Archive

Archive for the ‘Useful Websites’ Category

Take photos instantly with Cameroid

September 8th, 2009

ကိုယ့်ကွန်ပြူတာမှာ webcam ရှိပေမယ့် software မရှိလို့ ပုံ ရိုးရိုးလေး ရိုက်ချင်တာတောင် ရိုက်လို့ မရပဲ ဖြစ်နေ သလား? Cameroid လို့ခှေါတဲ့ website ကို သုံးပြီးတော့ ပုံတွေကို အမြန်ဆုံး ရိုက်လို့ရပါတယ်။ တစ်ခြား ဘာမှ ထပ်ပြီး install လုပ်စရာ မလိုပါဘူး။ အဲ ဒါပေမယ့် Flash ရယ်၊ Webcam’s driver နဲ့ အင်တာနက် ကွန်နက်ရှင်တော့ လိုတာပေါ့။ :)

ပုံမှန် ပုံအပြင် တစ်ခြား effects တွေလဲ ထည့်ပြီးတော့ ရိုက်လို့ရတဲ့အတွက် ပျှောဖို့ကောင်းပါတယ်။ ကိုယ်စိတ်ကြိုက် ပုံ မရမချင်း ရိုက်နေလို့ရပြီး စိတ်ကြိုက်ဖြစ်ပြီ ဆိုတော့မှ စက်ထဲ ကို save လုပ်လိုက်လို့ ရပါတယ်။ ကိုယ့်ပုံကိုလဲ အဲဒီ website က gallery မှာ သွားပြီး share လုပ်ချင်ရင်လဲ လုပ်လို့ရပါတယ်။ အခုချက်ချင်းပဲ စမ်းကြည့်လိုက်ပါ.. :D

Click here to visit Cameroid.com

Author: Rapster88 Categories: Useful Websites Tags:

Best Wallpaper site [Interfacelift.com]

September 8th, 2009

ကျွန်တှော ဒီရက်ပိုင်းက ရထားတဲ့ wall paper တွေ အလကားပေးတဲ့ ဆိုက်တစ်ခုကို ပြန်ပြီး ရှယ်ပေးချင်ပါတယ်။ Interfacelift.com ဆိုတဲ့ ဆိုက်မှာ wallpaper လှလှလေးတွေ ကို အလကား ဒေါင်းလုပ်ဆွဲယူလို့ရပါတယ်။ ကျွန်တှော သဘောအကျဆုံးနဲ့ အကောင်းဆုံး တစ်ခုကတော့ screen resolution အစုံရှိတာပါ။ ရနိုင်တဲ့ resolution တွေက

  • Wide Screen 16:10
  • Full Screen 4:3
  • Full Screen 5:4
  • HDTV 16:9
  • Dual Monitors
  • Mobiles (PSP, iPhone, Cellphone)

အဲဒါအပြင် iPhone အတွက်သီးသန့် App ကိုလဲ iTunes ကနေ ယူလို့ရပါတယ်။

Click here to visit interfacelift.com

Author: Rapster88 Categories: Useful Websites Tags:

Router Emulators

January 23rd, 2009

On the other day, I was asked by a friend of mine how to set up a wireless adsl router over the phone. Trying to help someone especially the technical problems and if the that someone is inexperience.. then you can guess how much it would cumbersome.

So back to story, All I know is she’s using a Dlink product. I had a few experience on configuring Dlink routers, APs  in the past and one good thing about DLink is that they have similar web interface. So I had to guess and navigate her to go here and there in the web interface. Funny and yet annoying thing is that she keeps reading out every single line she sees. Then suddently I got something came into my head..

Read more…

Author: Rapster88 Categories: Tips Tricks and Tweaks, Useful Websites Tags:

Removal Instruction for Private Cam Virus by Pyae Sone

November 11th, 2008

ဒီ Private Cam ဆိုတဲ့ virus က ပြဿနာ ရှာနေတာ နည်းနည်းကြာပြီ။ ဟိုက၀င် ဒီက၀င်နဲ့ ကျွန်တော့်ဆီ Message တွေ ခဏခဏ လာပါတယ်။ တခြားဖြေရှင်းတဲ့ နည်းလမ်းတွေ ရှိပေမယ့် ဒီနည်းလောက် Details ကျတာ မတွေ့ပါမိပါဘူး။ ဒီ virus သတ်နည်းကို Myanmar IT Pros က ကိုပြည့်စုံက ရေးထားပေးတာပါ။

Read more…

Got 15 minutes?

