Archive

Archive for the ‘Proxy’ Category

MPT’s Proxies for Indian ADSL

January 3rd, 2008

ဒီပို့စ်ကို Cbox ထဲက “ကိုရဲ” က MPT ရဲ့ Proxy တွေကို ပြောပြပေးပါ ဆိုလို့ ဒီ post ကို တင်ပေးလိုက်ပါတယ်။ MPT ADSL မှာက ၂ မျိုးရှိပါတယ်။ Korea လိုင်းနဲ့ India လိုင်း ဆိုပြီးတော့ပါ။ Korean လိုင်းအတွက် Proxy က တစ်ခုပဲ ရှိပေမယ့် India လိုင်းအတွက်ကတော့ ကျွန်တော်သိသလောက် ၆ ခုလောက်ရှိပါတယ်။ အောက်မှာ ကြည့်လိုက်ပါ။

Korea လိုင်းအတွက်

- 203.81.64.34
- 203.81.66.14 ( အရင်က ဒါကို သုံးလို့ရပေမယ့် အခုနောက်ပိုင်း မရတော့တာ ကြာပါပြီ )

India လိုင်းအတွက်

- 203.81.80.81
- 203.81.80.82
- 203.81.80.83
- 203.81.80.84
- 203.81.80.85
- 203.81.72.200
- ygncache.mpt.net.mm

India လိုင်းအတွက်က နောက်ထပ် proxy တွေ ရှိသေးပုံရပါတယ်။ ကျွန်တော်က Bagan ADSL ပေါ်မှာဖြစ်နေလို့ အကုန်လုံးကို မသိနိုင်တာပါ။ နည်းစပ်ရာ MPT ADSL သုံး Cyber Cafe တွေမှာ တီးခေါက် ကြည့်ရင် ထွက်လာနိုင်ပါတယ်။

India လိုင်း proxy တွေကို ပြောပြခဲ့တဲ့ မသက်ထားနဲ့ ကို gclatt ကို ကျေးဇူးတင်ပါတယ်။

Author: Rapster88 Categories: Proxy, Tips Tricks and Tweaks Tags:

How to avoid Rapidshare download limit easily??!

November 20th, 2007

Yes, I mean “easily” and this method is only for Bagan Cybertech Users.

တစ်ခါတစ်လေ အရေးကြီးတဲ့အခါမှ Rapidshare က Free download limit ပြည့်နေလို့ 1mb တောင် မပြည့်တဲ့ file ကို download လို့ မရပဲ အချိန်အကြာကြီး ထပ်စောင့်ခိုင်းတာမျိုး ဖြစ်ဖူးကြမှာပါ။ ဘာလို့ အဲဒီလို ဖြစ်လဲဆိုတော့ Rapidshare က Free download လုပ်ရင် IP နဲ့ Log လုပ်တတ်ပါတယ်။ IP တစ်ခုက တစ်ကြိမ်မှာ file တစ်ဖိုင်ကိုပဲ download လုပ်ခွင့်ပေးတာပါ။ ကိုယ်က download မလုပ်ရသေးပဲ Rapidshare က စောင့်ခိုင်းနေတဲ့သဘောက Bagan Cyber Tech က Proxy Server ကိုသုံးပြီး Outbound IP တွေကို Share သဘောမျိုးနဲ့ လုပ်ထားလို့ပါ။ ဒီတော့ တစ်ခြားတစ်ယောက်နဲ့ ကိုယ်က ပြည်တွင်း IP မတူပေမယ့် ပြည်ပ IP တူနေတော့ သူက download လုပ်ရင် ကိုယ်က လုပ်မရဖြစ်တာပါ။

ဒါပေမယ့် အဲဒီ Bagan Cyber Tech ရဲ့ Proxy တွေကိုပဲ အသုံးချပြီး IP ပြောင်းပြီး Download Limit ကို အလွယ်တကူ ဖြတ်လို့ရပါတယ်။ လုပ်နည်းကို အောက်မှာ ဖတ်ကြည့်လိုက်ပါ :)

၁။ ဒီမှာ Bagan ရဲ့ Proxy တွေကို ဘယ်လိုရှာကြည့်ရလဲ ဆိုတာကို အရင်ဖတ်လိုက်ပါ။

၂။ လုပ်နည်းက ဒီလို – ဥပမာအားဖြင့် ကျွန်တော်က Proxy 203.81.71.234 နဲ့ Download လုပ်ဖို့ကြိုးစား တယ်ထားပါတော့ မရဘူးဆိုရင် Proxy ကို နောက်တစ်ခုကို ပြောင်းလိုက်ပါ (eg. 203.81.71.237)။ ဒီအခါ အပြင် IP က ပြောင်းသွားပြီး Download လုပ်လို့ ရသွားပါလိမ့်မယ်။ မရသေးရင် နောက်တစ်ခုကို ထပ်ပြောင်းပါ။ ပြောင်းပြီးရင် Page ကို Refresh လုပ်လိုက်ပါ။

၃။ Proxy ကို Firefox နဲ့ IE မှာ ပြောင်းတဲ့ Step တွေပါ။ Proxy ပြောင်းတာကို ဒီထက် လွယ်လွယ်ကူကူပြောင်းချင်ရင် Firefox အတွက် ဒီကိုဝင်ပြီး IE အတွက် ဒီကို ၀င်ဖတ်ကြည့်ပါ။

Firefox
Go to Tools > Options > Advanced > Network > Settings

IE
Go to Tools > Internet Options > Connections > Lan Settings (or Select Dialup Connection > Settings)

ဒါဆိုရင် Download ပြဿနာ အဆင်ပြေသွားမှာပါ။ Bagan က Proxy ၉ ခု (ဒီထက်မက ရှိပါသေးတယ် ;) ) ကို လှည့်ပတ်ပြီး ကြိုးစားကြည့်ပါ။ ဒါမှ မရသေးဘူးဆိုရင် Freedom or Ultra Surf တို့ သုံးပြီး IP ထပ်ပြောင်း လို့ရပါသေးတယ်(Ultra Surf အကြောင်း ဒီမှာဖတ်ပါ)။ ဒီလောက် လုပ်တာတောင်မှ Download မရရင်တော့ ကံသိပ်ဆိုးတဲ့နေ့ လို့သာ မှတ်ပြီး နောက်မှ ထပ်လုပ်ပါတော့ :D ။ MPT က user တွေကတော့ UltraSurf or Freedom ကိုပဲ သုံးပြီး proxy ပြောင်းလို့ရပါမယ်။ MPT မှာအရင်က သုံးလို့ရတဲ့ Proxy ၂ ခု ရှိပေမယ့် အခုတော့ တစ်ခုပဲ ရပါတော့တယ်။

Author: Rapster88 Categories: Proxy, Tips Tricks and Tweaks Tags:

PkBlogs.com back into action!

November 15th, 2007

Pkblogs.com ဆိုတာ Blogs တွေကို ဘန်းထားတဲ့ တိုင်းပြည်တွေမှာ Blog တွေကို ကြည့်လိုရအောင် လုပ်ထားတဲ့ Tunnel Service ပါ။ Kproxy လိုမျိုးပါ။ ဒါပေမယ့် Blogspot သီးသန့်ပါပဲ။ ဟိုတစ်လောက ဒီမှာ Blogspot ကို ဘန်းလိုက်တုံးက ဒီ Service ကို ၀င်ပြီး စမ်းကြည့်ခဲ့တုန်းက အလုပ်မလုပ်ပဲ ရပ်နေပါတယ်။ အခုတော့ ကောင်းသွားပါပြီ။ သုံးရတာ မြန်ပြီး လွယ်ပါတယ်။ PKBlogs.com ထဲကို ၀င်ပြီး box ထဲမှာ blog id ကို ရိုက်ထည့်ပေးလိုက်ရုံပါပဲ။ ဒါမှမဟုတ်လဲ “http://www.pkblogs.com/yourblogidhere” လို့ browser addressbar ကနေ တိုက်ရိုက် လှမ်းခေါ် ပြီး သုံးလို့ရပါတယ်။

Author: Rapster88 Categories: Proxy, Useful Websites Tags:

IE ကို ပိုကောင်းအောင် လုပ်ပေးတဲ့ IE Pro

October 30th, 2007

IE Pro ဆိုတာ Internet Explorer အတွက် Addon တစ်ခုပါ။ Complete Addon လို့လဲပြောလို့ရပါတယ် ဘာလို့လဲဆိုတော့ IE Pro မှာ Proxy Switch, AD Block, User Scripts, Spell Check, Inline Search, Crash Recovery, Plugins, Mouse Gustures စတဲ့ အမျိုးမျိုးသော Features တွေပါလို့ပါ။ IE 6 ရော 7 မှာ အလုပ်လုပ်ပါတယ်။ ကျွန်တော်ကြိုက်တဲ့ Features တွေကတော့ Proxy Switch နဲ့ AD Block ပါပဲ။ Proxy Switch က Firefox Extension “Switch Proxy” လိုမျိုး အလုပ်လုပ်ပြီး AD Block ကတော့ Page တွေပေါ်က မလိုအပ်တဲ့ ကြော်ညာတွေကို ဖျောက်ထားပေးနိုင်တဲ့အတွက် မျက်စိနောက်သက်သာပြီး Page Load ပိုပြီးမြန်စေပါတယ်။ Install လုပ်ပြီးသွားတဲ့အခါမှာ IE ရဲ့ ညာဖက် အောက်နားလေးမှာ “e” ဆိုတဲ့ အစိမ်းရောင်လေး ပေါ်နေမှာပါ။ Right Click နှိပ်ပြီး လိုအပ်တဲ့ settings ကို ပြင်ပေးလို့ရပါတယ်။

Proxy List ကိုပြင်ချင်ရင်တော့ “e” ပေါ်မှာ right click နှိပ်ပြီး Proxy > Edit Proxy List.. ရွေးလိုက်ပါ။ proxy address နောက်မှာ port ကို : ခံပြီးထည့်ပေးရပါတယ် (ဥပမာ Bagan ရဲ့ 237 proxy ကို သုံးချင်ရင် 203.81.71.237:8080 လို့ထည့်ပေးရပါတယ်) ။ ပြီးရင်တော့ သုံးချင်တဲ့ proxy ကို ရွေးပေးထားလိုက်ရုံပါပဲ။

ဘာပဲပြောပြော ကျွန်တော်ကတော့ Firefox ပဲကြိုက်ပါတယ်။ Firefox ကပိုပြီးမြန်ပြီးပေါ့ပါတယ်။ IE Pro မှာ ရှိတဲ့ features တွေ အကုန်လုံးကိုလည်း Firefox Extensions တွေက လိုက်လုပ်နိုင်ပါတယ်(IE Pro လိုတော့ စုစုစည်းစည်းမဟုတ်ဘူးပေါ့)။ Firefox ရဲ့ Switch Proxy အကြောင်းကို ဖတ်ချင်ရင် ဒီမှာဖတ်ပါ။

> Download IE7 Pro
>> IE7 Pro Homepage

Proxy တွေကို အလွယ်တကူ ပြောင်းလို့ရတဲ့ Switch Proxy

October 25th, 2007


Switch Proxy က Firefox ရဲ့ အသုံးဝင်တဲ့ extension တစ်ခုပါ။ Proxy တွေအများကြီးကို ခဏခဏ ပြောင်းပြီးသုံးနေရတယ်ဆိုရင် ဒီ extension ကို သုံးဖို့သင့်ပါတယ်။ ဥပမာအားဖြင့် Bagan ရော MPT မှာပါ Proxy တွေအများကြီးရှိပါတယ်။ Bagan ရဲ့ proxy တွေကလဲ ခဏခဏ ဒေါင်းတတ်ပါတယ် ခဏခဏကို ပြောင်းသုံးရတယ်။ ဒါ့အပြင် YourFreedom နဲ့ UltraSurf လို bypass လုပ်တဲ့ application တွေကလဲ proxy ကို လိုက် ပြောင်းပေးရပါတယ်။ ပုံမှန်ဆိုရင်တော့ Firefox ထဲက Tools > Options > Advanced > Network > Setting ထဲဝင်ပြီး proxy ကို ပြောင်းပေးရပါတယ်။ Switch Proxy ကိုသုံးပြီးတော့ အလွယ်တကူ ပြောင်းလို့ရတာကို အောက်မှာ ဖတ်ကြည့်ပါ.. ;)

