀န်းကျင်လောက်မှာပဲ Timer Crack နဲ့ OEM Crack ရှေ့ဆင့်နောက်ဆင့် ထွက်လာခဲ့တာကို ကြည့်ရင် အခုထွက်မယ့် SP1 လဲ ဘယ်လောက်ခံမလဲဆိုတာ သိနိုင်ပါတယ်။

ဒီတော့ Pirated OS user တွေက ရွေးစရာ တစ်လမ်းပဲရှိပါတယ်။ SP1 Official release ထွက်ရင် install မလုပ်သေးပဲ crack ထွက်လာတဲ့အထိ စောင့်နေပြီး crack ထွက်လာမှ SP1 ကို install လုပ်ဖို့ပါပဲ။ SP1 မှာကလည်း စိတ်ဝင်စားစရာ performance boost such as improving network speed လိုမျိုးတွေပါနေတော့ စမ်းချင်နေတဲ့လူတွေတော့ ခဏ အောင့်ထားပါဦးလို့ပဲ ပြောရမှာပါပဲ။

Author: Rapster88 Categories: Article, News Tags: