Rapidshare account ရှိရင် တော်တော် အဆင်ပြေပါတယ်။ လိုချင်သမျှ software, music, video, ebook အကုန်လုံးနီးပါးကို Rapidshare ကနေ download ဆွဲလို့ရတယ်။ ပေးရတာနဲ့ တန်အောင် သုံးလို့ရတဲ့ service ပါ။ အဲဒီ rapidshare premium account ကို ရန်ကုန်မှာ ၀ယ်ချင်လား ?
Read more…
ည ၁၁ နာရီမှ မနက် ၃ နာရီအထိ အမိန့်အား ရပ်စဲ၍ ယခင်အတိုင်း ညဖက် ပြန်ထွက်ခွင့်ပေးလိုက်ပြီဖြစ်သည်။
မနက်က ၈ နာရီ နိုးတော့ အိမ်ရှေ့မှာ ရေတွေကျသွားပြီ။ မိုးလဲတိတ်သွားပြီ။ Bus တွေတော့ပြန်ထွက်နေတယ်။ နေရာတိုင်းမှာ တွေ့ နေရတာကတော့ အမှိုက်တွေပဲ။ လမ်းတွေလဲ တော်တော်ကို ပျက်သွားတယ်။ လူတွေကတော့ ထုံးစံအတိုင်းပါပဲ ကိုယ့်အလုပ်ကို လုပ်နေကြတယ်။ ဆိုင်ဖွင့်တဲ့လူတွေတော့ အလုပ်များနေတယ်။ ကမ္ဘာအေး ဘုရားလမ်း Micasa ရှေ့မှာတော့ ရေတက်နေသေးတယ်။ ပြည်လမ်း AD မီးပွိုင့်နားမှာ မနေ့က သစ်ပင်ကြီး ကျိုးပြီး လာနေတဲ့ Taxi ပေါ်ကိုကျလို့ လူသေတယ်လဲကြားတယ်။ တက္ကသိုလ်ရိပ်သာ လမ်းပေါ်က အမေရိကန်သံရုံး အသစ်စက်စက်ကြီးရဲ့ရှေ့ က အပင်ကြီးကတော့ အမြစ်ကနေ ပေါ်ပြီး လမ်းမပေါ်ကိုလဲသွားပြီ။ ရှင်းပေဦးတော့….။ ရုံးကလူတွေ တော့ ရောက်လာကြပြီ။ အတွေ့အကြုံကိုယ်စီ ရှင်းပြနေကြလေရဲ့။ အဲ..တိမ်တွေတော့ကျန်သေးတယ်။ ရွာဦးမယ်ထင်တယ်။ အိမ်မှာမီးလဲ မလာ သေးဘူး။
အချိန် ည ၁၀း၁၈ မိနစ်ရှိပြီ မနေ့ကတည်းက ရွာတဲ့မိုး အခုအထိ မရပ်သေးဘူး။ နေ့လည်က ခဏပဲ စဲသွားပြီး ဆက်တိုက်ကိုရွာနေလို့ မြို့ထဲမှာလဲ ရေကြီးနေပြီ။ ညနေက ၆ နာရီလောက် အလုပ်ကပြန်တော့ လှည်းတန်း မှာ ရေမတက် ပေမယ့် ကားတွေ ပိတ်နေတယ်။ Bus car တွေလဲ ထပ်မထွက်တော့ မှတ်တိုင်မှာ လူတွေ အုံနေတာပဲ နောက်ဆုံး Taxi ငှားတာတောင် ၁ နာရီလောက် ကြာတယ်။ အကုန်လုံးက ပြန်တော့မယ် အဲဒီဖက်ဆိုရင် မလိုက်တော့ဘူးပဲလုပ်နေကြတာ။ ဗိုလ်ချုပ်ရွာထဲမှာလဲ မနက်ကတည်းက ရေမြုပ်သွားပြီ တောင်ဥက္ကလာ၊ ဇ၀န၊ ကမ္ဘာအေး ဘုရားလမ်း တွေလဲ ရေမြုပ်သွားတယ်ကြားတယ်။ ရွှေဂုံတိုင်မှာ Bus car မလာတော့လို့ လူတွေ လှမ်းလျှောက်ပြန်ကြတယ်။ ပါရမီ ၁၇၄ ပေါ်ကိုလဲ အတင်းလုတက် နေတာလဲ တာမွေ အ၀ိုင်းထိပ် မှာတွေ့ရတယ်။ အိမ်ပြန်ရောက်တော့ ၇ နာရီ ကျော်ပြီ။ မီးမလာလို့ EPC ကို ဖုန်းဆက်မေးတော့ ရေမကျသေးလို့ မီးဖျက်ထားတာ..ရေကျတာနဲ့ မီးချက်ချင်းပြန်ပေးမယ် လို့လဲပြောတယ်။ မနက်ဖြန်ဘယ်လို ရုံးတက်ရမလဲ??