၁။ Switch Proxy ကို ဒီမှာ ၀င်ပြီး Install လုပ်ပါ။ (Install ပြီးရင် Firefox ကို restart ချရပါတယ်)
၂။ Firefox ပြန်တက်လာရင် Address Bar အောက်မှာ Switch Proxy Toolbar ပေါ်နေပါပြီ။
၃။ “Add” ကို ကလစ်နှိပ်ပါ။
၎။ Select Proxy Type မှာ “Standard” လို့ပဲရွေးပြီး “Next >>” ကိုနှိပ်ပါ။

၅။ Proxy Label ကိုအဆင်ပြေတဲ့နာမည်ပေးပြီးအောက်မှာ Proxy တွေကို ထည့်ပေးပါ။ (အဓိကက HTTP,SSL,FTP ပါ) ပြီးရင် OK နှိပ်ပါ။(ပုံက ultrasurf proxy ကိုဥပမာပြထားပါ)

၆။ ဒါဆိုရင် အောက်မှာပြထားတဲ့ပုံလိုမျိုး List ထဲမှာ Proxy တွေ ၀င်လာပါပြီ။ ကိုယ်သုံးချင်တဲ့ Proxy ကိုရွေးပြီး “Apply” ကိုနှိပ်လိုက်ရုံပါပဲ။

မှတ်ချက်။ Switch Proxy ရဲ့ bug ကြောင့် တစ်ခါတစ်လေ Firefox crash ဖြစ်ရင် Proxy တွေ အကုန်ပျောက်သွားတတ်ပါတယ်။ (ဒါပေမယ့် ဖြစ်ခဲပါတယ်)
IE မှာ Proxy အလွယ်တကူ ပြောင်းချင်ရင် ဒါကိုဖတ်ပါ။

Author: Rapster88 Categories: Firefox, Proxy, Tips Tricks and Tweaks Tags:

Your Freedom ထက်ပိုမြန်တဲ့ Ultra Surf

October 24th, 2007

Your Freedom (YF) ကိုတော့ တော်တော်များများ သိကြပါတယ်။ Banned လုပ်ထားတဲ့ site တွေ port အပိတ်ခံရတဲ့ application တွေကို YF သုံးပြီး Firewall ကိုကျော်ထွက်လို့ရပါတယ်။ Your Freedom application က free ဆိုပေမယ့် limit တွေရှိပါတယ်။ Uplink/Downlink ကို 64Kbps သတ်မှတ်ထားတဲ့အတွက် connection speed 64kbps အောက်ပဲရှိတဲ့ Dialup Users တွေအတွက်ကတော့ အဆင်ပြေပေမယ့် BroadBand, ADSL လို connection မျိုးကတော့ 64kbps ကြောင့် ရသင့်တဲ့ connection မရပဲ အ၀ကျဉ်းတဲ့ ပုလင်းမှာ ဆို့နေသလိုနှေးသွားပါတယ်။ အဲဒီလို High Speed user တွေ bandwidth ကိုအပြည့်သုံးချင်ရင် YF Package ကို ပိုက်ဆံထပ်ပေးပြီးဝယ်လို့ရပါတယ်။ ဒါပေမယ့်လဲ ဒီကလူတွေကတော့ Online ၀ယ်ဖို့ဆိုတာအဆင်မပြေပါဘူး။ YF ကို run ဖို့ Java Runtime လဲရှိရပါတယ်။ YF Account ကိုလဲရှိရမယ်။ YF Installer ကလဲ 1Mb ပတ်ဝန်းကျင်မှာရှိပါတယ်။

လွန်ခဲ့တဲ့ လအနည်းငယ်က ကျွန်တော့်အသိ အစ်မကြီးတစ်ယောက်က Ultra Surf (US) ဆိုတဲ့ Tunnel Application ကို သုံးကြည့်ဖို့ပြောပြခဲ့တယ်။ ဒါနဲ့ စမ်းပြီး သုံးကြည့်တော့ US ကအဆင် တော်တော်ပြေပါတယ်။ အဓိက အားသာချက်ကတော့ Bandwidth limit မရှိတဲ့ Feature ပါပဲ။ နောက်တစ်ချက်က Config: လုပ်ရတာ ရှင်းလင်းလွယ်ကူပါတယ်။ Price က FREE ပါ။ သူ့မှာလဲ Limit တစ်ချို့တော့ရှိပါတယ်။ Socks မရတာပါ။ ဒါကလဲ Proxifier လို မျိုးသုံးပြီး socks ပြောင်းလို့ရတယ်။ (နောက်ပြီး socks ကဒီမှာ အသုံးနည်းပါတယ်၊) Website တွေကြည့်ရုံလောက်ပဲ ဆိုရင် US ကိုသုံးရတာကောင်းပါတယ်။ Connection ကောင်းတဲ့အချိန်မှာဆိုရင် US ခံထားရင်တောင် Download Speed က 40-50 kbps ပတ်ဝန်းကျင်ရပါတယ်။ Account ဖွင့်စရာမလိုပါ။ ဘာ Runtime မှမလိုတဲ့အပြင် installer လုပ်စရာလဲမလိုပါ။ File size ကို ကြားရင်ယုံစရာတောင်မရှိပါ ( 106kb ) ပဲရှိပါတယ်။

ဒီတော့ US ကို ဒီမှာ Download လိုက်ပါ။ Home Page ကတော့ ဒီမှာပါ။ Download လုပ်ပြီးလို့ ပထမဦးဆုံးအကြိမ် Run လိုက်ရင် အောက်မှပြထားတဲ့ proxy setting တက်လာပါတယ်။ Auto Detect Proxy နေရာမှာ Proxy address မှန်လားဆိုတာ ကြည့်လိုက်ပါ။ မှားနေရင် “Manual Proxy Setting” ကို ရွေးပြီး ကိုယ်နဲ့သက်ဆိုင်တဲ့ Proxy ကိုထည့်ပေးပါ။ (Bagan user တွေအတွက် proxy တွေကို ဒီမှာ ကြည့်လို့ရပါတယ်။ MPT ဆိုရင်တော့ ကျွန်တော်ပုံမှာ ထည့်ထားတဲ့အတိုင်း ထည့်လိုက်ပါ။). OK ၂ ခါနှိပ်လိုက်ရင် US စပြီး Connect လုပ်ပါတော့မယ်။

ကွန်နက်ရှင် ချိတ်လို့ရသွားပြီ ဆိုရင် Speed Percentage နဲ့ အောက်မှာ အနီနဲ့ ခတ်ပြထားတဲ့နေရာမှာ “Successfully Connected” ဆိုပြီး ပေါ်လာပါမယ်။ ( ၂ ကြိမ်ဖြစ်တတ်ပါတယ်။ Connecting.. ပြန်ဖြစ်သွားတတ်တယ်ပြီးမှ “Successfully Connected” ဆိုတာပြန်ပေါ်လာတယ်။)

ဒါဆိုရင် US အပိုင်းကို ပြီးသွားပါပြီ။ Browser တွေရဲ့ proxy address မှာ localhost နဲ့ port ကို 9666 လို့ပြောင်းပေးလိုက်ရင် စပြီးသုံးလို့ရပါပြီ။ Proxy Address ကိုမပြောင်းတတ်ရင် အောက်မှပြထားပါတယ်။ Proxy တွေကို လွယ်လွယ်ကူကူပြောင်းလို့ရအောင် Firefox မှာ Switch Proxy ဆိုတဲ့ Extension ရှိပြီး IE မှာ IE Pro ဆိုတဲ့ Addon ရှိပါတယ်။(အဲဒီ ၂ ခုအကြောင်းလဲ ထပ်ရေးသွားပါမယ်) ရေးပြီးသွားပါပြီ။ Switch Proxy ကို ဒီမှာဖတ်ပြီး IE Pro ကို ဒီမှာဖတ်ပါ။

Firefox
Go to Tools > Options > Advanced > Network > Settings

IE
Go to Tools > Internet Options > Connections > Lan Settings (or Select Dialup Connection > Settings)

Google Talk
Go to Settings > Connections

Enjoy!!!

Notes: US ကို ဖွင့်လိုက်လို့ IE က auto တက်လာတာမလိုချင်ဘူးဆိုရင် setting ထဲက ပိတ်လို့ရပါတယ်။ ရွှေရောင် သော့ဂလောက်ကြီး ကိုဖျောက်ထားချင်ရင်လဲ setting ထဲမှာပဲပိတ်လို့ရပါတယ်။

Special Thanks to “Ma Thet Htar” for pointing this super cool application :)

Download Ultra Surf

Bypass Banned sites with K Proxy!

October 21st, 2007

Ctunnel, 3proxy, hidemyass, polysolve တစ်ခုမှမကောင်းဘူး :P Gmail ကိုဖွင့်ရင် Full Version (With Ajax) မတက်နိုင်ဘူး HTML version ပဲတက်တယ်။ စာတွေတော့ ပို့လို့ဖတ်လို့ရတယ် ဒါပေမယ့် Chat History ကြည့်လို့ မရပြန်ဘူး။ သူငယ်ချင်းတစ်ယောက်က ပြောပြတယ် Kproxy ကိုသုံးတဲ့ Gmail ကို full version ဖွင့်လို့ရတယ်တဲ့။ စမ်းကြည့်လိုက်တော့ ဟုတ်တယ်ဗျာ.. တကယ်ကို full version နဲ့တက်တယ်။ Yahoo Mail (Beta) လဲဖွင့်လို့ရတယ်။ (But Yahoo Mail will be really slow if you are on slow connection, Gmail is ok. That’s why gmail is much better than Yahoo Mail)

Kproxy က တစ်ခြား bypass site တွေလိုမျိုး cgi script, php script နဲ့မဟုတ်ပဲ Java Servlet နဲ့ရေးထားတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာ Kproxy က account ၀ယ်ခိုင်းတယ်။ Server Overload ဆိုတဲ့ Error လဲတက်တယ်။ ကျန်တဲ့အချိန်မှာတော့ အဆင်ပြေပါတယ်။

Kproxy ရဲ့ address တွေက ဒီမှာပါ။ (အများကြီးပဲ :D )

66.232.118.195, 66.232.118.237, 69.46.17.168, 193.164.132.164, 62.193.236.100, 193.37.152.79, 62.193.235.46, 62.193.226.74, 66.232.118.93, 62.193.236.96, 62.193.245.234, 66.232.117.243, 66.232.102.157, 62.193.249.41, 66.232.118.237

How to use:

လွယ်ပါတယ်။ 66.232.118.195 အဲဒါကို copy ကူးလိုက် ပြီးရင် browser address bar ထဲမှာထည့်ပြီး enter သာခေါက်လိုက်။ဒါပဲ :) ။ Kproxy ကိုပဲ IP တွေက အများကြီးရှိလို့ Comma တွေနဲ့ခံရေးထားတာ။ ကြိုက်တဲ့တစ်ခုကို ယူသုံးလို့ရတယ်။

Special Thanks to my friend “Piyo Piyo” for all those address. :)

Author: Rapster88 Categories: Proxy, Tips Tricks and Tweaks Tags:

Bagan Teleport ရဲ့ Proxy တွေ

October 12th, 2007

Bagan Teleport ကနေ internet connection ယူထားတဲ့သူတွေ နောက်ပိုင်းမှာ connection speed တွေ မြန်လာတာကို သတိထားမိမှာပါ။ Bandwidth တွေ ထပ်တိုးဝယ်လို့ မြန်တယ်လို့လဲ တစ်ချို့က ပြောကြတယ်။ ဒါပေမယ့် Bagan ရဲ့ Proxy တွေက အရမ်းကြီး stable မဖြစ်ပါဘူး။ တစ်ခါတစ်ခါ down သွားတတ်တဲ့ အတွက် နောက်တစ်ခုကို ပြောင်းပြီး သုံးလို့ ရပါတယ်။ Bagan မှာ အသုံးများတဲ့ proxy တွေကတော့ “203.81.71.234, 203.81.71.237, 203.81.71.238 နဲ့ 203.81.71.80″ တို့ပဲဖြစ်ပါတယ်။ ဒါဆိုကျန်တဲ့ proxy တွေကို ဘယ်လို ရှာမလဲ ?? အောက်မှာ ဖတ်ပါ ;)

Press Windows Key + R (or choose start>run)
type “cmd” then press enter
type “nslookup cache.bagan.net.mm” then press enter

Enjoy!!


Author: Rapster88 Categories: Proxy, Tips Tricks and Tweaks Tags: