Archive

Archive for the ‘Technology’ Category

Google Talk written In Pure Javascript

October 10th, 2007

Google Talk က Official Version ၃ ခုရှိပါတယ်။ ၁) Google Talk Client ၂) Google Talk Gadet နဲ့ ၃) Google Talk Web (gmail) version ပါ။ ဒါကတော့ Zhou Renjian ဆိုတဲ့ Shanghai တရုတ်ပြည်က Programmer က Google Talk Client ကို Java နဲ့ ရေးပြီးတော့ Javascript version ဖြစ်အောင် servlet နဲ့ convert လုပ်ထားတာပါ။ Beta stage ပဲရှိသေးတဲ့ အတွက် လက်တွေ့ သုံးဖို့ အတွက်ကတော့ အဆင်မပြေနိုင်ပါဘူး။ Testing လုပ်ဖို့ကတော့ စိတ်ဝင်စားစရာပါ။

ကျွန်တော် စမ်းကြည့်သလောက် တွေ့ရတဲ့ bug က

- Chat window ကို ပိတ်ပြီး ပြန်ဖွင့်လိုက်ရင် chat conversation တွေ အကုန်ပြန်ပြောက်သွားပါတယ်။
- IE မှာ တော်တော်ကို နှေးပါတယ် ( Zhou ကလဲ Firefox or Opera သုံးဖို့ တိုက်တွန်းထားတယ်။)
– Call, File Transfer တွေက အလုပ်မလုပ်ပါ။

OpenSource ဖြစ်တဲ့ အတွက် source code ပေးထားပါတယ်။ အသေးစိတ်သိချင်ရင် ဒီမှာ ၀င်ကြည့်လိုက်ပါ။ MSN Live Messenger on Google Talk Client လဲရှိပါတယ်။

Author: Rapster88 Categories: Scripts, Technology Tags:

OS တစ်ခုထဲမှာ OS နောက်တစ်ခု Run လို့ရတဲ့ Microsoft Virtual PC

September 28th, 2007

Microsoft Virtual PC က VMWare လိုပဲ Virtualization နည်းပြညာ ကို အသုံးပြုထားပြီး Windows Operation System တစ်ခုပေါ်မှာ Virutally နည်းအရ နောက်ထပ် OS တစ်ခု ကို Run လို့ရအောင် ပြုလုပ်ပေးနိုင်တဲ့ Tools တစ်ခုပါ။ Virtual PC က ဘာ အားသာချက်ရှိလဲ ဆိုတော့ OS နှစ်ခုကို တစ်ခုနဲ့ တစ်ခု အရှုပ်အထွေးမရှိ (not affect) မဖြစ်ပဲ တပြိုင်ထဲမှာ သုံးလို့ရတာပါပဲ။ ဥပမာ အနေနဲ့ပြောရရင် – အခု ကျွန်တော်က Windows Vista ပေါ်မှာ IIS 7 နဲ့ ASP.NET Web Application တွေရေး ပါတယ်။ Ruby On Rails ဆိုတာကိုစမ်းချင်တယ်ဆိုရင် Apache Web Server ကိုတင် ရမယ် နောက်ပြီး MySQL လဲတင်ရမယ် ဒါဆို IIS ဒါမှမဟုတ် Apache မှာ port ကို သွားပြီး ပြောင်းပေးရပါမယ်။ အဲဒီလို မပြောင်းချင်လို့ Virtual PC ကို Microsoft ကနေ Free Download လုပ်ပြီး Windows XP ကို install လုပ်ထားလိုက်တဲ့ အခါ အဆင်ပြေသွားပါတယ်။

နောက်နေ့မှာ Virtual PC နဲ့ Windows XP ဘယ်လို တင်ရလဲ ဆိုတာကို ရေးပြီးတင်ပါမယ်။

Download Microsoft Virtual PC

Author: Rapster88 Categories: OS, Technology Tags:

Picture တွေထဲမှာ သီချင်းတွေကို ပေါင်းထည့်မယ်..

September 21st, 2007

စဉ်းစားကြည့်လိုက်… ကိုယ့်ရည်းစားက ကိုယ့်ဆီကို ပုံလေးတစ်ပုံ ပို့ လိုက်တယ်။ ဒီအတိုင်း ပုံကို double click လုပ်ပြီးဖွင့်ရင်ပုံလေးပဲတက်လာပြီးတော့ အဲဒီပုံလေးကို WinAMP လိုမျိုး Music Player ထဲကို ဆွဲထည့်လိုက်လို့  ကိုယ့်အကြိုက်ဆုံး သီချင်းသံလေးထွက်လာတယ်ဆိုရင် စိတ်ထဲမှာကြည်နူးသွားမယ်။ အဲ.. တစ်ခါမှ အဲဒီလို အပို့  မခံရဘူးလား ?? ဒါဆို အောက်မှာ ဖတ်ကြည့်ပြီးတော့ အခုချက်ချင်းပဲ တစ်ခုလုပ် ပြီးရင် ကိုယ့်အနှစ်သက်ဆုံးဆီကို ပို့  လိုက်ပေတော့…

၁။ ပြင်ဆင်ခြင်း

- ကိုယ်ထည့်ချင်တဲ့ ပုံနဲ့ သီချင်းဖိုင်ကို C:\ ထဲကိုကူးထည့်လိုက်။ (လုပ်ရလွယ်အောင် C:\ ထဲကိုထည့်တာ။ )
- သီချင်းဖိုင်ကို song လို့ ပဲ rename လုပ်လိုက်ပါ။ နောက်ပြီး ပုံကိုလဲ pic ပေါ့
- Windows Key + R တွဲနှိပ်လိုက်ရင် Run ဆိုတဲ့ box လေး ဘယ်ဖက် အောက်မှာ ပေါ်လာမယ်။ cmd လို့ ရိုက်ထည့် ပြီးEnter ခေါက်လိုက်။
- cmd ဆိုတဲ့ command prompt တက်လာမယ်။ cd C:\ လို့ ရိုက်ပြီး enter ခေါက်လိုက်။ ဒါဆိုရင် C:\> ဆိုပြီး ပေါ်နေပြီ။

၂။ စပြီ

- copy pic.jpeg /b + song.mp3 /b combined.jpg လို့ ရိုက်ပြီး enter ခေါက်လိုက်
- C: Drive ထဲကို ၀င်ကြည့်လိုက်ရင် combined ဆိုတဲ့  jpg ဖိုင်လေးတစ်ဖိုင်ရောက်နေလိမ့်မယ်။
- အဲဒါကို double click လိုက်ရင် pic ဆိုတဲ့ ပုံလေးပဲတက်လာပြီး WinAMP လို music player ထဲကိုဆွဲထည့်ရင်တော့
သီချင်းသံလေးထွက်လာမှာပါ။ ပို့ မယ်ဆိုရင် combined ဆိုတဲ့ file ကိုပဲ ပို့ စရာလိုတယ်။ ကျန်တဲ့ ၂ ခု ကို ပို့ စရာမလိုဘူး။

၃။ မှတ်ချက်များ
- Windows Media Player မှာ တော့ ဖွင့်လို့ မရဘူး။ WinAMP နဲ့ ပဲဖွင့်ပါ။ တခြား Media Player တွေ နဲ့ ဖွင့်လို့  ရလဲ ရနိုင်တယ်။
- JPEG, GIF, PNG, BMP, TIFF ပုံတွေကို MP3 နဲ့ ပေါင်းလို့ ရပါတယ်။ Wav,WMA နဲ့ ပေါင်းလို့  မရဘူး။
- WimAMP ထဲကို ဆွဲထည့်တယ်ဆိုတာ WinAMP ကိုဖွင့်, File ကို Drag n Drop လုပ်ပြီး ထည့်တာကို ပြောတာ။
- ဒီနည်းကို terrorist တွေ အချင်းချင်း သတင်းပို့ တဲ့အခါမှာ သုံးကြတယ်လို့လဲ သိရပါတယ်။ ဟုတ်မဟုတ်တော့မသိဘူး :P .

Update: အတော်များများက လုပ်တာ မအောင်မြင်ဘူးလို့ Feed back တွေပြန်လာနေလို့ သတိပြုရမယ့်အချက်
လေးတွေကို ထပ်ပြီး ထည့်ပေးလိုက်တယ်။

၁။ File Extension ကိုသေချာစစ်ပါ။ JPEG လို့ပြပေမယ့်လဲ .jpg ဖြစ်ရင်ဖြစ်နေတတ်တယ်။ Tools > Folder Options
View> Uncheck “Hide extensions for known file types” ဆိုတာကို uncheck လိုက်ပြီး apply နှိပ် လိုက်ရင်
File name အနောက်မှာ extension ကိုတွေ့ရမှာပါ။ (Folder Options ပျောက်နေလား?? ဒါကို ဖတ်ပါ။)

အောက်မှာ နမူနာ အနေနဲ့ ကျွန်တော်လုပ်ထားတဲ့ ပုံကိုထည့်ပေးလိုက်တယ်။ WinAMP ကို ဒီမှာ Download လုပ်ပါ။

Author: Rapster88 Categories: Fun, Technology, Tips Tags: