လွန်ခဲ့တဲ့ Feb 4 ရက်နေ့မှာ Windows Vista ရဲ့ Service Pack အသစ်ဖြစ်တဲ့ Service Pack 1 ကို RTM အဖြစ်နဲ့ ထုတ်ဝေခဲ့ပါတယ်။ RTM ဆိုတာက Release To Manufactures ဖြစ်ပြီး Sony, HP, Toshiba တို့လို OEM Computer ထုတ်လုပ်သူတွေအတွက် ထုတ်ပေးတဲ့ Version ဖြစ်ပါတယ်။
ဒါ့အပြင် Microsoft ရဲ့ ထုတ်ပြန်ချက်အရ Vista Service Pack 1 RC2 (Refresh) က RTM နဲ့ အတူတူပါပဲလို့ သိရပါတယ်။
Official Release ကို Vista SP1 အတွက် February 18th or 19th နဲ့ XP SP3 အတွက် March 23rd or 24th လို့ သတ်မှတ်ထားပါတယ်။
လက်ရှိအချိန်မှာ မစောင့်နိုင်ပဲ RTM ကို Update လုပ်ချင်ရင်တော့ ဒီနည်းကို ဖတ်ပြီး Windows Live Update ကို Hack လုပ်လို့ရပါတယ်။ (ဒီနည်းက အချိန် သိပ်ကြာနိုင်ပါတယ်။)
Mircrosoft ကနေ Windows Vista အတွက် update ဖြစ်တဲ့ Service Pack 1 (RC) ကို public ကို စမ်းသပ်ဖို့ ထုတ်ဝေလိုက်ပါပြီ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က Public ကို မချပေးသေးတဲ့ အတွက် Windows Update ကို Registry Tweak လုပ်ပြီးတော့ SP1 Update ကို ရအောင် လုပ်ခဲ့ပါတယ်။ အခုကတော့ Official Direct Links တွေဖြစ်လို့ ဘာမှလုပ်စရာမလိုပဲ Download လုပ်ပြီး Install ရုံပါပဲ။
Install မလုပ်ခင်မှာ ဘာတွေကို သတိထားပြီး သိသင့်လဲ ဆိုတာကိုလဲ Microsoft က Document တစ်ခုလုပ်ထားပေးပါတယ်။ အခုထုတ်တဲ့ RC ဟာ အချိန်သတ်မှတ်ထားတဲ့ (Time Limited) update ပါ။ June 30, 2008 ထိပဲ သက်တမ်းထုတ်ပေးထားပါတယ်။ (အဲဒီအချိန်ဆိုရင် Final Release ထွက်လောက်ပါပြီ) နောက်ပြီး RC ကို တင်လိုက်ရင် Screen ရဲ့ ညာဖက် ထောင့်နားမှာ “Evaluation Copy” ဆိုတာလေး ပေါ်လာမှာ ဖြစ်ပါတယ်။ ဒါဟာ ကိုယ့်ရဲ့ စက်က Activate လုပ်ထားတာ ပျက်သွားတာ မဟုတ်ပဲ SP1 RC ကပဲ “Evaluation Copy” ဖြစ်တယ်လို့ Microsoft က Install မလုပ်ခင်မှာ ဘာတွေကို သတိထားပြီး သိသင့်လဲ ဆိုတဲ့ document ထဲမှာ ရေးထားပါတယ်။ Windows အစစ်ကို Activate လုပ်ထားတဲ့ (Genuine) တွေသာ ဒီ RC ကို သုံးလို့ ရမယ်လို့လဲ ရေးထားပါတယ်။ အသေးစိတ်ကိုတော့ အဲဒီ doc ထဲမှာ ဖတ်ကြည့်လိုက်ပါ။
သတိ။ ။ RC = Release Candidate ဆိုတာ Final Version မဟုတ်သေးတဲ့အတွက် Bug ပါနိုင်ပါသေးတယ်။ အလုပ်လုပ်နေတဲ့ စက်တွေမှာ မစမ်းသပ်ဖို့ Microsoft ကလဲ မှာထားပါတယ်။ ကိုယ့်သဘောနဲ့ ကိုယ်သာ လုပ်ကြပါလို့ ကျွန်တော်က ထပ်ပြောလိုပါတယ်။
Source: MyDigitalLife.info
Microsoft Virtual PC က VMWare လိုပဲ Virtualization နည်းပြညာ ကို အသုံးပြုထားပြီး Windows Operation System တစ်ခုပေါ်မှာ Virutally နည်းအရ နောက်ထပ် OS တစ်ခု ကို Run လို့ရအောင် ပြုလုပ်ပေးနိုင်တဲ့ Tools တစ်ခုပါ။ Virtual PC က ဘာ အားသာချက်ရှိလဲ ဆိုတော့ OS နှစ်ခုကို တစ်ခုနဲ့ တစ်ခု အရှုပ်အထွေးမရှိ (not affect) မဖြစ်ပဲ တပြိုင်ထဲမှာ သုံးလို့ရတာပါပဲ။ ဥပမာ အနေနဲ့ပြောရရင် – အခု ကျွန်တော်က Windows Vista ပေါ်မှာ IIS 7 နဲ့ ASP.NET Web Application တွေရေး ပါတယ်။ Ruby On Rails ဆိုတာကိုစမ်းချင်တယ်ဆိုရင် Apache Web Server ကိုတင် ရမယ် နောက်ပြီး MySQL လဲတင်ရမယ် ဒါဆို IIS ဒါမှမဟုတ် Apache မှာ port ကို သွားပြီး ပြောင်းပေးရပါမယ်။ အဲဒီလို မပြောင်းချင်လို့ Virtual PC ကို Microsoft ကနေ Free Download လုပ်ပြီး Windows XP ကို install လုပ်ထားလိုက်တဲ့ အခါ အဆင်ပြေသွားပါတယ်။
နောက်နေ့မှာ Virtual PC နဲ့ Windows XP ဘယ်လို တင်ရလဲ ဆိုတာကို ရေးပြီးတင်ပါမယ်။
Download Microsoft Virtual PC
Vista စပြီး သုံးခါစကတော့ Windows တွေ ကို minimize n maximize လုပ်ရင် ကြည့်လို့ကောင်းပါတယ်။ နောက်ပိုင်း သုံးတာကြာလာတဲ့ အခါ အဲဒီ aero effect က file browsing ကို အချိန်နှေးစေတယ်ဆိုတာကို သိလာ တယ်။ ဘယ်လို ပိတ်မလဲ?? Read below
၁။ Windows Key + R နှိပ်ပြီး Run တက်လာရင် SystemPropertiesPerformance လို့
ရိုက်ထည့် ပြီး Enter ခေါက်လိုက်ပါ။
၂။ Performance Options ဆိုတာ တက်လာရင် Visual Effects Tab ထဲမှာ “Animiate windows
when minizing and maximizing” ဆိုတာကို un-check လုပ်လိုက်ပြီး OK နှိပ်လိုက်ရုံ ပါပဲ။

source: Tweak Vista

Windows Vista ရဲ့စိတ်ညစ်စရာ များထဲက တစ်ခုကတော့ Network Connections ကို Manage လုပ်ဖို့အတွက် Windows XP မှာလို တိုက်ရိုက် သွားလို့မရပဲ Network and Sharing Center ဆိုတာကြီးကို ဖြတ်ပြီးတော့မှ ၀င်လို့ရတယ်။ IP Address တွေ Gateway တွေ ခဏခဏ ပြောင်းတတ်တဲ့လူတွေ အတွက်(Advance Users) ဆိုရင် စိတ်ညစ် စရာပါ။ ကျွန်တော်လဲ စိတ်ညစ်လို့ရှာကြည့်တော့ ဒီလိုလုပ်လို့ရတယ် ဆိုတာကိုတွေ့တယ်။ အောက်မှာ ဖတ်ပါ
။
၁။ Desktop ပေါ်မှာ Right Click > New > Shortcut လုပ်ပါ။
၂။ explorer.exe ::{7007ACC7-3202-11D1-AAD2-00805FC1270E} ကိုကူးပြီး ထည့်။
၃။ Next နှိပ် Network Connections လို့နာမည်ပေးလိုက်။ ဒါဆိုရင် Desktop ပေါ်မှာ ShortCut
ပေါ်လာပါပြီ။ အဲဒါကိုမှ Quick Lunch ထဲကို ဆွဲထည့်ထားလိုက်ရင် တော်တော်ကိုအဆင်ပြေပြီ။
source: Tweak Vista