Wifi network တွေ နေရာတကာမှာ များလာပါပြီ။ ရန်ကုန်မှာလဲ Wifi တွေ ရုံးတွေနဲ့ အိမ်တွေမှာ အတော်များများ သုံးလာကြတာကို သတိထားမိပါတယ်။ အခု ကျွန်တော် ညွှန်ချင်တဲ့ tools ကတော့ ကိုယ့်စက်ထဲမှာ store လုပ်ထားတဲ့ wireless password တွေကို ပြန်ကြည့်လို့ရတဲ့ “Wireless Key View”ပါ။ အရေးကြုံလာတဲ့ အခါမှာ တကယ် အသုံးဝင် နိုင်ပါ တယ်။ တစ်ခု မှတ်ထားရမှာက ဒီ tools က Wireless password ကို crack လုပ်ပေးတာ မဟုတ်ပါဘူး။ စက်ထဲမှာ store လုပ်ထားပြီးသားကိုပဲ ပြန်ဖော်ပေးနိုင်ပါတယ်။
Read more…
Experience လိုချင်လို့ Ubuntu စမ်းတင်ကြည့်တာ နောက်ဆက်တွဲ ပြဿနာလေးတွေပါ ပေါ်လာလို့ ဖြေရှင်းရင်း အတွေ့အကြုံ အသစ်လေးတွေ ရပါတယ်။ ပထမဆုံး ပြဿနာက – Ubuntu ISO ကို CD Burn တာပါ။ အရင်က သုံးနေကြအတိုင်း Nero နဲ့ လုပ်လိုက်တာ CD ၅ ချပ် လစ်သွားပါတယ်။ Burn တာ ပြီးခါနီး ၉၉% ရောက်ရင် Session Fixation Error ဆိုပြီး ဂန့်ကုန်တယ်။ ဒါနဲ့ UBuntu က ညွှန်ထားတဲ့ ဒီ InfraRecorder ကို စမ်းကြည့်တာ…
Read more…
If you download large file such as installer or movies, I suppose you’ve already heard about “HJSplit”. For those who didn’t know what “HJSplit” is about, “HJSplit” is a file splitter and joiner. It works like WinRAR but without compress ability. “HJSplit” just splits the files into desired size so the large files can be easliy uploaded/downloaded. But recently..
Read more…
ကျွန်တော့်မှာ အကျင့်တစ်ခုရှိပါတယ်။ ဘာလဲဆိုတော့.. Firefox သုံးတဲ့အခါမှာ အမြဲလိုလို Gmail Tab ကို ဘယ်ဖက်အစွန်ဆုံးမှာ ကပ်ထားတာပါ။ ပြီးရင် များသောအားဖြင့် ဒီ blog ပါ။ အဲဒီလို ကိုယ်သုံးနေကျအတိုင်း အစဉ်လိုက် ထားပြီး သုံးပါတယ်။ Windows က Taskbar မှာလဲ Firefox ကို အမြဲ ဘယ်ဖက်မှာထားတတ်ပါတယ်။ Firefox မှာတော့ Tab ကို နေရာရွှေ့တာက လုပ်လို့ရပေမယ့် Windows မှာကျတော့ Taskbar ကို ဟိုရွှေ့ဒီရွှေ့လို့ မရပါဘူး။ (ကြောင်တယ်လို့ပဲ ပြောချင်ပြောပါ.. ကျွန်တော်ကလဲ Taskbar ကို Firefox မှာလိုမျိုး ရွှေ့ချင်တာကြာပါပြီ)။
Read more…
Windows Vista မှာ Nero တင်ရင်းနဲ့ error တက်ရင် Uninstall လုပ်လို့မရတာ ဖြစ်တတ်ပါတယ်။ Uninstall လုပ်ရင် uninstaller က crash ဖြစ်သွားလို့ nero ကို ထပ်တင်လို့လဲမရ၊ ပြန်ဖျက်လို့လဲ မရဖြစ်ပြီး တိုင်တွေပါတ်ပါတယ်
။ တခြား Burner တွေ ပြောင်းသုံးလို့ ရပေမယ့် Nero နဲ့သုံးတာက အကျင့်လို့ဖြစ်နေတော့ Nero ကိုပဲ သုံးချင်သူတွေ အတွက် nero clean tool ရှိပါတယ်။
Read more…
လဆန်းပိုင်းက KAV နဲ့ KIS အတွက် Key Finder အကြောင်းကို ရေးခဲ့ပါတယ်။ Key မရှိလို့ စိတ်ညစ်နေတဲ့သူတွေ အဆင်ပြေသွားတယ်လို့ ကြားရလို့လဲ ၀မ်းသာပါတယ်။ အခုတော့ နောက်ထပ် crack တစ်ခုကို ပေးချင်ပါတယ်။ ဒါကတော့ 30 Days Trial crack ပါ။
Read more…
For All Those Foreign Readers: The following post was written in my mother language, Burmese. And there’s no Burmese to English Online translator yet.
Anyway, it was all about how Kaspersky is useful and a brief about this key finder. If you are looking to download the keyfinder, you can either use the links at the end of the post or follow this link to the forum where the original keyfinder creator posts.
Kaspersky Antivirus (KAV) နဲ့ Internet Security (KIS) ဆိုတာ နာမည်ကြီး Antivirus & Security product တစ်ခုပါ။ Version 6 ကနေစပြီး နာမည် ရလာတဲ့ Kaspersky က တဖြည်းဖြည်းနဲ့ Antivirus လောကမှ နာမည်ကြီး Norton ကိုပါ ဖြတ်ကျော်သွားပါတယ်။
Kaspersky ရဲ့ တစ်ခုတည်းသော ပြဿနာက တခြား antivirus တွေလို crack/patch မရှိပဲ key file ရှိမှ သုံးလို့ရတာပါ။ အဲဒီ key file တွေကလည်း အချိန် အပိုင်းအခြား တစ်ခုလောက်ပဲ သုံးလို့ရပြီး Black list ဖြစ်သွားတတ်ပါတယ်။ Key အသစ်တွေကလဲ အမြဲလိုလို ထွက်ပေမယ့် အကုန်လုံးလိုလိုက Torrent နဲ့ Rapid Share ပေါ်မှာပဲ ရှိလို့ download ဆွဲရတာ အဆင်မပြေပြန်ပါဘူး။ ဒါပေမယ့်… Read more…
မနှစ်က ကျွန်တော် Blog ကို စပြီးရေးခါစ စက်တင်ဘာလက Virus ကိုက်သွားလို့ Registry ထိပြီး Folder Option ပျောက်တာ၊ Task Manager ပိတ်ခံရတာတွေကို ပြန်ဖွင့်တဲ့ အကြောင်းကို ရေးခဲ့ပါတယ်။ Computer Journal ထဲမှာလဲ ပါဖူးတဲ့ iSoft (Technomation ) က ထုတ်တဲ့ iRepairman ဆိုတဲ့ tool ကို သုံးပြီး registry ပြဿနာတွေကို လွယ်လွယ်ကူကူ ဖြေရှင်းလို့ရပါပြီ။

Apple ရဲ့ Mac interface ပုံစံနဲ့ စွဲမက်စရာ tools မှာ Folder Options, Registry Editor, Task Manager ကို ပြန်ပြီး ဖွင့်နိုင်ပါတယ်။ Program size ကလဲ 1.2 MB ပဲရှိတဲ့အတွက် 1.44 Floopy Disk ထဲမှတောင် ထည့်ယူသွားနိုင်ပါတယ်။ အထူးသဖြင့် Computer Service လုပ်တဲ့သူတိုင်း ဆောင်ထားသင့်ပါတယ်။
- Download iRepairman
iRepairman EXE
iRepairman ZIP
ဟိုရက်ပိုင်းက ကိုယ့်စက်ရဲ့ Data တွေကို ဘယ်လို ဖျောက်ထားမလဲ ဆိုပြီး Post တစ်ခုတင်ခဲ့ပါတယ်။ အဲဒါကို အလုပ်ရှုပ်တယ်လို့ ထင်ခဲ့ရင် အခု ကျွန်တော် ရှာတွေ့ထားတဲ့ My Lockbox ကို သုံးကြည့်စေချင်ပါတယ်။
My Lockbox က Free ပါ။ Windows Vista မှာလဲ အလုပ်လုပ်ပါတယ်။ Folder တစ်ခုလုံးကို ဖျောက်ထားနိုင်ပြီး Safe Mood ထဲကနေ ၀င်ကြည့်ရင်တောင် ဖျောက်ထားတဲ့ Folder ကို မမြင်ရဘူးလို့ ဆိုထားပါတယ်။
၁။ My Lockbox ကို ဒီမှာ Dowload လုပ်နိုင်ပါတယ်။
၂။ Install လုပ်ပြီးတဲ့အခါ Computer ကို Restart တစ်ခါ လုပ်ပေးရပါမယ်။
၃။ My Lockbox ကို ခေါ်တဲ့ Shortcut က Ctrl + Shift + P ပါ။
၎။ Default အနေနဲ့က Document ထဲမှာ My Lockbox ဆိုတဲ့ Folder ကို Hide လုပ်ဖို့ ရွေးထားပါတယ်။
၅။ အောက်မှ ပြထားတဲ့ ပုံထဲက အနီရောင် ဘောင်ခတ်ထားတဲ့ ခလုပ်ကို နှိပ်ပြီး ကိုယ်စိတ်ကြိုက် Folder ကို ဖျောက်ထားနိုင်ပါတယ်။

၆။ Advanced ထဲမှာတော့ Password ပြောင်းတာနဲ့ Skin ပြောင်းတာတို့ကို လုပ်နိုင်ပါတယ်။
Download My Lockbox
ပြီးခဲ့တဲ့ အပါတ်က ကျွန်တော်ရဲ့ ADSL-S Line သုံးမရဖြစ်သွားလို့ အင်တာနက် မသုံးရရင် မနေနိုင်တဲ့ ကျွန်တော်က Dial Up နဲ့ ပြန်သုံးဖို့ Access Kit ကို အမြန် ပြေးဝယ်လိုက်ရပါတယ်။ Access Kit နဲ့ သုံးနေတဲ့သူတိုင်း ကြုံတွေ့ရတတ်တဲ့ ပြဿနာ တစ်ခုက Kit မှာ လက်ကျန် နာရီ ဘယ်လောက် ကျန်နေသလဲ ဆိုတာ မသိနိုင်တာပါ။ အချို့ကတော့ စိတ်နဲ့ မှတ်ပြီး သုံးပြီး အချို့ကတော့ သုံးထားသလောက် နာရီကို စာရွက်နဲ့ ရေးမှတ် ထားပြီး လက်ကျန်ကို တွက်ကြပါတယ်။ ဒီပြဿနာကို ဖြေရှင်းချင်လို့ ကျွန်တော်က Google မှာ နည်းနည်း မွှေကြည့်တော့ အောက်မှာ ညွှန်းထားတဲ့ ISP Timer ဆိုတဲ့ အသုံးဝင် Free software လေး တစ်ခုကို တွေ့လိုက်ပါတယ်။
Install လုပ်စရာ မလိုပဲ Portable Run နိုင်တဲ့ ISP Timer ကို သုံးရတာ အလွန်ကို ရိုးရှင်းပြီး လွယ်ကူပါတယ်။ ISP Timer ကို Run လိုက်တာနဲ့ ကိုယ့်စက်ထဲမှာ ရှိတဲ့ Dialup Connection ကို Detects လုပ်ပေးပါတယ်။

“Time Allowance” ဆိုတဲ့ နေရာမှာ ကိုယ်ဝယ်ထားတဲ့ Access Kit ရဲ့ စုစုပေါင်း နာရီကို ထည့်ပေးရမှာ ဖြစ်ပြီး ( 30.00 = နာရီ သုံးဆယ် ) Time used နေရာမှာတော့ မသုံးရသေးရင် “0″ လို့ ထည့်ပြီး သုံးထားပြီးသား ဖြစ်ခဲ့ရင်တော့ သုံးထားသလောက်ကို ထည့်ပေးရမှာဖြစ်ပါတယ်။ ပြီးတဲ့အခါ “Update” ကို နှိပ်လိုက်ပါ။
ပြီးတဲ့အခါ “Connect” ကို နှိပ်ပြီး Connection ချိတ်လို့ ရသွားတာနဲ့ “Time remaining” နေရာမှာ လက်ကျန်အချိန်ကို ပြနေတာကို တွေ့ရပါတယ်။ “I” ဆိုတာကို နှိပ်ပြီး Settings တွေကို ခေါက်ထားလို့ရပြီး “Send to Tray” ကို နှိပ်ရင် System Tray ထဲကို ISP Timer က ရောက်သွားမှာပါ။ သုံးနေရင်းနဲ့ လက်ကျန် ၁ နာရီကို ရောက်တဲ့အခါမှာနဲ့ နောက်ဆုံး ၅ မိနစ်ကို ရောက်တဲ့အခါ Warning လဲ ပေးမှာဖြစ်ပါတယ်။

ဒါ့အပြင် အသုံးပြုထားတာတွေကို Log ပါ မှတ်ထားနိုင်လို့ (“Log” ကို Check လုပ်ထားရပါမယ်) ဘယ်အချိန်က ဘယ်လောက် သုံးထားသလဲဆိုတာကိုပါ ပြန်စစ်ဆေးနိုင်ပါတယ်။
Download ISP Timer (EXE 64KB)
Download ISP TImer (ZIP 24KB)
- How to add ISP Timer to Windows Startup?
1. Click Start > All Programs > Startup
2. Right Click on Startup and Select Open
3. In Startup window, Click File > New > Shortcut
4. Browse to “ISP Timer” program
5. Then you’ll found a Shortcut to ISP Timer in Startup Folder
6. Right Click on ISP Timer shortcut and select properties
7. Select “Minimized” in “Run:”
- How to remove it?
1. Simply delete the shortcut from Startup Folder.