Archive

Archive for the ‘Reviews’ Category

My new iPod Touch + A little review

February 3rd, 2009

လွန်ခဲ့တဲ့ ၁ ပါတ် တရုတ်နှစ်သစ်ကူး မတိုင်ခင်က ကျွန်တော် iPod Touch 2nd Generation လေး တစ်လုံး ၀ယ်လိုက်ပါတယ်။ Capacity က တော့ 8GB ပါ။ နစ်ကူးအချိန် ငွေဈေးတွေ ကောင်းတုန်းကြုံတာရယ်.. မ၀ယ်ဝယ်အောင် အကြပ်ခံရတာရယ် ပေါင်းပြီးတော့ ၀ယ်ဖြစ်သွားပါတယ်။  အရောင်က ငွေရောင် ၁ မျိုးပဲ ရှိပါတယ်။ 16GB ကိုဆိုရင် 8GB ဈေးထက် နည်းနည်းပဲ ပိုစိုက်လိုက်ရင် ရပေမယ့် တခြား accessories တွေ ၀ယ်ဖို့ကျန်သေးတာနဲ့ 8Gb နဲ့ပဲ ကြေနပ်လိုက်ပါတယ်။

အရင်က iPod Nano 2nd Generation တစ်ခုရှိတော့ iPod ရဲ့အသံထွက်ပိုင်း ကောင်းတာက သိပြီးသားပါ။ အခု Touch မှာက Wifi နဲ့ အင်တာနက် သုံးလို့ရတာက ၀ယ်ဖြစ်ဖို့ အကြီးမားဆုံး ဖိအားတစ်ခုပါပဲ။ တခြား features တွေကတော့ Music, Video (.mp4), Photo, Games, Applications တွေ သုံးလို့ရပါတယ်။ iPod Touch မှာ ကျွန်တော်မြင်တဲ့ အားသာချက်၊ အားနည်းချက်တွေကို ရေးပြထားပါတယ်။ တကယ်လို့ ၀ယ်ဖို့ စိတ်ကူးရှိနေတဲ့သူတွေ ဖတ်မိလို့ အထိုက်အလျှောက် Buying Guide လို ဖြစ်ခဲ့ရင်လဲ ၀မ်းသာပါတယ်။

Read more…

Author: Rapster88 Categories: Reviews, iPod Tags:

My Own Browsers Test

September 12th, 2008

လွန်ခဲ့တဲ့ ၁၅ မိနစ်လောက်က stumble လုပ်နေရင်းနဲ့ ဒီ website ကို သွားတွေ့ပါတယ်။ Browser ရဲ့ javascript performance ကို test လုပ်လို့ရတယ်လို့ ရေးထားပါတယ်။ PC World မဂ္ဂဇင်းထဲမှာ ခဏခဏ browser တွေကို performance test လုပ်တာ တွေ့ဖူးနေတော့ ကျွန်တော်လဲ ကိုယ်တိုင် test လုပ်ချင်စိတ်ပေါ်လာလို့ စမ်းကြည့်လိုက်ပါတယ်။

Read more…

Author: Rapster88 Categories: Reviews Tags:

Gmail Version အသစ်ထွက်နေပြီ!!

November 7th, 2007

စက်တင်ဘာလထဲမှာကတည်းက သတင်းထွက်နေတဲ့ Gmail version အသစ်အကြောင်းကို ကျွန်တော် ရေးခဲ့ပါတယ်။ လွန်ခဲ့တဲ့ အောက်တိုဘာ ၃၀ မှာတော့ Google ကနေ Gmail Version အသစ်ကို အချို့ User တွေကို ပေးသုံးခဲ့ ပါတယ်။ နောက်ပိုင်းတစ်ဖြည်းဖြည်းနဲ့ user အာလုံးမှာ version အသစ်ရလာမှာဖြစ်ပါတယ်။ အကုန်လုံးက တစ်ပြိုင်တည်း မပေးတဲ့ရည်ရွယ်ချက်က version အသစ်ကို စမ်းသပ်စဲ ကာလဖြစ်နေလို့ပါ။ ဒီအတွက်လဲ bug အနည်းငယ်ရှိပါတယ်။ အောက်တိုဘာ ၃၀ ရက်နေ့တည်းက ကျွန်တော်စောင့်နေလိုက်တာ ဒီနေ့ ညနေကမှ ကျွန်တော် account က new version သုံးခွင့်ရသွားပါတယ်။ ကဲ.. GMail အသစ်မှာ ဘာတွေထူးခြားလည်း ကြည့်ရအောင်…

စပြီးထွက်တဲ့ ၃၀ ရက်နေ့ကတည်းက Google System ဆိုတဲ့ Blog က GMail အသစ်မှာ သိသိသာသာအပြောင်းအလဲ မပါဘူးလို့ဆိုထားပါတယ်။ တကယ်လည်းဟုတ်ပါတယ်။ သာမာန်သတိမထား မိဘူးဆိုရင် ကိုယ့် account အသစ်ဖြစ်သွားတာ သိချင်မှသိပါမယ်။

ပထမဦးဆုံးအပြောင်းအလဲက Login ၀င်ရင် ပုံမှန်ထက် နည်းနည်းလေးပဲ ပိုကြာပြီး “Loading” ဆိုတဲ့စာသားလေး နေရာပြောင်းသွားပါတယ်။ Login ၀င်တာ ကြာရတဲ့ အကြောင်းအရင်းကတော့ Prefetch ဆိုတဲ့ Feature အသစ်ကြောင့်ပါ။ Prefetch feature က mail တွေကို ကြိုပြီး loading လုပ်ပေးထားတဲ့အတွက် ဖွင့်ဖွင့်ချင်းမှာ မဆိုစလောက် အချိန်ကြာသွားပြီး inbox ထဲရောက်သွား တဲ့အခါမှာတော့ စာတွေကို ဖွင့်ကြည့်တဲ့နေရာမှာ အရင် version ထက်သိသိသာသာ မြန်သွားပါတယ်။ Old Version ကို ပြန်ပြောင်းချင်ရင်လဲ ပြောင်းလို့ရတဲ့ Link ပေးထားပါတယ်(ဒါပေမယ့် နောက်တစ်ခေါက်ပြန်ဝင်ရင် Version အသစ်နဲ့ပဲ ပြန်တက်မှာပါ။ မကြိုက်ရင် ထပ်ပြောင်းပေးရပါတယ်။)

ဒုတိယအပြောင်းအလဲက Page ရဲ့အောက်ဆုံးကို ဆင်းလိုက်ရင် Gmail View: ဆိုတာက အရင် version နဲ့မတူပဲ အ သစ်ဖြစ်သွားပါတယ်။ အရင် version မှာဆိုရင် Standard နဲ့ Standard without chat ကိုပြောင်းရင် Page တစ်ခုလုံး refresh ဖြစ်သွားပြီးမှ effect ဖြစ်ပြီး အခု version ကတော့ “Turn on/off chat” ကိုနှိပ်ရင် page refresh မဖြစ်ပဲ ဘယ်ဖက်က gmail chat ကပဲအပိတ်အဖွင့် လုပ်သွားပါတယ်။

တတိယအပြောင်းအလဲက Mail တွေပေါ်မှာ mouse pointer တင်ထားလိုက်ရင် contact manage ကိုလွယ်လွယ်ကူကူ လုပ်လို့ရတဲ့ feature ပါ။

စတုတ္ထကတော့ Contacts ကိုဝင်လိုက်ရင် Contact Manager လုံးဝ အသစ်ဖြစ်သွားတာပါ။

အသေးစား အပြောင်းအလဲလေးတွေကတော့ Settings > General > Change Picture ကိုဖွင့်လိုက်ရင် Upload ပုံစံအသစ်ဖြစ်သွားပါတယ်။ Google ရဲ့ Service တစ်ခုဖြစ်တဲ့ Picasa ကနေပုံတွေကို ခေါ်တင်လို့လဲရသွားပါတယ်။

ဘာတွေအားနည်းချက် ရှိသွားလဲဆိုတော့ Glite service တွေက Version အသစ်ပြောင်းသွားတဲ့ mail accout တွေကို ဖွင့်လို့မရပါဘူး Gmail Connection Error တက်ပါတယ်။ ဒီအတွက် MPT User တွေ connection ကျနေတဲ့အချိန်မှာ gmail ကို glite ကနေ ၀င်လို့မရတော့ပါဘူး (Glite ကတော့ ဒီရက်ပိုင်းအတွင်း ပြင်ပေးမယ်လို့ဆိုပါတယ်)။ Mozilla Firefox 2 နဲ့ IE 7 ပဲ Version အသစ်က support လုပ်ပါသေးတယ်။ Firefox 1.5 or IE 6 နဲ့ဆိုရင် အရင် version အဟောင်းပဲပြန်တက်လာပါတယ်။

အားလုံးကိုချုံပြီးပြေရမယ်ဆိုတော့ Version အသစ်က တော်တော်ကို မိုက်ပါတယ်။ Login ၀င်ဝင်ချင်း နောက်ပြီး Inbox ကနေ Chats or Settings လိုမျိုး တစ်ခုခုကို ပထမဦးဆုံးအကြိမ်နှိပ်မယ်ဆိုရင်တော့ နည်းနည်းလေး စောင့်ရပြီး နောက် ပိုင်းမှာတော့ သွက်သွားပါတယ်။ Version အသစ်မရသေးရင်လည်း ခဏပဲ စောင့်ရမှာပါ။ နောက်ပိုင်းမှာ အကုန်လုံး version အသစ်ဖြစ်သွားပါလိမ့်မယ်။ Google System မှာရေးထားသလို Setting ထဲက Language ကို “US” လို့ ပြောင်းလိုက်ရင် version အသစ်တက်တယ်ဆိုတာ မဟုတ်ပါဘူး။

Author: Rapster88 Categories: Google, News, Reviews Tags: