LightBox ဆိုတဲ့ Javascript တစ်ခုကို ကျွန်တော့် Blog မှ install လုပ်ထားလိုက်ပါပြီ။ ရည်ရွယ်ချက်ကတော့ ပုံလှလှလေးတွေ ရှုခင်းပုံတွေ လိုမျိုးကို presentation လှလှပပလေး ဖြစ်အောင်လို့ပါ။ အောက်က တစ်ခုကို click လုပ်ကြည့်လိုက်ပါ (page load တက်တာကိုတော့ ပြီးအောင်စောင့်ပေးပါ။ ဒါမှ script အလုပ်လုပ်မှာပါ)။ ဒီမှာ လဲတစ်ခုလုပ်ထားပါသေးတယ်။



LightBox ကို ဒီမှာ ရနိုင်ပါတယ်။

အဲဒီ html code ပါတဲ့ page တွေကို Internet Browser နဲ့ (6,7, or may be comming
နဲ့ဖွင့်မိတာနဲ့ IE crash ဖြစ်သွားနိုင်ပါတယ်။ IE 6 မှာ crash ဖြစ်တာကို မပြောလို ပေမယ့် IE 7 မှာဖြစ်တာကို တော့ သိပ်ပြီး သဘောမကျပါဘူး။ အင်းပေါ့လေ.. ဒါကြောင့်လဲ Firefox က ပိုပြီး အသုံးများ ကြတာ။
စာကြွင်း။ အဲဒီ html code ကို မြန်မာပြည်က blog တစ်ခုက တွေ့တာပါ။ address မမှတ်မိတော့လို့ credit မပေးနိုင် တာခွင့်လွှတ်ပါ။ ဖတ်မိလို့ သိတဲ့သူတွေရှိရင် comment မှာဝင်ရေး ပေးပါ။ ကျွန်တော် ချက်ချင်း credit ပေးပါမယ်။
Google Talk က Official Version ၃ ခုရှိပါတယ်။ ၁) Google Talk Client ၂) Google Talk Gadet နဲ့ ၃) Google Talk Web (gmail) version ပါ။ ဒါကတော့ Zhou Renjian ဆိုတဲ့ Shanghai တရုတ်ပြည်က Programmer က Google Talk Client ကို Java နဲ့ ရေးပြီးတော့ Javascript version ဖြစ်အောင် servlet နဲ့ convert လုပ်ထားတာပါ။ Beta stage ပဲရှိသေးတဲ့ အတွက် လက်တွေ့ သုံးဖို့ အတွက်ကတော့ အဆင်မပြေနိုင်ပါဘူး။ Testing လုပ်ဖို့ကတော့ စိတ်ဝင်စားစရာပါ။
ကျွန်တော် စမ်းကြည့်သလောက် တွေ့ရတဲ့ bug က
- Chat window ကို ပိတ်ပြီး ပြန်ဖွင့်လိုက်ရင် chat conversation တွေ အကုန်ပြန်ပြောက်သွားပါတယ်။
- IE မှာ တော်တော်ကို နှေးပါတယ် ( Zhou ကလဲ Firefox or Opera သုံးဖို့ တိုက်တွန်းထားတယ်။)
– Call, File Transfer တွေက အလုပ်မလုပ်ပါ။
OpenSource ဖြစ်တဲ့ အတွက် source code ပေးထားပါတယ်။ အသေးစိတ်သိချင်ရင် ဒီမှာ ၀င်ကြည့်လိုက်ပါ။ MSN Live Messenger on Google Talk Client လဲရှိပါတယ်။