July 17th, 2008

ကိုယ့်ရဲ့ အချိန်ပိုတွေထဲက ၁၅ မိနစ်လောက် အချိန်ပေးနိုင်ရင် ဒီ site ကို သွားကြည့်စေချင်ပါတယ်။ Ruby (Programming Language) ကို ၁၅ မိနစ်စာ online ကနေ ပေါ့ပေါ့ပါးပါး သင်လို့ရတဲ့ နေရပါ။ Programming အခြေခံ ရှိတဲ့သူ or Programming ကို စိတ်ဝင်စားတဲ့ သူတွေ ၀င်ကြည့်နိုင်ပါတယ်။

Try Ruby!

Author: Rapster88 Categories: Useful Websites Tags: ,

Get FREE 1 Year Kaspersky Anti-virus Genuine License Key!!!

February 5th, 2008

This is no longer working!

Raymond ဆိုတာ ကျွန်တော် နေ့တိုင်း ၀င်ဖတ်နေတဲ့ Blog တစ်ခုပါ။ ဒီနေ့မှာတော့ သူ့ Blog မှာ အလွန်ကို စိတ်ဝင်စားစရာ အကြောင်းအရာ တစ်ခုကို တွေ့လိုက်ပါတယ်။ အဲဒါကတော့ ကျွန်တော်ရဲ့ Favourite Antivirus ဖြစ်တဲ့ Kaspersky Antivirus 7.0 အတွက် Liscense Key အစစ်တွေကို FREE ပေးနေတယ်ဆိုတာပါ။

ဟုတ်ပါတယ်။ တကယ်ကို Free ပေးနေတာပါ။ တရုတ်နိုင်ငံမှာ ရုံးခွဲထားတဲ့ Kaspersky က တရုတ်နှစ်ကူး အထိမ်းအမှတ်အဖြစ် Kaspersky Website မှာ Register လုပ်တဲ့သူတိုင်းကို Key အစစ်တွေ Free ပေးနေတာပါ။ ဒါပေမယ့် အဲဒီ Key တွေကို ၂ ပါတ်အတွင်း သုံးရမယ်လို့ သိရပါတယ်။ မသုံးရင်တော့ Blacklist လုပ်သွားပါလိမ့်မယ်။

တရုတ်လို မဖတ်တတ်ရင်လဲ ကိစ္စမရှိပါဘူး။ Raymond Blog မှာ ဘယ်ဟာတွေကို ဘယ်လိုနှိပ်ပြီး သွားရမလဲဆိုတာကို အသေးစိတ်ရေးပြထားပါတယ်။

Click HERE to Visit Raymond Blog!

Author: Rapster88 Categories: Antivirus, Useful Websites Tags:

Phoewa online currency converter with daily rate updates.

January 6th, 2008

ဖိုးဝ portal ကို develop လုပ်တဲ့သူတွေကပဲ ဖိုးဝရဲ့ နောက်ထပ် category တစ်ခုဖြစ်တဲ့ Business Category မှာ Currency Converter ဆိုတဲ့ အသုံးဝင် feature တစ်ခုကို ထည့်ထားပေးပါတယ်။ အခြား website တွေလို နေ့စဉ် ပေါက်ဈေးကိုပဲ ပြထားပေးတာမဟုတ်ပဲ ကိုယ်တိုင်ကိုယ်ကျ ပြောင်းချင်တဲ့ ammount ကို ထည့်ပေးပြီး convert လုပ်ပေးနိုင်တာကိုလဲ တွေ့ရပါတယ်။

Local Converter နဲ့ International Converter နှစ်ခု လုပ်ထားပေးပြီး Local Converter မှာ နေ့စဉ် ပေါက်ဈေးကို ပြောင်းတဲ့အချိန် အတိအကျထည့်ပေးထားတာလဲ တွေ့ရပါတယ်။ အဲဒီ local ပေါက်ဈေးကိုလဲ နေ့စဉ် နေ့လည်ဖက် တွေမှာ update လုပ်ပေးထားပါတယ်လို့လဲ သိရပါတယ်။

International Converter မှာတော့ ကမ္ဘာပေါ်မှာ အသုံးများတဲ့ currency တွေကို တွက်လို့ရပါတယ်။

လက်ရှိအနေနဲ့ Local Converter မှာတော့

- ဒေါ်လာ မှ မြန်မာကျပ်
- မြန်မာကျပ် မှ ဒေါ်လာ

- FEC မှ မြန်မာကျပ်
- မြန်မာကျပ် မှ FEC

- ဒေါ်လာ မှ FEC
- FEC မှ ဒေါ်လာ သို့ အပြန်အလှန် ပြောင်းတွက်လို့ရပါတယ်။ ( Drop Down ကိုရွေးပေးပါ။ )

Author: Rapster88 Categories: Useful Websites Tags:

Another way to download if Media Covnert.org is banned.

December 4th, 2007

လွန်ခဲ့တဲ့ ရက်အနည်းငယ်က YouTube က Video တွေကို ဘယ်လိုနည်းနဲ့ လွယ်လွယ်ကူကူ Convert လုပ်ပြီး Download လုပ်မလဲ ဆိုတာကို ရေးခဲ့ပါတယ်။ ဒါပေမယ့် မနေ့က ကျွန်တော် YouTube က movie clip တစ်ခုကို media convert လုပ်ပြီး download လုပ်ဖို့ ကြိုးစားတဲ့အခါမှာ Bagan Net က media convert ရဲ့ server တွေကို ban ထားလိုက်တာကို ၀မ်းနည်းစွာတွေ့လိုက်ရပါတယ်။

ဒီသတင်းကြားရလို့ စိတ်တော့ မပျက်သွားပါနဲ့။ Media Convert ကို အနည်းငယ် မွှေနှောက်ပြီးတဲ့အခါမှာ bypass လုပ်စရာမလိုပဲ download လုပ်နိုင်တဲ့ နည်းတစ်ခုကို တွေ့သွားပါတယ်။ ( ရှူးတိုးတိုး..ဒီတစ်ခါ ban ခံရရင် မလွယ်ဘူး :P ). အောက်မှာ ဖတ်ကြည့်လိုက်ပါ။ ;)

၁။ Page ရဲ့ ဘယ်ဖက်မှာ “The old conversion wizard” ဆိုတာရှိပါတယ်။ ၀င်လိုက်ပါ။ အဲဒါက အရင် Media Convert Version အဟောင်းတုန်းက သုံးတဲ့ Service ပါ။

၂။ “Convert a file directly from youtube.com” ကို ရွေးပြီး box ထဲမှာ youtube link ကိုထည့်ပေးပါ။ (eg. http://www.youtube.com/watch?v=abCdeFgHiij)

၃။ File type selection မှာတော့ ကိုယ်ပြောင်းချင်တဲ့ file type ကို ရွေးပေးလိုက်ပါ။ (ဥပမာ avi, wmv, 3gp, etc)

၎။ More Options ကတော့ ဘာမှ ပြောင်းစရာ မလိုပါဘူး။

၅။ Mail Address နေရာမှာ ကိုယ့်ရဲ့ လိပ်စာ အမှန်ကို ထည့်ပေါ်ရပါမယ်။ ဒါမှ Convert လုပ်ပြီးရင် dl link ကိုပို့ပေးမှာပါ။

၆။ ခဏလောက် စောင့်ပြီးသွားရင် mail ထဲကို converted video link ရောက်လာပါပြီ။

၇။ အဲဒီလင့်က ban ခံထားရတဲ့ server ထဲက မဟုတ်တဲ့အတွက် download managers တွေနဲ့ အဆင်ပြေသလို download လို့ရပါတယ်။

Note. Ultra Surf သုံးလို့မရပါဘူး။ Ultra Surf က URL တစ်ခုရဲ့ နောက်ဆုံး extension ကိုစစ်ပြီး “.wmv, .avi” ပါနေရင် Ultra Surf Home Page ကို Redirect လုပ်လိုက်ပါတယ်။ Home Page ကလည်း အကုန်လုံးကို တရုတ်လို ရေးထားလို့ Ban တာလား..ဘာလား ကျွန်တော်မသိတော့ပါ။

Author: Rapster88 Categories: Tips Tricks and Tweaks, Useful Websites Tags:

Crack sites I usually visit

December 2nd, 2007

အောက်မှာ ရေးထားတဲ့ website တွေနဲ့ Forum တွေက ကျွန်တော် Software တစ်ခုခုအတွက် crack လိုချင်ရင် သွားရှာနေကြတွေပါ။

၁။ Softarchive.net

- အားသာချက်များ
Softarchive ကို ကျွန်တော် ကြိုက်တဲ့တစ်ချက်က Software တွေကို ပုံတွေနဲ့အတူတူပြထားပေးလို့ အပျင်းပြေလဲ ၀င်ကြည့်လို့ရတယ်။ ဟိုကြည့်ဒီကြည့်ရင်းနဲ့ အသုံးဝင်တဲ့ software လေးတွေလဲ တွေ့သွားနိုင်တယ်။ Page ရဲ့ ဘယ်ဖက်ခြမ်းမှာ (Application, Antivirus, SystemTools..etc) အစရှိသလို Category ခွဲထားပေးလို့ ကိုယ်ကြိုက်တာကို ရွေးရတာပိုလွယ်ပါတယ်။ Post တွေကို Comment ပေးလို့ရတဲ့အတွက် Link Dead ဖြစ်တာတွေနဲ့ Mirror site တောင်းတာတွေကို လုပ်လို့ရပါတယ်။ Software Installer နဲ့ Crack တွေကို တစ်ခါတည်း တွဲထားပေးပါတယ်။ Crack အပြင် Ebooks, Mags, Movies, Music Albums, Games တွေပါ ရနိုင်ပါတယ်။

- အားနည်းချက်တွေ
ကိုယ်လိုချင်တဲ့ Software ကို version အလိုက်တစ်နေရာထဲမှာ စုစည်းထားတာမျိုး မရှိပါဘူး။ Search ကလဲ ထင်သလောက် အကူအညီမပေးနိုင်တဲ့အတွက် တစ်ခါတစ်လေ ရှာရတာ ဒုက္ခရောက်ပါတယ်။ ပုံအကြီးကြီးတွေနဲ့ ပြထားတဲ့အတွက် Dial up တွေနဲ့ connection မကောင်းတဲအချိန်တွေမှာ ၀င်ကြည့်ရင် Page အတက်နှေးနေပါတယ်။ နောက်တစ်ချက်က Software တွေရဲ့ နောက်ဆုံးထွက် Version တွေ မရတတ်တာပါ။ Version Number ၁ ခု လောက်တော့ နောက်ကျတတ်တယ်။ Mostly, files are uploaded onto Rapidshare but you can request mirror site such as Mediafire or Zshare.

- ဒါတွေကို သတိပြုပါ
User comment တွေ ဖတ်ကြည့်ပြီး Crack အလုပ်လုပ်/မလုပ် ကို သိနိုင်တယ်။ PORN (18+) တွေကိုလဲ ပုံနဲ့အတူတူ တင်ထားပေးလို့ မျက်စိရှက်တတ်တဲ့လူတွေနဲ့ အလုပ်ထဲမှာ Softarchive ကို ၀င်ကြည့်ဖို့ သိပ်အဆင်မပြေပါဘူး။ Crack အချို့မှာ Virus/Worms/Trojan တွေ ပါလာတတ်လို့ User တွေရဲ့ Comment တွေကို သေချာဖတ်ကြည့်ဖို့လိုပြီး Antivirus ကောင်းကောင်းတစ်ခုနဲ့ Scan အရင် စစ်သင့်ပါတယ်။

၂။ ProjectW.org

- အားသာချက်များ
ကျွန်တော်အကြိုက်ဆုံး Forum ပါပဲ။ Software အတော်များများ (almost everything) ကို ProjectW မှာ ရနိုင်ပါတယ်။ Search ကို သုံးလိုက်တာနဲ့ လိုချင်တဲ့ software ကိုထွက်လာပါပေးတဲ့အပြင် နာမည်ကြီး software တွေကို တစ်နေရာထဲမှာ version အကုန်လုံးကို စုထားတာကို သဘောကျပါတယ်။ အလုပ်မလုပ်တဲ့ crack တွေဖြစ်နေရင်လဲ Forum မှာ Register လုပ်ပြီး ပြန်ပြောလို့ရပါတယ်။ Scripts, Movies, Music Albums, Linux ware တွေလဲ ရနိုင်ပါတယ်။ Request Section လဲရှိတဲ့အတွက် ကိုယ်လိုချင်တဲ့ Software ရဲ့ crack ကို request လုပ်လို့ရပါတယ်။ Crack တွေကို ဘယ် Hosting (Rapidshare,Mediafire,Megaupload..etc) နဲ့တင်ထား လဲဆိုတာကို သိရအောင် Icon လေးတွေခွဲပေးထားတာကလည်း ProjectW မှာ ပဲရှိတဲ့ Unique Feature ပါ။

- အားနည်းချက်များ
မတွေ့သေးပါ။

- ဒါတွေကို သတိပြုပါ။
ProjectW ကို မ၀င်ခင်မှာ Rules ကို အရင်ဖတ်ပါ။ သူတို့ရဲ့ Rules n Regulation နဲ့ ညှိရင် ၃ ခါမြောက် warnning ရောက်ရင် ban ပါတယ်။

ဒီ ၂ ခုနဲ့တင် Software Crack ရှာဖို့ လုံလောက်နေပါပြီ။ Download links တွေ ကတော့ RapidShare မှာပဲများတဲ့အတွက် Rapidshare Premium account ရှိရင်တော့ အဆင်ပြေပါတယ်။ Rapidshare account မရှိတဲ့ Bagan ISP User တွေအတွက် “Rapidshare ကို account မရှိပဲ download လုပ်လုပ်နည်းကို” ၀င်ဖတ်ကြည့်လိုက်ပါ။ Crack တိုင်းကို မသုံးခင်မှာ Scan အရင်လုပ်ပါ။

Software တစ်ခုကို တကယ်ကြိုက်တယ်၊ ကိုယ့်အတွက် အသုံးဝင်တဲ့အပြင် ကိုယ့်မှာ ၀ယ်နိုင်တဲ့ ငွေကြေး နဲ့ အခွင့်အရေးရှိရင် Software အစစ်ကိုပဲ ၀ယ်သုံးပါလို့ တိုက်တွန်းပါတယ်။ Programmers need to eat too!.

Author: Rapster88 Categories: Tips Tricks and Tweaks, Useful Websites Tags:

Easily Download n Convert Youtube videos..!!

November 28th, 2007

လွန်ခဲ့တဲ့ ရက်ပိုင်းအနည်းငယ်က YouTube ကို Ban ထားရင် ဘယ်လို Bypass ပြီးကြည့်လို့ရလဲ ဆိုတာကို ရေးခဲ့ပါတယ်။ ဒီတစ်ခါကတော့ ကိုယ်ကြိုက်တဲ့ YouTube က Video တွေကို ဘယ်လို Download လုပ်မလဲဆိုတဲ့ နည်းပါ။ YouTube က Video တွေကို Download လို့ရတဲ့ နည်းတွေ အများကြီးရှိပါတယ်။ အဲဒါတွေထဲ ဒီတစ်ခုက ပိုပြီး လွယ်လို့ပါ။

Media Converter ဆိုတဲ့ Web Service ပါ။ YouTube က Movie တွေကို Download လုပ်လို့ရတဲ့အပြင် .flv format ကနေ .avi ကိုပါ တစ်ခါတည်း on the fly convert လို့ရပါတယ်။ ဒီတော့ FLV Player or VLC Player တွေ ရှိစရာမလိုတော့ဘူးပေါ့။ Convert လုပ်တာကလဲ အရမ်းမြန်ပြီး Download link ကိုလဲ download manager တွေနဲ့ ဆွဲလို့ရပါတယ်။ အဲဒါတွေအားလုံးကို FREE ပေးပါတယ်။ လှူချင်တယ်ဆိုရင်တော့ ဒီ Service အတွက် Bandwidth Exceed ဖြစ်တာကို ကုန်ကျငွေ ကို PayPal ကနေ လှူလို့ရပါတယ်။ ကိုယ့်စက်ထဲမှာ ရှိပြီးသား Movie တွေကိုလဲ Upload တင်ပြီး Online Convert လုပ်လို့ရပါသေးတယ်။

၁။ “Convert a file directly from youtube.com” ကိုရွေးလိုက်ပါ။
၂။ Youtube link ထည့်လိုက်ပါ။ ဒါကို ဖတ်ပြီး IP နဲ့ဝင်ထားတယ်ဆိုရင်တော့ IP နေရာမှာ www.youtube.com လို့ ပြန်ထည့်ပေးလိုက်ပါ။
၃။ “Select a video file type” မှာ ကိုယ်ပြောင်းချင်တဲ့ Video format ကိုပြောင်းလိုက်ပါ။
၎။ “Set Additonal Options:” မှာတော့ ဘာမှ မပြောင်းပဲ next သွားလို့ရပါတယ်။
၅။ Convert လုပ်နေတာကို ထိုင်စောင့်ပြီး “Download it now” ပေါ်လာရင် Download ဆွဲလိုက်ရုံပါပဲ။

Visit Media Converter

Author: Rapster88 Categories: Useful Websites Tags: