Archive

Archive for the ‘Useful Websites’ Category

တကယ်မိုက်တဲ့ ဂေါ်ဒိုင် ဒေါ့ ကွန်း (Gawdi.com)

November 22nd, 2007

“ဟာ..သယ်ရင်း.. မင်းရဲ့ site က တယ်လန်းနေပါလား.. Design ပိုင်းလဲ လန်ထွက်နေတာပဲ..” လို့ လူငယ်တွေ ပြောတာကို နားမလည်ဘူးဆိုရင် ဂေါ်ဒိုင် ကိုသွားဖို့ လိုအပ်ပါတယ်။ ဂေါ်ဒိုင်ဆိုတာ မြန်မာ လူငယ်တွေ Web 2.0 ပုံစံ လုပ်ထားတဲ့ Site တစ်ခုပါ။ အခုခေတ် လူငယ် အချင်းချင်း သုံးနေတဲ့ ဗန်းစကားလို့ ခေါ်တဲ့ စကားလုံး စာစုတွေကို စုစည်းဖော်ပြထားပြီး ကိုယ်ကိုတိုင်လည်း စကားလုံး အသစ်တွေကို ထည့်သွင်းလို့ရပြီး ရှိပြီးသား ဗန်းစကားတွေကို Vote လုပ်ခွင့်နဲ့ အဓိပ္ပာယ် ထပ်မံ ဖွင့်ဆိုခွင့် (ဒါမှမဟုတ် ပြုပြင်ခွင့်) တွေပေး ထားတဲ့ website ပါ။

မြန်မာလို “၀င်းအင်းဝ” ဖောန့်ကို သုံးထားပြီး Search လုပ်လို့ရသလို မြန်မာလို မရိုက်တတ်ရင်လဲ Burglish လို Search ခွင့်နဲ့ Burglish လို ထည့်ထားတဲ့ ဗန်းစကားတွေကို မြန်မာလို ပြန်ပြောင်းဖို့ အကြံ ပေးလို့လဲရပါတယ်။ လက်ရှိ ဗန်းစကားတွေ အတော်များများကို စုံလင်အောင် ထည့်ထားပေးပါတယ်။ ဒါပေမယ့် သတိပေးချင်တာက တစ်ချို့သော ဗန်းစကားတွေက ယောင်္ကျားလေး အချင်း ချင်း သုံးတဲ့ စကားလုံးတွေ ဖြစ်တဲ့အတွက် အများအမြင်မှာ အတော်ကို ရိုင်းသလို ဖြစ်သွားနိုင်ပါတယ်။ မျက်စိရှက်တတ်တဲ့သူတွေ သတိထားပြီး ၀င်သင့်ပါတယ်။

ဂေါ်ဒိုင်ရဲ့ ရည်ရွယ်ချက်က တစ်ချိန်ချိန်မှာ ပျောက်ဆုံးသွားမယ့် ဗန်းစကားတွေကို မပျောက်အောင်လို့ တစ်နေရာမှာ စုစည်းထားပေးတဲ့သဘောပါ။

Author: Rapster88 Categories: Useful Websites Tags:

PkBlogs.com back into action!

November 15th, 2007

Pkblogs.com ဆိုတာ Blogs တွေကို ဘန်းထားတဲ့ တိုင်းပြည်တွေမှာ Blog တွေကို ကြည့်လိုရအောင် လုပ်ထားတဲ့ Tunnel Service ပါ။ Kproxy လိုမျိုးပါ။ ဒါပေမယ့် Blogspot သီးသန့်ပါပဲ။ ဟိုတစ်လောက ဒီမှာ Blogspot ကို ဘန်းလိုက်တုံးက ဒီ Service ကို ၀င်ပြီး စမ်းကြည့်ခဲ့တုန်းက အလုပ်မလုပ်ပဲ ရပ်နေပါတယ်။ အခုတော့ ကောင်းသွားပါပြီ။ သုံးရတာ မြန်ပြီး လွယ်ပါတယ်။ PKBlogs.com ထဲကို ၀င်ပြီး box ထဲမှာ blog id ကို ရိုက်ထည့်ပေးလိုက်ရုံပါပဲ။ ဒါမှမဟုတ်လဲ “http://www.pkblogs.com/yourblogidhere” လို့ browser addressbar ကနေ တိုက်ရိုက် လှမ်းခေါ် ပြီး သုံးလို့ရပါတယ်။

Author: Rapster88 Categories: Proxy, Useful Websites Tags:

Free PDF Converter Both Online/Offline

November 12th, 2007

များသေားအားဖြင့် ဒီမှာသုံးကြတာက Adobe ထုတ်တဲ့ Adobe Acrobat Reader ပါ။ Acrobat Reader က Free Version ဆိုရင် PDF တွေကို ဖွင့်လို့ပဲရပြီး Convert လုပ်ချင်ရင်တော့ Pro Version ကို ၀ယ်ရပါတယ်။ ဒါပေမယ့် PrimoOnline ဆိုတဲ့ Website မှာ File Types တော်တော်များများ (အပြည့်အစုံကို ဒီမှာကြည့်ပါ) ကို PDF ဖြစ်အောင် FREE ပြောင်းပေးတဲ့ Online Service ရှိပါတယ်။ PDF ပြောင်းဖို့ကို Step ၃ ခုပဲ လုပ်ရပါတယ်။ Step တွေက ထွေထွေ ထူးထူးမဟုတ်ပါဘူး။ Mail Address ထည့်ပေးရတယ် နောက်ပြီး ပြောင်းချင်တဲ့ File ကို တင်ပေးလိုက်ရင် PDF ပြောင်းပြီးတာနဲ့ Mail box ထဲကို အကြောင်းကြားစာနဲ့ ပြောင်းထားတဲ့ PDF ကို Attach လုပ်ပြီးပို့လိုက်ပါတယ်။ ဒါ့အပြင် PrimoOnline PDF Converter ကို Windows Application လဲရှိပါတယ်။ ဒီမှာ Download လို့ရပါတယ်။

မှတ်ချက်။ Microsoft Office 2007 သုံးတဲ့သူတွေ သတိထားရမှာက Word Document အသစ်ဖြစ်တဲ့ .docx ကို PDF ပြောင်းလို့မရသေးပါဘူး။ ဒီအတွက် Save လုပ်တဲ့နေရမှာမှာ “Save As > Word 97/2003″ Format နဲ့ Save ပေးပြီးမှ PDF ပြောင်းလို့ရပါမယ်။

Source: Raymond.CC Blog

နောက်ထပ် အသုံးဝင်တဲ့ Free Converter တွေနဲ့ Tools အနည်းငယ် ရေးဖို့ စီစဉ်ထားပါတယ်။ စောင့်မျှော် အားပေးပါဦးလို့ :)